ဥကရစ္ထစခန္း လက္မလႊတ္ရေရး စစ္တပ္က ေဒၚလာသန္းခ်ီအကုန္ခံ ဗုံးႀကဲခဲ့

ေလေၾကာင္းတိုက္ခိုက္မႈ အႀကိမ္ေပါင္း ၁၂၅ ခန္႔ရွိၿပီး အေမရိကန္ေဒၚလာ သန္းခ်ီကုန္က်ေၾကာင္း အာဏာဖီဆန္ေရးလႈပ္ရွားမႈတြင္ ပါဝင္ထားသူ ေလတပ္ဗိုလ္ႀကီး ေဇသူေအာင္က ေျပာသည္။

ထိုင္း-ျမန္မာနယ္စပ္ စည္းမ်ဥ္းအနီး ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ဘက္ရွိ ဥကရစ္ထစခန္း လက္မလႊတ္ရေရးအတြက္ အာဏာသိမ္းစစ္ေကာင္စီက အေမရိကန္ေဒၚလာသန္းခ်ီ အကုန္အက်ခံ ဗုံးႀကဲတိုက္ခိုက္ခဲ့သည္။

ျမဝတီၿမိဳ႕ေတာင္ဘက္ ၁၈ မိုင္အကြာရွိ ထိုေျခကုပ္စခန္းကို ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) လက္ေအာက္ခံ ပူးေပါင္းတပ္ဖြဲ႕မ်ားက ဇြန္ ၂၆ မွစ၍ ထိုးစစ္ဆင္ခဲ့သည္။ ေန႔စဥ္ရက္ဆက္ တိုက္ပြဲမ်ားအတြင္း စစ္တပ္က MIG-29 ႏွင့္ YAK-130 အမ်ိဳးအစား တိုက္ေလယာဥ္မ်ားျဖင့္ အႀကိမ္ေပါင္းရာခ်ီတိုက္ခိုက္သည့္အျပင္ MI-17 ရဟတ္ယာဥ္ျဖင့္လည္း စစ္ကူမ်ား ေစလႊတ္ခဲ့သည္။​

ေျမျပင္အခ်က္အလက္မ်ားအရ စစ္ေကာင္စီက ေလေၾကာင္းျဖင့္ ၁၂၅ ႀကိမ္ခန႔္ တိုက္ခိုက္ခဲ့ရာ ကုန္က်စရိတ္မ်ားျပားသည့္ တိုက္ခိုက္မႈျဖစ္သည္ဟု အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္ထားသူ ဗိုလ္ႀကီးေဇသူေအာင္က ေျပာသည္။

“ေဒၚလာ ၁၀ သန္းဝန္းက်င္ထက္ေတာင္ ကုန္ႏိုင္တဲ့ အေနအထားရွိပါတယ္။ ဒါဟာ အနည္းဆုံးကုန္က်စရိတ္ပဲ ရွိေသးတယ္။ အနည္းဆုံး ေဒၚလာ ၁၀ သန္းနဲ႔ အထက္မွာပဲ ရွိတယ္” ဟု စက္မႈထမ္းသက္ ၁၇ ႏွစ္ရွိ ေလတပ္အရာရွိက ေျပာသည္။

႐ုရွားႏိုင္ငံထုတ္ MIG-29 အမ်ိဳးအစား တိုက္ေလယာဥ္သည္ ပ်ံသန္းခ်ိန္ တစ္နာရီလွ်င္ ဆီဂါလံ ၉၆၀၊ YAK-130 ေလယာဥ္သည္ တစ္နာရီလွ်င္ ၄၄၈ ဂါလံအထိ သုံးစြဲသည္ဟု ဗိုလ္ႀကီးေဇသူေအာင္က တြက္ခ်က္ျပသည္။

ထိုတိုက္ေလယာဥ္မ်ားတြင္ အသုံးျပဳသည့္ ျပည္တြင္းထုတ္ 250KG ဗုံးတစ္လုံးမွာ ကာလတန္ေၾကး က်ပ္သိန္း ၆၀၀ ဝန္းက်င္ရွိၿပီး ျပည္ပမွဝယ္ယူရေသာ S-8 အမ်ိဳးအစား ဒုံးက်ည္တစ္လုံးတန္ေၾကးမွာ ေဒၚလာ ၁၅,၀၀၀ ခန႔္ရွိသည္ဟု ဆိုသည္။

ထို႔ေၾကာင့္ ဥကရစ္ထစခန္း လက္မလြတ္ေရး စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈ တစ္ႀကိမ္လုပ္တိုင္း ေလယာဥ္ဆီဖိုးႏွင့္ လက္နက္ခဲယမ္းတန္ဖိုး ေဒၚလာ ေျခာက္ေသာင္းေက်ာ္မွ ေလးသိန္းနီးပါးအထိ ကုန္သည္ဟု သူက တြက္ျပသည္။

