မင္းေအာင္လႈိင္အစ္မ ဇင္ဇင္လႈိင္၏ ေ႐ႊႏွင္းဆီလမ္းရွိ ေနအိမ္ ဗုံးခြဲတိုက္ခိုက္ခံရၿပီး ကားမ်ား ပ်က္စီး

ရန္ကုန္၊ ဇူလိုင္ ၁၃

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ေ႐ႊႏွင္းဆီးလမ္းႏွင့္ ေ႐ႊႏွင္းဆီ ၇ လမ္းရွိ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ အစ္မ ျဖစ္သူ ဇင္ဇင္လႈိင္၏ေနအိမ္ကို ဇူလိုင္လ ၁၁ ရက္ေန႔ ည ၈ နာရီ ၁၀ မိနစ္ အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ျပေပ်ာက္ၾကား HTY-Battalionႏွင့္ မဟာမိတ္တို႔ က ဗုံးခြဲတိုက္ခိုက္ရာ ေနအိမ္ရွိ ကားမ်ား ပ်က္စီးသြားေၾကာင္း သိရွိရသည္။

ဇူလိုင္လ ၁၁ ရက္ေန႔ ည ၈ နာရီ ၁၀ မိနစ္ Federal Liberation Army (HTY-Battalion) ႏွင့္ Union of Myanmar Civil Defense-UMCD တို႔က မရမ္းကုန္းၿမိဳ႕နယ္၊

ေ႐ႊႏွင္းဆီလမ္းႏွင့္ ေ႐ႊႏွင္းဆီ ၇ လမ္း၊ၿခံအမွတ္ ၉၉ တြင္ ေနသူ မင္းေအာင္လႈိင္၏ အစ္မ ဇင္ဇင္လႈိင္ေနအိမ္ကို ဗုံးျဖင့္ ပစ္ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း ၊ ေနအိမ္အတြင္းမွ ကားမ်ား ပ်က္စီးသြားေၾကာင္း သိရွိရသည္။

“ဇူလိုင္ ၁၁ ရက္ေန႔ညက ေ႐ႊႏွင္းဆီလမ္းမွာ ဗုံးအရင္ေပါက္တာေတာ့ ဟုတ္တယ္။ ၿပီးေတာ့မွ ၉ မိုင္ အိုးရွင္းေရွ႕မွာ ေပါက္တာ ေ႐ႊႏွင္းဆီလမ္းမွာ ေပါက္ၿပီး ၅ မိနစ္နဲ႔ ၁၀ မိနစ္ေလာက္ပဲျခားမယ္” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

ရန္ကုန္ၿမိဳ႕ခံတခ်ိဳ႕ကမူ မင္းေအာင္လႈိင္၏ အစ္မျဖစ္သူ ဇင္ဇင္လႈိင္သည္ ေ႐ႊႏွင္းဆီ ၇ လမ္း A ၊ ကေမာၻဇသင္တန္းေက်ာင္းရွိသည့္လမ္း၊ ၿခံအမွတ္ ၉၉ တြင္ ေနထိုင္ျခင္းျဖစ္ေၾကာင္း၊

ဇူလိုင္လ ၁၁ ရက္ေန႔ ည ၈ နာရီေက်ာ္အခ်ိန္ ဗုံးေပါက္ေသာ ေနအိမ္သည္ ေ႐ႊႏွင္းဆီ ၇ လမ္း C မွ ၿခံအမွတ္ ၉၉ ျဖစ္ေၾကာင္း၊ သို႔ရာတြင္ အဆိုပါဗုံးေပါက္ခဲ့ေသာ ေနအိမ္မွာလည္း စစ္တပ္ႏွင့္ပတ္သက္ေနေသာ အိမ္ျဖစ္ေၾကာင္း၊ ၿခံေရွ႕ရွိ လမ္းပ်က္စီးသြားေၾကာင္း ေျပာဆိုၾကသည္။

ဇြန္လ ၃ ရက္ေန႔တြင္လည္း ဇင္ဇင္လႈိင္၏ ေနအိမ္ကို ဗုံးခြဲရန္ ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့သျဖင့္ ဇူလိုင္လ ၁၁ ရက္ေန႔တြင္ ထပ္မံတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ရန္ကုန္ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕ကဆိုသည္။

