ေလ့ေက့ေကာ္ေဒသကို က်ဴးေက်ာ္လာတဲ့ စစ္ေကာင္စီတပ္ အာပီဂ်ီနဲ႔ အထုခံရၿပီး အက်ဆုံးအမ်ားျပားနဲ႔ ထြက္ေျပး

ဧရာဝတီတိုင္းမ္

ဇူလိုင္လ ၈ ရက္

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေလ့ေက့ေကာ္ၿမိဳ႕သစ္ကို က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ စစ္ေကာင္စီ စစ္ေၾကာင္းဟာ အသင့္ေစာင့္ေနတဲ့ ေကာ္ဘရာစစ္ေၾကာင္းရဲ႕ အာပီဂ်ီနဲ႔အထုခံရလို႔ အက်ဆုံးအမ်ားအျပားနဲ႔ ထြက္ေျပးသြားရတယ္လို႔ သိရပါတယ္။

ကရင့္အမ်ိဳးသားအစည္း႐ုံးထိန္းခ်ဳပ္နယ္ေျမ တပ္မဟာ ၆ ထဲက ေလ့ေက့ေကာ္ေတာင္ကုန္းတစ္ခုေပါက္ကို စစ္ေကာင္စီတပ္သားေတြ ဇူလိုင္လ ၂ ရက္ေန႔ မနက္ ၂ နာရီေလာက္မွာ က်ဴးေက်ာ္ဝင္ေရာက္လာလို႔ အသင့္ ရွိေနတဲ့ ေကာ္ဘာရာစစ္သည္ေတာ္ေတြက အာပီဂ်ီနဲ႔ ပစ္ခတ္ခဲ့ရတယ္လို႔ ေကာ္ဘရာ စစ္ေၾကာင္းက သတင္း ထုတ္ျပန္ထားပါတယ္။

မနက္ ၃ နာရီခြဲေလာက္မွာ က်ဴးေက်ာ္လာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းနဲ႔ အသင့္ေစာင့္ေနတဲ့ ေကာ္ဘရာ စစ္ေၾကာင္းတို႔ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေကာ္ဘရာစစ္သည္ေတာ္ေတြက အာပီဂ်ီ ၄၀ မမနဲ႔ ပစ္ခတ္ခ်ိန္မွာ တိုက္႐ိုက္ထိမွန္ခဲ့လို႔ အက်ဆုံးမ်ားၿပီး မနက္ ၄ နာရီ ၂၀ ေလာက္မွာ ထြက္ေျပးသြားတယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီတပ္ဘက္က စစ္ေၾကာင္းဆုတ္ခြာသြားၿပီးေနာက္ပိုင္း လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာ ေတြျပဳလုပ္ခဲ့ေပမယ့္ ျပည္သူေတြရဲ႕ ေမတၱာပို႔မႈေၾကာင့္ ေကာ္ဘရာစစ္သည္မ်ား ထိခိုက္မႈမရွိခဲ့ဘူးလို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဓာတၸဳံ – Cobra Column

လေ့ကေ့ကော်ဒေသကို ကျူးကျော်လာတဲ့ စစ်ကောင်စီတပ် အာပီဂျီနဲ့ အထုခံရပြီး အကျဆုံးအများပြားနဲ့ ထွက်ပြေး

ဧရာဝတီတိုင်းမ်

ဇူလိုင်လ ၈ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အသင့်စောင့်နေတဲ့ ကော်ဘရာစစ်ကြောင်းရဲ့ အာပီဂျီနဲ့အထုခံရလို့ အကျဆုံးအများအပြားနဲ့ ထွက်ပြေးသွားရတယ်လို့ သိရပါတယ်။

ကရင့်အမျိုးသားအစည်းရုံးထိန်းချုပ်နယ်မြေ တပ်မဟာ ၆ ထဲက လေ့ကေ့ကော်တောင်ကုန်းတစ်ခုပေါက်ကို စစ်ကောင်စီတပ်သားတွေ ဇူလိုင်လ ၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ ကျူးကျော်ဝင်ရောက်လာလို့ အသင့် ရှိနေတဲ့ ကော်ဘာရာစစ်သည်တော်တွေက အာပီဂျီနဲ့ ပစ်ခတ်ခဲ့ရတယ်လို့ ကော်ဘရာ စစ်ကြောင်းက သတင်း ထုတ်ပြန်ထားပါတယ်။

မနက် ၃ နာရီခွဲလောက်မှာ ကျူးကျော်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ အသင့်စောင့်နေတဲ့ ကော်ဘရာ စစ်ကြောင်းတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကော်ဘရာစစ်သည်တော်တွေက အာပီဂျီ ၄၀ မမနဲ့ ပစ်ခတ်ချိန်မှာ တိုက်ရိုက်ထိမှန်ခဲ့လို့ အကျဆုံးများပြီး မနက် ၄ နာရီ ၂၀ လောက်မှာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းဆုတ်ခွာသွားပြီးနောက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့ပေမယ့် ပြည်သူတွေရဲ့ မေတ္တာပို့မှုကြောင့် ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိခဲ့ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ္ပုံ – Cobra Column

Leave a Reply

Your email address will not be published.