Unicode
ပရိသတ်ကြီးရေ ဦးတီနဲ့ တီဝဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူချစ် အနုပညာရှင်နှစ်ဦးဟာ လက်ရှိမှာတော့
အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားနေရပါတယ်နော်။ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာလည်း အခုထိမပါသေးဘဲ ထောင်ထဲမှာ အခက် အခဲများစွာနဲ့ နေနေကြရပါတယ်နော်
ပရိသတ်များကလည်းသူတို့ချစ်ရတဲ့အနုပညာရှင်နှစ်ဦးဒုက္ခရောက်နေကြတာကိုဘယ်နည်းနဲ့မျှမကြည့်ရက်ကြပါဘူးနော်။ အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်မြင်ရဖို့ကိုလည်း ပရိသတ်တွေက မျှော်လင့်မေကြပါတယ်နော်
အကျဉ်းထောင်တွေထဲမှာလည်း ငဗစ်ရောဂါများ ဖြစ်ပွားနေပြီး မတရားဖမ် းဆီးခံထားရတဲ့ ပြည်သူများနဲ့အနုပညာရှင်များရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာ အနေအထား ရောက်နေပါပြီနော်
လတ်တလောမှာ မအူဝဲတစ်ယောက် နေမကောင်းဖြစ်နေကြောင်း သတင်းကျယ်ကျယ်ပြန့်ပြန့် ထွက်ရှိနေပါတယ်နော်
နှလုံးအားနည်းခြင်း၊ကျောက်ကပ်အားနည်းခြင်းစတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ သိရှိရပြီး ကောင်းမွန်တဲ့ဆေးကုသမှုတွေ ခံယူနိုင်ဖို့ မျှော်လင့်နေကြပါတယ်နော်။ ပရိသတ်ကြီးလည်း မအူဝဲ နေအမြန်ကောင်းဖို့ ဆုတောင်းပေး လိုက် ကြပါဦးနော်