သို့သော် စစ်ဗိုလ်ချုပ်များ ဖက်မှ အောင်ပွဲခံလိမ့်မည်ဟု လောင်းကြေးထပ်နေဆဲ ဖြစ်သည်။ အဆိုပါ အကြောင်း ကို အီကော်နော်မစ် မဂ္ဂဇင်း တွင်  China is not happy about Myanmar coup  ခေါင်းစဉ်ဖြင့် ယခုလို ရေးသား ထားသည်

တင့်ကားများ နေပြည်တော်သို့ အလုံးအရင်းနှင့် စတင်ဝင်ရောက်လာချိန်ကစပြီး တရုတ်တို့ဖက်မှ မည်သို့ မည်ပုံ တုန့်ပြန်လာမည် ဆိုသည်အပေါ် ဆိုရှယ် မီဒီယာများတွင် ထင်ကြေး အမျိုးမျိုး ပေးလာကြသည်  ထိုသို့ ထင် ကြေးများ ပေးလာရခြင်းသည်ကလည်း တရုတ်သည်သာ မြန်မာ စစ်ဗိုလ်ချုပ်များ အပေါ် ဩဇာညောင်းသည့် တခုတည်းသော နိုင်ငံ ဖြစ်နေ၍ စေ့စပ်ရေး စားပွဲဝိုင်းသို့ ရောက်အောင် ခေါ်ဆောင် နိုင်စွမ်း ရှိမည်ဟု ယုံကြည် နေကြသောကြောင့် ဖြစ်သည်

ဇွန်လ ထဲတွင် ရန်ကုန်ရှိ တရုတ် သံရုံးမှ မင်းအောင်လှိုင်ကို မြန်မာ ခေါင်းဆောင်  အဖြစ် စတင် ခေါ်ဝေါ် သုံးနှုန်းလိုက်သည့် အချိန်မှစပြီး အဆိုပါ ထင်ကြေး ပေးမှုများ နိဂုံးချုပ်သွားခဲ့ရသည်။ နောက်တနေ့မှာပင် တရုတ်မှ မြန်မာ ကိုယ်စားလှယ် အပါအဝင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ခေါ်ယူ ကျင်းပလာခဲ့သည်

မြန်မာ စစ်ခေါင်းဆောင်များ က အာဏာသိမ်းမှုနှင့် အတူ အချိန်ကို ၂၀၁၀ အထိ နောက်ပြန်လှည့်ရန် ပြန်လည် ပြင်ဆင်လာသည်နှင့် အမျှ တရုတ်ဖက်ကလည်း ၎င်းတို့၏ ပြက္ခဒိန် အတိုင်း ပြန်လည် ထိန်းညှိရန် ကြိုးစား လာခဲ့ပုံ ရသည်

၎င်းတို့ အချင်းချင်းသည် အာဏာရှင် စနစ်ဖြင့် တိုင်းပြည်ကို ထိန်းချုပ်ရာတွင် တူညီနေကြပြန်သဖြင့် နားလည်မှု တခု ရဖို့က သေချာသလောက်ဖြစ်နေသည်။သို့သော်စစ်ဗိုလ်ချုပ်များအကြားတွင်တော့တရုတ်ကြောက်ရောဂါကြောင့်ကာလကြာမြင့်စွာကပင် သံသယ များ ဖုံးလွှမ်းနေပြီး ဖြစ်သည်ဟု ဝါရှင်တန် အခြေစိုက် တွေး ခေါ်မျှော်မြင်ရေး အဖွဲ့ကြီး တခု ဖြစ်သည့် Stimson Center မှ ယွန်ဆန်း က ဆိုသည်

ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး ကာလများ အတွင်း အနောက်နိုင်ငံများ ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုများကြောင့် တိုင်းပြည်စီးပွားရေးသည်လည်မြိုညှစ်ခံထားရသလိုဖြစ်နေခဲ့ရာမှတရုတ်ဖက်မှကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံလာမှုကြောင့် အသက်ဆက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ကာလကြာမြင့်စွာ တရုတ် အပေါ် အလွန်အမင်း မှီခိုလာနေရမှု ကိုစစ်ဗိုလ်ချုပ်ကြီးများကစိတ်မသက်မသာဖြစ်လာခဲ့ကြပြန်သည်ထို့အတွက်အနောက်နိုင်ငံများနှင့ဆက်ဆံရေးပြန်လည်ကောင်းမွန်ရန် တည်ဆောက်မှ ဖြစ်မည်ဆိုသော ရည်ရွယ်ချက်ဖြင့် စီးပွားရေးကို လွတ်လပ်ခွင့် ပေးပြီး တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ ဆွဲတင်လာခဲ့သည်