“S-8 တစ္လုံးကို ေဒၚလာ တစ္ေသာင္းခြဲနဲ႔ပဲ တြက္ၾကည့္ဗ်ာ၊ ၁၀ လုံးဆိုရင္ တစ္သိန္းခြဲဗ်ာ။ ေလယာဥ္ တစ္ခါတက္လို႔ရွိရင္ တစ္ဖက္ကို ၁၃ လုံးနဲ႔ ၂၆ လုံးေတာ့ သုံးမွာပဲ” ဟု ဝါရင့္ေလသူရဲ ဗိုလ္ႀကီးေဇသူေအာင္က ေျပာသည္။

ထိုေလတပ္အရာရွိမွာ ေနျပည္ေတာ္အေျခစိုက္ အမွတ္ ၄၅ ကင္းေထာက္ေလယာဥ္အုပ္စုတြင္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အာဏာသိမ္းမႈကို ဆန္႔က်င္ေသာအားျဖင့္ ယခုႏွစ္ ေဖေဖာ္ဝါ ရီလအတြင္း စစ္တပ္ကို မိသားစုႏွင့္အတူ စြန္႔ခြာခဲ့သူျဖစ္သည္။

နယ္စပ္စည္းမ်ဥ္းႏွင့္ ေပ ၅၀၀ ခန္႔သာ ေဝးေသာ ဥကရစ္ထစခန္း မက်ေစေရးအတြက္ စစ္ေကာင္စီက လက္နက္ႀကီးပစ္ကူအျပင္ တိုက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားပါ အသုံးျပဳ၍ အျပင္းအထန္တိုက္ခိုက္ခဲ့သည္။

ဥကရစ္ထစခန္းတိုက္ပြဲတြင္ ပါဝင္တိုက္ခိုက္ခဲ့သူ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ (KNDO) မွ အထူးကြန္မန္ဒိုစစ္ေၾကာင္းမႉး ဗိုလ္မႉးေစာဝင္းျမင့္က “စစ္တပ္က ဗုံးႀကဲတဲ့ေလယာဥ္က သက္သက္။ လက္နက္လာခ်တဲ့ ေလယာဥ္လည္း ရွိတယ္” ဟု Myanmar Now ကို ေျပာဆိုထားသည္။

ရက္အတန္ၾကာ ထိုတိုက္ပြဲမ်ားအတြင္း ကရင္လက္နက္ကိုင္အဖြဲ႕မ်ားဘက္မွ ၁၃ ဦးထက္မနည္း ေသဆုံးခဲ့သည္။

စစ္ေကာင္စီကမူ ဥကရစ္ထစခန္းတိုက္ပြဲႏွင့္ ပတ္သက္၍ သုံးႀကိမ္တိုင္ သတင္းထုတ္ျပန္ခဲ့ေသာ္လည္း ၎တို႔ဘက္မွ ထိခိုက္ေသဆုံးမႈမ်ားအေၾကာင္း လုံးဝေဖာ္ျပျခင္း မရွိေပ။

ကရင္လက္နက္ကိုင္အဖြဲ႕မ်ား ထုတ္ျပန္ခဲ့ေသာ ဓာတ္ပုံႏွင့္ ႐ုပ္သံမွတ္တမ္းမ်ားတြင္ အစုံလိုက္ေသဆုံးေနေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေတြ႕ရသည့္နည္းတူ သိမ္းဆည္းရမိေသာ လက္နက္ခဲယမ္းမ်ားလည္း ေတြ႕ရသည္။

စစ္ေကာင္စီက ဂ်က္တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးႀကဲတိုက္ခိုက္စဥ္ ထိုင္းႏိုင္ငံ ေလပိုက္နက္ထဲ က်ဴးေက်ာ္ပ်ံသန္းသည့္အတြက္ ျမန္မာစစ္တပ္က ေတာင္းပန္ေၾကာင္း၊ ထိုျဖစ္ရပ္အတြက္ ေလ်ာ္ေၾကးေတာင္းထားေၾကာင္း ထိုင္းတာဝန္ရွိသူမ်ားက ထုတ္ေဖာ္ေျပာဆိုထားသည္။​

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကမူ ထိုင္းနယ္နိမိတ္ဘက္ကို ျမန္မာေလယာဥ္မ်ား ေရာက္ရွိျခင္းမွာ ျဖစ္႐ိုးျဖစ္စဥ္သာျဖစ္ၿပီး ႏိုင္ငံေရးသမားမ်ားက ပုံႀကီးခ်ဲ႕ေနသည္ဟု ဘီဘီစီသတင္းဌာနကို ယေန႔ ေျဖၾကားထားသည္။

