
ဇူလိုင် ၁၃၊ ၂၀၂၂




Kaung For You ကျောင်းက ဆရာမတစ်ဦးစာသင်နေတုန်းအဖမ်းခံရ

ဇူလိုင် ၁၃၊ ၂၀၂၂

Kaung For You ကျောင်းအုပ်ကြီး ဆရာကောင်းအဖမ်းခံရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး ဒီနေ့(ဇူလိုင် ၁၃ ရက်၊ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ကလောမြို့မှာနေထိုင်တဲ့ Kaung For You ကျောင်းက ဆရာမတစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက Burma VJ ကိုပြောပါ တယ်။

“ မနက်ကတင် သမီးတို့ စကားပြောနေသေးတယ်။ သူတို့ကျောင်းက ကျောင်းအုပ် အဖမ်းခံရတော့ ကျောင်းက ဆက်ရှိမှာလားလို့မေးနေတာ။ အဲဒါသူက ဆက်ရှိမှာလို့ပြောနေတာ။ ၁၂ နာရီလောက်မှာ စာသင်နေတုန်းအရပ်ဝတ်တွေနဲ့ ဧည့်စာရင်းစစ်မယ်ဆိုပြီးသူ့အိမ်မှာလာဖမ်းသွားတယ်” လို့ ဒေသခံက ပြောတာပါ။

ဒီနေ့မနက်စောစောပိုင်းက Kaung For You ကျောင်းအုပ်ဆရာကောင်းအဖမ်းခံရတယ်လို့ သတင်း ထွက်ပေါ်ခဲ့ပြီးနောက်မှာ အဖမ်းခံရတာလို့လည်း သိရပါတယ်။ Kaung For You ကျောင်းကတော့ ကျောင်းအုပ်အဖမ်းခံရတဲ့ ကိစ္စကို အတည်မပြုနိုင်သေးဘူးလို့ ရေးသားထားပါတယ်။


ဇူလိုင် ၁၃၊ ၂၀၂၂




Leave a Reply

Your email address will not be published.