မင္းေအာင္လႈိင္သြားေရာက္ ေတြ႕ဆုံေနသည့္ တာတာစတန္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေခါင္းေဆာင္ Rustam Minnikhanov ကို “သမၼတ” ဟု ေခၚေဝၚ သုံးစြဲျခင္း မျပဳရန္ ႐ုရွားသမၼတ ပူတင္က ဥပေဒျပ႒ာန္း ပိတ္ပင္

ရန္ကုန္၊ ဇူလိုင္ ၁၃

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ သြားေရာက္ ေတြ႕ဆုံေနသည့္ ႐ုရွားလက္ေအာက္ခံ တာတာစတန္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေခါင္းေဆာင္ Rustam Minnikhanov ကို “သမၼတ” ဟု ေခၚေဝၚ သုံးစြဲျခင္း မျပဳရန္ ႐ုရွားသမၼတ ပူတင္က ဥပေဒျပ႒ာန္း ပိတ္ပင္လိုက္ေၾကာင္း သိရွိရသည္။

တာတာစတန္ေခါင္းေဆာင္ကို သမၼတ ဟု ေခၚဆိုျခင္း မျပဳရန္ ယခုႏွစ္ ဇြန္လတြင္ ႐ုရွားသမၼတ ပူတင္က ဥပေဒျပ႒ာန္းလိုက္ျခင္းျဖစ္သည္။ဇူလိုင္လ ၁၂ ရက္ေန႔တြင္ ႐ုရွားသမၼတ ပူတင္က တာတာစတန္ ကိုယ္ပိုင္ခ်ဳပ္ခြင့္ရေဒသမွ ေခါင္းေဆာင္ Rustam Minnikhanov ကို “သမၼတ” ဟူေသာ အသုံးအႏႈန္း အစား “ေဒသအႀကီးအကဲ” ဟူ၍ ေျပာင္းလဲ ေခၚေဝၚ သုံးစြဲေၾကာင္း သိရွိရသည္။

၂၀၂၁ ခုႏွစ္တြင္ ႐ုရွားသမၼတ ပူတင္က ႐ုရွားလက္ေအာက္ခံ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားမွ အႀကီးအကဲမ်ားအားလုံးကို “သမၼတ” ဆိုေသာ အသုံးအႏႈန္း အသုံးျပဳခြင့္ ပိတ္ပင္ေသာ ဥပေဒကို လက္မွတ္ေရးထိုးအတည္ျပဳခဲ့သည္။

ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲၿပီး ၁၉၉၁ ခုႏွစ္မွစတင္၍ တာတာစတန္၏ ေခါင္းေဆာင္ကို သမၼတ အျဖစ္ ေခၚေဝၚ အသုံးျပဳခြင့္ ရရွိခဲ့ေသာ္လည္း ယခုႏွစ္ ဇြန္လတြင္ ႐ုရွားလႊတ္ေတာ္က ျပ႒ာန္းၿပီး

႐ုရွားသမၼတ ပူတင္က အတည္ျပဳ လက္မွတ္ေရးထိုး လိုက္ေသာ ဥပေဒအရ Rustam Minnikhanov အေနျဖင့္ သမၼတ ဟူေသာ အေခၚအေဝၚကို သုံးစြဲမရေတာ့ဘဲ ေဒသအႀကီးအကဲ ဟုသာ ေခၚေဝၚ သုံးစြဲရၿပီျဖစ္သည္။

လက္ရွိတြင္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္သည္ တာတာစတန္သို႔ ေရာက္ရွိေနၿပီး တာတာစတန္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ေခါင္းေဆာင္ Rustam Minnikhanov ႏွင့္ေတြ႕ဆုံလ်က္ရွိေၾကာင္း သိရွိရသည္။

မင်းအောင်လှိုင်သွားရောက် တွေ့ဆုံနေသည့် တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင် Rustam Minnikhanov ကို “သမ္မတ” ဟု ခေါ်ဝေါ် သုံးစွဲခြင်း မပြုရန် ရုရှားသမ္မတ ပူတင်က ဥပဒေပြဋ္ဌာန်း ပိတ်ပင်

ရန်ကုန်၊ ဇူလိုင် ၁၃

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက် တွေ့ဆုံနေသည့် ရုရှားလက်အောက်ခံ တာတာစတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင် Rustam Minnikhanov ကို “သမ္မတ” ဟု ခေါ်ဝေါ် သုံးစွဲခြင်း မပြုရန် ရုရှားသမ္မတ ပူတင်က ဥပဒေပြဋ္ဌာန်း ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

တာတာစတန်ခေါင်းဆောင်ကို သမ္မတ ဟု ခေါ်ဆိုခြင်း မပြုရန် ယခုနှစ် ဇွန်လတွင် ရုရှားသမ္မတ ပူတင်က ဥပဒေပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်က တာတာစတန် ကိုယ်ပိုင်ချုပ်ခွင့်ရဒေသမှ ခေါင်းဆောင် Rustam Minnikhanov ကို “သမ္မတ” ဟူသော အသုံးအနှုန်း အစား “ဒေသအကြီးအကဲ” ဟူ၍ ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်တွင် ရုရှားသမ္မတ ပူတင်က ရုရှားလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ အကြီးအကဲများအားလုံးကို “သမ္မတ” ဆိုသော အသုံးအနှုန်း အသုံးပြုခွင့် ပိတ်ပင်သော ဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး ၁၉၉၁ ခုနှစ်မှစတင်၍ တာတာစတန်၏ ခေါင်းဆောင်ကို သမ္မတ အဖြစ် ခေါ်ဝေါ် အသုံးပြုခွင့် ရရှိခဲ့သော်လည်း ယခုနှစ် ဇွန်လတွင် ရုရှားလွှတ်တော်က ပြဋ္ဌာန်းပြီး

ရုရှားသမ္မတ ပူတင်က အတည်ပြု လက်မှတ်ရေးထိုး လိုက်သော ဥပဒေအရ Rustam Minnikhanov အနေဖြင့် သမ္မတ ဟူသော အခေါ်အဝေါ်ကို သုံးစွဲမရတော့ဘဲ ဒေသအကြီးအကဲ ဟုသာ ခေါ်ဝေါ် သုံးစွဲရပြီဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တာတာစတန်သို့ ရောက်ရှိနေပြီး တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခေါင်းဆောင် Rustam Minnikhanov နှင့်တွေ့ဆုံလျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published.