အာဏာသိမ္းစစ္ေကာင္စီက ၎တို႔တပ္ဖြဲ႕ဝင္မ်ား စိတ္ဓာတ္မက်ေစရန္ တပ္တြင္းစည္း႐ုံးေရးအေနျဖင့္ ဥကရစ္ထတိုက္ပြဲတြင္ ေလေၾကာင္းအႀကီးအက်ယ္ အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ႀကီးေဇသူေအာင္က ဆိုသည္။​

“ဒီဟာႀကီးကို မျဖစ္မေန ခုခံမယ္ေပါ့။ လူေတြအမ်ားႀကီးကိုလည္း အဲဒီတိုက္ပြဲဧရိယာထဲကို MI-17 ေတြနဲ႔ အေခါက္ေရေပါင္းမ်ားစြာ၊ လူေပါင္းေျမာက္မ်ားစြာကို တစ္ခါတည္း တန္းၿပီးထည့္တယ္။ ဘာအတြက္လည္းဆိုေတာ့ အဲ့စခန္းကို မက်ေအာင္လို႔”

“ဆိုေတာ့ အဲ့စခန္း မက်ဘူးဆိုရင္ တပ္ကလူေတြကလည္း ဒီေကာင္ေတြကြာ ဒီေလာက္တိုက္ေနက်တာ။ ဒီစခန္းေလးေတာင္ ရေအာင္မတိုက္ႏိုင္တာ တစ္ႏိုင္ငံလုံးသိမ္းဖို႔ဆိုတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲဆိုတဲ့ အယူအဆကို သူတို႔ရဲ႕ စစ္သည္ေတြၾကားထဲမွာလည္း ထည့္ခ်င္တယ္” ဟု ၎က ေျပာသည္။ source-ျမန္မာေနာင္း

ဥကရစ်ထစခန်း လက်မလွှတ်ရရေး စစ်တပ်က ဒေါ်လာသန်းချီအကုန်ခံ ဗုံးကြဲခဲ့

လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂၅ ခန့်ရှိပြီး အမေရိကန်ဒေါ်လာ သန်းချီကုန်ကျကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသူ လေတပ်ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် စည်းမျဉ်းအနီး ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ဥကရစ်ထစခန်း လက်မလွှတ်ရရေးအတွက် အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်လာသန်းချီ အကုန်အကျခံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မြဝတီမြို့တောင်ဘက် ၁၈ မိုင်အကွာရှိ ထိုခြေကုပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ဇွန် ၂၆ မှစ၍ ထိုးစစ်ဆင်ခဲ့သည်။ နေ့စဉ်ရက်ဆက် တိုက်ပွဲများအတွင်း စစ်တပ်က MIG-29 နှင့် YAK-130 အမျိုးအစား တိုက်လေယာဉ်များဖြင့် အကြိမ်ပေါင်းရာချီတိုက်ခိုက်သည့်အပြင် MI-17 ရဟတ်ယာဉ်ဖြင့်လည်း စစ်ကူများ စေလွှတ်ခဲ့သည်။

မြေပြင်အချက်အလက်များအရ စစ်ကောင်စီက လေကြောင်းဖြင့် ၁၂၅ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ ကုန်ကျစရိတ်များပြားသည့် တိုက်ခိုက်မှုဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

“ဒေါ်လာ ၁၀ သန်းဝန်းကျင်ထက်တောင် ကုန်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါဟာ အနည်းဆုံးကုန်ကျစရိတ်ပဲ ရှိသေးတယ်။ အနည်းဆုံး ဒေါ်လာ ၁၀ သန်းနဲ့ အထက်မှာပဲ ရှိတယ်” ဟု စက်မှုထမ်းသက် ၁၇ နှစ်ရှိ လေတပ်အရာရှိက ပြောသည်။

ရုရှားနိုင်ငံထုတ် MIG-29 အမျိုးအစား တိုက်လေယာဉ်သည် ပျံသန်းချိန် တစ်နာရီလျှင် ဆီဂါလံ ၉၆၀၊ YAK-130 လေယာဉ်သည် တစ်နာရီလျှင် ၄၄၈ ဂါလံအထိ သုံးစွဲသည်ဟု ဗိုလ်ကြီးဇေသူအောင်က တွက်ချက်ပြသည်။

ထိုတိုက်လေယာဉ်များတွင် အသုံးပြုသည့် ပြည်တွင်းထုတ် 250KG ဗုံးတစ်လုံးမှာ ကာလတန်ကြေး ကျပ်သိန်း ၆၀၀ ဝန်းကျင်ရှိပြီး ပြည်ပမှဝယ်ယူရသော S-8 အမျိုးအစား ဒုံးကျည်တစ်လုံးတန်ကြေးမှာ ဒေါ်လာ ၁၅,၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ဥကရစ်ထစခန်း လက်မလွတ်ရေး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်လုပ်တိုင်း လေယာဉ်ဆီဖိုးနှင့် လက်နက်ခဲယမ်းတန်ဖိုး ဒေါ်လာ ခြောက်သောင်းကျော်မှ လေးသိန်းနီးပါးအထိ ကုန်သည်ဟု သူက တွက်ပြသည်။

