ပူတင္နဲ႔ ေတြ႕ခြင့္မရတဲ့ စစ္ေခါင္းေဆာင္ ဂိမ္းသြားေဆာ့

ဇူလိုင္ ၁၆၊The Nation Voice

႐ုရွားသမၼတ ပူတင္ကို သြားေတြ႕တဲ့ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ဟာ ပူတင္ကအေတြ႕မခံခဲ့တဲ့အတြက္ တာတာစတန္၊ကာဇန္ၿမိဳ႕ရွိ ရဟတ္ယာဥ္ထုတ္လုပ္တဲ့ စက္႐ုံကိုသြားၿပီး ဂိမ္းကစားသလို ေမာင္းႏွင္ရတဲ့ ရဟတ္ယာဥ္ကို သြားေရာက္ေမာင္းႏွင္ခဲ့တယ္လို႔ သူတို႔ရဲ႕ ဝါဒျဖန႔္မီဒီယာေတြကေျပာပါတယ္။

စစ္ေခါင္းေဆာင္သြားေရာက္ခဲ့တဲ့ စက္႐ုံဟာ PJSC “Kazan Helicopters” အမည္ရွိၿပီး ၁၉၄၀ ျပည့္ႏွစ္မွစတင္တည္ေထာင္ကာ ရဟတ္ယာဥ္ေပါင္း ၁၂၀၀၀ ေက်ာ္ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီးျဖစ္ရာ စစ္ေခါင္းေဆာင္က ဇူလိုင္လ (၁၃) ရက္က သြား ေရာက္ၿပီး ရဟတ္ယာဥ္စမ္းသပ္ေမာင္းႏွင္ခဲ့တာျဖစ္ပါတယ္။

PJSC “Kazan Helicopters”ထုတ္လုပ္ေရးအလုပ္ ႐ုံဟာ Rostec Cooperation မွပိုင္ဆိုင္တဲ့ Russian Helicopters ကုမၸဏီရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ကာ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နဲ႔ Ansat အမ်ိဳးအစား ရဟတ္ယာဥ္ေပါင္း (၁၂,၀၀၀) ေက်ာ္ ထုတ္လုပ္ခဲ့ၿပီး ႏိုင္ငံေပါင္း (၁၀၀) ကိုတင္ပို႔ ေရာင္းခ်လ်က္ရွိပါတယ္။

စစ္ေခါင္းေဆာင္ဟာ ႐ုရွသမၼတကိုေတြ႕ခြင့္ရဖို႔အတြက္ ႀကိဳးစားခဲ့ေပမယ့္ ေတြ႕ဆုံခြင့္မရခဲ့ဘဲ အျမင့္ဆုံး ၫႊန္ၾကားေရးမႉးခ်ဳပ္အဆင့္ေလာက္နဲ႔သာ ေတြ႕ဆုံခြင့္ရခဲ့ၿပီး ႐ုရွားလက္ေအာက္ခံ တာတာစတန္ႏိုင္ငံကို သြားေရာက္ခဲ့ရတာလည္းျဖစ္ပါတယ္။

ပူတင်နဲ့ တွေ့ခွင့်မရတဲ့ စစ်ခေါင်းဆောင် ဂိမ်းသွားဆော့

ဇူလိုင် ၁၆၊The Nation Voice

ရုရှားသမ္မတ ပူတင်ကို သွားတွေ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပူတင်ကအတွေ့မခံခဲ့တဲ့အတွက် တာတာစတန်၊ကာဇန်မြို့ရှိ ရဟတ်ယာဉ်ထုတ်လုပ်တဲ့ စက်ရုံကိုသွားပြီး ဂိမ်းကစားသလို မောင်းနှင်ရတဲ့ ရဟတ်ယာဉ်ကို သွားရောက်မောင်းနှင်ခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကပြောပါတယ်။

စစ်ခေါင်းဆောင်သွားရောက်ခဲ့တဲ့ စက်ရုံဟာ PJSC “Kazan Helicopters” အမည်ရှိပြီး ၁၉၄၀ ပြည့်နှစ်မှစတင်တည်ထောင်ကာ ရဟတ်ယာဉ်ပေါင်း ၁၂၀၀၀ ကျော်ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ရာ စစ်ခေါင်းဆောင်က ဇူလိုင်လ (၁၃) ရက်က သွား ရောက်ပြီး ရဟတ်ယာဉ်စမ်းသပ်မောင်းနှင်ခဲ့တာဖြစ်ပါတယ်။

PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ် ရုံဟာ Rostec Cooperation မှပိုင်ဆိုင်တဲ့ Russian Helicopters ကုမ္ပဏီရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကာ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နဲ့ Ansat အမျိုးအစား ရဟတ်ယာဉ်ပေါင်း (၁၂,၀၀၀) ကျော် ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း (၁၀၀) ကိုတင်ပို့ ရောင်းချလျက်ရှိပါတယ်။

စစ်ခေါင်းဆောင်ဟာ ရုရှသမ္မတကိုတွေ့ခွင့်ရဖို့အတွက် ကြိုးစားခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့ဘဲ အမြင့်ဆုံး ညွှန်ကြားရေးမှူးချုပ်အဆင့်လောက်နဲ့သာ တွေ့ဆုံခွင့်ရခဲ့ပြီး ရုရှားလက်အောက်ခံ တာတာစတန်နိုင်ငံကို သွားရောက်ခဲ့ရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.