ပန္းခ်ီဆရာခင္လႈိင္ႏွင့္ ေဒၚလွမႈ(ခ)လွေ႐ႊတို႔တြင္ သားသမီး ၅ ဦး ထြန္းကားၿပီး သမီး ဇင္ဇင္လႈိင္၊ သား ထြန္းေအာင္လႈိင္ အပါအဝင္ သားသမီး ၅ ဦးရွိၿပီး ေလးဦးေျမာက္ သားမွာ လက္ရွိ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ျဖစ္ သည္။

ဓာတ္ပုံ- မင္းေအာင္လႈိင္၏ အစ္မျဖစ္သူ ဇင္ဇင္လႈိင္။

မင်းအောင်လှိုင်အစ်မ ဇင်ဇင်လှိုင်၏ ရွှေနှင်းဆီလမ်းရှိ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ကားများ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရွှေနှင်းဆီးလမ်းနှင့် ရွှေနှင်းဆီ ၇ လမ်းရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အစ်မ ဖြစ်သူ ဇင်ဇင်လှိုင်၏နေအိမ်ကို ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ် အချိန်တွင် ရန်ကုန်မြို့ပြပျောက်ကြား HTY-Battalionနှင့် မဟာမိတ်တို့ က ဗုံးခွဲတိုက်ခိုက်ရာ နေအိမ်ရှိ ကားများ ပျက်စီးသွားကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ် Federal Liberation Army (HTY-Battalion) နှင့် Union of Myanmar Civil Defense-UMCD တို့က မရမ်းကုန်းမြို့နယ်၊

ရွှေနှင်းဆီလမ်းနှင့် ရွှေနှင်းဆီ ၇ လမ်း၊ခြံအမှတ် ၉၉ တွင် နေသူ မင်းအောင်လှိုင်၏ အစ်မ ဇင်ဇင်လှိုင်နေအိမ်ကို ဗုံးဖြင့် ပစ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ နေအိမ်အတွင်းမှ ကားများ ပျက်စီးသွားကြောင်း သိရှိရသည်။

“ဇူလိုင် ၁၁ ရက်နေ့ညက ရွှေနှင်းဆီလမ်းမှာ ဗုံးအရင်ပေါက်တာတော့ ဟုတ်တယ်။ ပြီးတော့မှ ၉ မိုင် အိုးရှင်းရှေ့မှာ ပေါက်တာ ရွှေနှင်းဆီလမ်းမှာ ပေါက်ပြီး ၅ မိနစ်နဲ့ ၁၀ မိနစ်လောက်ပဲခြားမယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ခံတချို့ကမူ မင်းအောင်လှိုင်၏ အစ်မဖြစ်သူ ဇင်ဇင်လှိုင်သည် ရွှေနှင်းဆီ ၇ လမ်း A ၊ ကမ္ဘောဇသင်တန်းကျောင်းရှိသည့်လမ်း၊ ခြံအမှတ် ၉၉ တွင် နေထိုင်ခြင်းဖြစ်ကြောင်း၊

ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီကျော်အချိန် ဗုံးပေါက်သော နေအိမ်သည် ရွှေနှင်းဆီ ၇ လမ်း C မှ ခြံအမှတ် ၉၉ ဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါဗုံးပေါက်ခဲ့သော နေအိမ်မှာလည်း စစ်တပ်နှင့်ပတ်သက်နေသော အိမ်ဖြစ်ကြောင်း၊ ခြံရှေ့ရှိ လမ်းပျက်စီးသွားကြောင်း ပြောဆိုကြသည်။

ဇွန်လ ၃ ရက်နေ့တွင်လည်း ဇင်ဇင်လှိုင်၏ နေအိမ်ကို ဗုံးခွဲရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့ကဆိုသည်။

ပန်းချီဆရာခင်လှိုင်နှင့် ဒေါ်လှမှု(ခ)လှရွှေတို့တွင် သားသမီး ၅ ဦး ထွန်းကားပြီး သမီး ဇင်ဇင်လှိုင်၊ သား ထွန်းအောင်လှိုင် အပါအဝင် သားသမီး ၅ ဦးရှိပြီး လေးဦးမြောက် သားမှာ လက်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖြစ် သည်။

ဓာတ်ပုံ- မင်းအောင်လှိုင်၏ အစ်မဖြစ်သူ ဇင်ဇင်လှိုင်။

Leave a Reply

Your email address will not be published.