“S-8 တစ်လုံးကို ဒေါ်လာ တစ်သောင်းခွဲနဲ့ပဲ တွက်ကြည့်ဗျာ၊ ၁၀ လုံးဆိုရင် တစ်သိန်းခွဲဗျာ။ လေယာဉ် တစ်ခါတက်လို့ရှိရင် တစ်ဖက်ကို ၁၃ လုံးနဲ့ ၂၆ လုံးတော့ သုံးမှာပဲ” ဟု ဝါရင့်လေသူရဲ ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

ထိုလေတပ်အရာရှိမှာ နေပြည်တော်အခြေစိုက် အမှတ် ၄၅ ကင်းထောက်လေယာဉ်အုပ်စုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ယခုနှစ် ဖေဖော်ဝါ ရီလအတွင်း စစ်တပ်ကို မိသားစုနှင့်အတူ စွန့်ခွာခဲ့သူဖြစ်သည်။

နယ်စပ်စည်းမျဉ်းနှင့် ပေ ၅၀၀ ခန့်သာ ဝေးသော ဥကရစ်ထစခန်း မကျစေရေးအတွက် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါ အသုံးပြု၍ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

ဥကရစ်ထစခန်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ အထူးကွန်မန်ဒိုစစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့်က “စစ်တပ်က ဗုံးကြဲတဲ့လေယာဉ်က သက်သက်။ လက်နက်လာချတဲ့ လေယာဉ်လည်း ရှိတယ်” ဟု Myanmar Now ကို ပြောဆိုထားသည်။

ရက်အတန်ကြာ ထိုတိုက်ပွဲများအတွင်း ကရင်လက်နက်ကိုင်အဖွဲ့များဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီကမူ ဥကရစ်ထစခန်းတိုက်ပွဲနှင့် ပတ်သက်၍ သုံးကြိမ်တိုင် သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများအကြောင်း လုံးဝဖော်ပြခြင်း မရှိပေ။

ကရင်လက်နက်ကိုင်အဖွဲ့များ ထုတ်ပြန်ခဲ့သော ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများတွင် အစုံလိုက်သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တွေ့ရသည့်နည်းတူ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများလည်း တွေ့ရသည်။

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ထိုင်းနိုင်ငံ လေပိုက်နက်ထဲ ကျူးကျော်ပျံသန်းသည့်အတွက် မြန်မာစစ်တပ်က တောင်းပန်ကြောင်း၊ ထိုဖြစ်ရပ်အတွက် လျော်ကြေးတောင်းထားကြောင်း ထိုင်းတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုင်းနယ်နိမိတ်ဘက်ကို မြန်မာလေယာဉ်များ ရောက်ရှိခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး နိုင်ငံရေးသမားများက ပုံကြီးချဲ့နေသည်ဟု ဘီဘီစီသတင်းဌာနကို ယနေ့ ဖြေကြားထားသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့တပ်ဖွဲ့ဝင်များ စိတ်ဓာတ်မကျစေရန် တပ်တွင်းစည်းရုံးရေးအနေဖြင့် ဥကရစ်ထတိုက်ပွဲတွင် လေကြောင်းအကြီးအကျယ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကြီးဇေသူအောင်က ဆိုသည်။

“ဒီဟာကြီးကို မဖြစ်မနေ ခုခံမယ်ပေါ့။ လူတွေအများကြီးကိုလည်း အဲဒီတိုက်ပွဲဧရိယာထဲကို MI-17 တွေနဲ့ အခေါက်ရေပေါင်းများစွာ၊ လူပေါင်းမြောက်များစွာကို တစ်ခါတည်း တန်းပြီးထည့်တယ်။ ဘာအတွက်လည်းဆိုတော့ အဲ့စခန်းကို မကျအောင်လို့”

“ဆိုတော့ အဲ့စခန်း မကျဘူးဆိုရင် တပ်ကလူတွေကလည်း ဒီကောင်တွေကွာ ဒီလောက်တိုက်နေကျတာ။ ဒီစခန်းလေးတောင် ရအောင်မတိုက်နိုင်တာ တစ်နိုင်ငံလုံးသိမ်းဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုတဲ့ အယူအဆကို သူတို့ရဲ့ စစ်သည်တွေကြားထဲမှာလည်း ထည့်ချင်တယ်” ဟု ၎င်းက ပြောသည်။ source-မြန်မာနောင်း

Leave a Reply

Your email address will not be published.