ဇူလိုင် ၂၇ ရက်နေ့ ၂၀၂၁ ကရင်ပြည်နယ် မြဝတီမြို့မှာသောင်ရင်းမြrစ်ရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ်မှုထပ်မံဖြစ်ပွားနေပြီး လူအများအပြားပိတ်မိနေပါတယ်

ဇူလိုင်၂၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က နေတက်လာလို့ ညအချိန် ပြောင်းရွှေ့မှုတွေလုပ်နေရပြီး၊ ပိတ်မိနေသူတချို့လလဲ ရှိကြောင်း မြဝတီကယ်ဆယ်ရေးအဖွဲ့ကပြောသည်

ရေကတစ်ဟုန်ထိုးထိုးတက်နေတာ၊အခုလက်ရှိချောင်းကမ်းနားကအိမ်ခြေ၁၀၀၀လောက်ရှိတဲ့ခွန်ဆာဝင်းတစ်ဝင်းလုံးမြုပ်နေပြီး၊နှစ်ထပ်အိမ်တွေရဲ့ အိမ်ပေါ်ထပ်ထိတောင်

ရေရောက်တယ်၊ရေကနေရာစုံကပတ်ပြီးဝင်နေတာ၊ကမ်းနဖူးနားကရပ်ကွက်တွေအကုန်ရေဝင်နေပြီး၊မြို့ထဲမှာတောင်ရေကဝင်တော့မယ်ဟုလူမှုကယ်ဆယ်ရေးအသင်း ကိုမောင်ငယ်ကပြောပါတယ်

ဒီလိုပုံစံဆိုရင် ရေက ဆက်တက်ဖို့အခြေအနေရှိပြီး၊ အခြေအနေအရမ်းဆိုးသွားနိင်ပါတယ်။ ပိတ်မိနေတဲ့အိမ်တွေအများကြီးရှိနေပါတယ်။ လူကယ်တဲ့စက်လှေက ၂ စီးပဲရှိတာကြောင့် အခက်အခဲရှိကြောင်း ကိုမောင်ငယ်က ဆက်ပြောပါတယ်

အမှတ် ၁၊၂၊၅ ရပ်ကွက်တွေမှာ ရေအတက်ကြမ်းနေတာဖြစ်ပြီး မြို့ပေါ်ကယ်ဆယ်ရေးအင်အား ၁၀၀ ကျော်ခန့်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်

လက်ရှိသောင်ရင်မြစ်ရေဟာစိုးရိမ်ရေအမှတ်ထက်၁ပေကျော်လွန်ရောက်ရှိနေကာလက်ရှိည၁၀နာရီဝန်းကျင်အချိန်ထိဆက်လက်မြင့်တက်နေပါတယ်

ရေးကူးထွက်ပြေးသူတွေရှိနေသလို တချို့ကကိုယ့်နည်းကိုယ်ဟန်နဲ့ ညတွင်းကြီး ထွက်ပြေးနေကြရပါတယ်။ အသက်ကြီးပိုင်းနဲ့

ခလေးတွေတချို့ ပိတ်မိနေတာတွေရှိကြောင်း သိရပါတယ်

Crd- ကိုချစ် ဇွဲကပင်မြေ, he Voice Of Thanbyuzayat

Leave a Reply

Your email address will not be published. Required fields are marked *