တရုတ်ဖက်မှ ၂၀၁၆ နောက်ပိုင်း တိုင်းပြည်၏ ခေါင်းဆောင်ပိုင်း နေရာကို ယူလာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် မိတ်ဆွေ ဖွဲ့လာခဲ့သည်။ သူမကလည်း အာဏာသိမ်း မခံရမီအထိ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်သည့် စီမံကိန်းများကို တရုတ် နှင့် စာချုပ်များ ချုပ်ဆိုခဲ့သည်  မစ္စက် ဆွန်ယန်က ထို့အတွက်ကြောင့်လည်း ဒေါ်အောင် ဆန်းစုကြည် အစိုးရ အဖွဲ့ ဆက်လက် တည်မြဲရေးကို ပို၍ လိုလားမှု ရှိနေသည်ဟု ပြောခဲ့သည်

သူမသည် လူထု၏ သဘောကျ နှစ်ခြိုက်မှုကို အကြီးအကျယ် ရရှိထားသဖြင့် နိုင်ငံတွင်း တရုတ် ဆန့်ကျင်ရေး သဘော ထားများအပေါ် ပြေရာပြေကြောင်း ဖြစ်အောင် အာမခံချက် ပေးနိုင်စွမ်း ရှိသည့် ပုဂ္ဂိုလ်လည်း ဖြစ်နေသည်

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ် ဘဝ ပြန်ရောက်နေပြီး ပြည်တွင်း ကသောင်းကနင်းများ ဖြစ်နေမှုသည် နယ်ခြားကို ဖြတ်ကျော် ကူးစက်လာမည့် အရေးအတွက် တရုတ်က ရတက်မအေး ဖြစ်လာနေ သည်ဟု အမေရိကန် အစိုးရ၏ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ တခု ဖြစ်သည့် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆန် တာဝါ က ဆိုသည်

ရာဇဝတ် ဂိုဏ်းများကလည်း ထိုင်း-မြန်မာ နယ်စပ်ရှိ ဥပဒေ လက်လှမ်း မမှီရာ ဒေသများတွင် ပို၍ လှုပ်ရှား လာနေသည် တရုတ်ဖက်မှ နယ်ခြားကို ပိတ်ထားသော်လည်း အကြမ်းဖက်မှုများ ကြောင့် ထွက်ပြေးတိမ်း ရှောင်လာသော ဒုက္ခသည်များမှာ စိမ့်ဝင်လာလျှက် ရှိနေသည်  အချို့သည် ကိုဗစ်-၁၉ ရောဂါပိုးများပါ တပါ တည်း သယ်ဆောင်လာခဲ့ကြသည်။ တရုတ်ဖက်က စစ်ဆေး တွေ့ရှိခဲ့သဖြင့် ဇူလိုင် ၇ ရက်နေ့တွင် ၎င်းတို့၏ နယ်ခြား မြို့ကို လော့‌ဒေါင်း ချပြစ်ခဲ့သည်

မြန်မာ နှင့် နယ်နမိတ် ထိစပ်နေသော ဆင်းရဲနွမ်းပါးသည့် ယူနန် ပြည်နယ်သည် နယ်ခြား တဖက်တွင် တည်ငြိမ်မှု ရှိရေးကို အမှီသဟဲ ပြုနေရသည်။ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများကလည်း အရှေ့တောင်အာရှတွင် ခြေချနိုင်ရေး အတွက် တံခါးပေါက်သဖွယ် ဖြစ်လာနေသော မြန်မာသို့ စုပြုံတိုးဝှေ့လာနေကြသည်  မြန်မာ ပြည်ကို ဖြတ်၍ ဆက်သွယ် ဖေါက်လုပ်ထားသော ရေနံ ပိုက်လိုင်းမှ တဆင့် ရေနံချက် စက်ရုံ များကို သယ်ပို့ နိုင်ခဲ့ခြင်းကြောင့် ပြည်နယ် တခုလုံး GDP ၏ ၈% ခန့် ရရှိနေသည်။ တရုတ်ကလည်း အမေရိကန် စစ်သင်္ဘောများ ခြေချင်း လိမ်နေသော မလက္ကာ ရေလက်ကြားကို ကွေ့ကွင်း သွားနိုင်သည့် ကုန်သွယ် လမ်းကြောင်း တခုအဖြစ် မြန်မာ အပေါ် မျှော်လင့်ချက်များ ထားလာခဲ့သည်။

ရေနံပိုက်လိုင်း များ စတင်ရာ ဒေသတွင် ရေနက် ဆိပ်ကမ်း တခု တည်ဆောက်နိုင်ရန် ငွေလုံးငွေရင်း စိုက်ထုတ် လာကြသည်။ ပြီးစီးသွားပါက ရေနံ နှင့် သဘာဝဓါတ်ငွေ့များကို ဘင်္ဂလား ပင်လယ်အော်မှ တဆင့် တင်သွင်း နိုင်တော့မည် ဖြစ်သည်

ထို့အတွက်ကြောင့်လည်း မြန်မာ စစ်တပ်မှ ပြည်တွင်း တွင် တည်ငြိမ်မှု ရအောင် လုပ်ပေးမည် ဆိုသည့် ကတိ အပေါ် ယုံစားလျှက် ရှိနေသည်။ လက်တွေ့တွင် ယခင်က တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ကြသည့် လက်နက်ကိုင် အဖွဲ့များက လက်နက်များ ပြန်လည် ကိုင်ဆောင်လာကြပြီ ဖြစ်သည်။ တရုတ်အစိုးရ၏ စိတ်တော်သိ ဗောင်း တော်ညိမ့် သဖွယ် ရပ်တည်နေသော မြန်မာ စစ်တပ်က ၎င်းတို့သည်သာ အစဉ်အဆက် တိုင်းပြည်ကို ပြိုကွဲ မသွားအောင် ကာကွယ်ပေးနိုင်စွမ်း ရှိသူများ အဖြစ် ဆင်ခြေပေးလာခဲ့သည်

