

ဇူလိုင် ၁၂











နောင်ဘို

မြဝတီ ဝေါ်လေ လမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်တပ် တပ်ပျက်ပြီး ဆုတ်ခွါထွက်ပြေး

အကြမ်းဖက်စစ်တပ်ထံမှ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိ

ဇူလိုင် ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားရှိ မြဝတီ, ဝေါ်လေသွား လမ်းမကြီးပေါ် မှာ KNLA တပ်ရင်း ၂၇ နဲ့ PDF ကော်ဘရာ စစ်ကြောင်းပူးပေါင်းအဖွဲတပ်ဖွဲ့တွေနဲ့အကြမ်းဖက် စစ်ကောင်စီ တပ်မ ၄၄ စစ်ဗျူဟာ ၄၄၁ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ ၈၊ ခမရ ၁၀၂၊ ခမရ ၂၀၇ တပ်တွေ ဒီကနေ့မနက် ၈ နာရီခန့်က ထိတွေတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

အကြမ်းဖက် စစ်တပ်ဘက်က ဒုတပ်ရင်းမှူးအဆင့်အပါအဝင် အရာရှိအချို့နဲ့ စစ်သားများ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ တပ်တွေ တပ်ပျက်ပြီး ကစဉ့်ကလျားဆုတ်ခွါထွက်ပြေးသွားရတယ်လို့ KNU တပ်မှူးတစ်ဦး ငွေမောင်းသံမီဒီယာကို ပြောပြပါတယ်။

အကြမ်းဖက်စစ်တပ်တွေဆီက အောက်ပါလက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။

RPG အသီး – ၂၆ လုံး……RPG ပို့ယမ်း – ၂၁ တောင့်…….ရှေ့ထွက်မိုင်း – ၁လုံး……နင်းမိုင်း – ၂၁ လုံး

လက်ပစ်ဗုံး – ၁၇ လုံး…….စကုတ် – ၂ ခု…….မိုင်းရှာစက် – ၁ ခု…..၄၀ မမ – ၃၁ လုံး…..အမျိုးအမည်မသိ 79 – ၃ လုံး

မိတ်ကပ် – ၂ဘူး…….ဖြိုခွင်းရေး ယမ်းမဲ – ၇ချောင်း…..၆၀ မမ -၂၉ လုံး……အီနာဂါ – ၂၂လုံး

ကီးပတ်ဖုန်း – ၇လုံး…..Touch screen ဖုန်း – ၄လုံး……ငွေ – သိန်း၂၀…..၅.၅၆ ကျည် – ၅၀၀၀

စက်လတ်ကျည် – ၃၀၀၀…..MA – 1 – ၁လက်…….ဂျန်ဘာစက် – ၁ခု

ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ၊ စစ်အသုံးအဆောင် ပစ္စည်းများ

နောင်ဘို

Leave a Reply

Your email address will not be published.