တရုတ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်များ နှင့် လွှတ်တော် အမတ်များ ဒွေးရောယှက်တင် စုပေါင်း ထားသည့် အတိုက်အခံ ဆိုသူများက စနစ်တကျ ဖြင့် ကောင်းစွာ ဖွဲ့စည်းထားသည့် စစ်တပ်ကို ယှဉ်နိုင်ပါ့မလားဟု သံသယ ဝင်လျှက်ရှိ နေသည်။ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ စကားကို ယုံကြည်မှု ရှိလာစေရန် တရုတ်တို့၏ အခြေခံ အဆောက် အအုံ ပိုင်းဆိုင်ရာ စီမံကိန်းများ ကို အမြန် စတင် နိုင်ရန် တက်သုတ် ရိုက်လာသည်  ထို့ကြောင့် ဆေးရုံများတွင် မနိုင်မနင်း ဖြစ်လာသည်အထိ ကိုဗစ် ကူးစက်မှု တိုးပွားလာနေသော်လည်း တိုင်းပြည် သည် ပုံမှန် လည်ပတ် နိုင်ကြောင်းကို မင်းအောင်လှိုင်က ပြလိုစိတ်စောနေ၍ ကျောင်းနှင့် ရုံးများ မပိတ်ရ ဟု လျို့ဝှက် ညွှန်ကြားထား ခြင်း ဖြစ်ပေမည်

တဖက်တွင်လည်း တရုတ်သည် မြန်မာ စစ်တပ်ကို လူသိရှင်ကြား ထောက်ခံပေးခြင်းဖြင့် ၎င်းတို့ အကျိုးစီးပွား များ အန္တရာယ် ကျရောက်အောင် နှိုး ဆွပေးသလို ဖြစ်လာပြန်သည်  တရုတ်သည် မြန်မာစစ်တပ်၏ အာဏာ သိမ်း လုပ်ရပ်အား ရှုတ်ချရန် ငြင်းဆန်နေခြင်းမှာ စိတ်ထဲက ထောက်ခံအားပေးနေခြင်းသာ ဖြစ်သည်ဟု မြန်မာ လူထု က ယူဆလာကြသည်။ မတ်လ အတွင်း တရုတ် နှင့် ဆက်နွယ်နေသော စက်ရုံ ၃၂ ရုံ မီးရှို့ခံလိုက်ရသည်။ မေလ အတွင်း တရုတ် ရေနံ ပိုက်လိုင်း ကို စောင့်ကြပ်နေသော လုံခြုံရေး တပ်ဖွဲ့ဝင် သုံးဦး အသတ်ခံခဲ့ရသည်

ထိုသို့ တိုက်ခိုက်ခံရမှုများ အရှိန်မြင့်လာမည်ကို တရုတ်ဖက်က စိုးရိမ်မကင်း ဖြစ်လာနေသည်  ထိုသို့ ဖေါက်ခွဲ ဖျက်ဆီးပစ်လိုစိတ် ရှိနေသော ဒေါသထွက်နေသူများ အား ပြေရာပြေကြောင်း ဖြစ်အောင် စစ်တပ်ကို ကျော်၍ ဘာတခုမျှ လုပ်ပေးခဲ့ခြင်း မရှိသေးပေ  တရုတ် အရာရှိများသည် မြန်မာ ပြည်သူတို့၏ တရားဝင် အစိုးရ အဖြစ် သတ်မှတ်ထားသော NUG အစိုးရနှင့် ဆက်သွယ်မှု ဆို၍ မဆိုသလောက်သာ ရှိနေပေသေးသည်

တရုတ် မီဒီယာများကလည်း မြန်မာတို့ကို ဟောင်ကောင်ရှိ တက်ကြွလှုပ်ရှားသူများက မြှောက်ပင့် ပေးနေ ကြောင်း ရန်များအောင် ရေးသား ပြောဆို လာကြပြန်သည်  အချိန်တန်လျှင် ထိုသို့ ဆန့်ကျင် ခုခံနေသူများ တဖြေးဖြေး နှင့် မီးဇာကုန် ရေခမ်း သွားလိမ့်မည်ဟု တရုတ်တို့ယူဆနေကြောင်း မစ္စတာ တာဝါ က ဆိုသည်။ သို့သော် ထိုသို့သော အလောင်းအစားမျိုး မလုပ်မိအောင် လက်ရှောင်နေခြင်းသည်သာ အကောင်းဆုံး ဖြစ် ပေမည်

အရေးတော်ပုံ အောင်ရမည်!!!
Illustration Credit – The Economist

Leave a Reply

Your email address will not be published.