လက်ရှိမှာပြည်သူတွေကတော့ငဗစ်ရောဂါကိုနေအိမ်တွေပဲကုသရင်းအောက်ဆီဂျင်အလွယ်တကူမရရှိတဲ့ပြဿနာတွေရင်ဆိုင်ကြုံတွေ့နေရရှာပါတယ်။ဒါ့အပြင် ပတ်ဝန်းကျင်မှာ အများဆုံးတွေ့နေရတာကတော့ ကိုဗစ်လူနာတွေ အသက်ရှူမဝလာတာနဲ့ တစ်ပြိုင်တည်း မိသားစုဝင်တွေက အောက်ဆီဂျင်များကို
မှီခိုအသုံးပြုပြီး သိမြင်တတ်သလောက် ကုသပေးနေကြရတာ တွေ့နေရပါတယ်။ ဒီလို အောက်ဆီဂျင်များအသုံးပြုပြီး ကုသပေးရင်းနဲ့လည်း မျက်စိအောက်မှာပဲ ဆုံးပါးသွားကြတာတွေ့ရပါတယ်
တချို့ကျန်းမာရေးအသိပညာတတ်ကျွမ်းတဲ့ဆရာဝန်ကြီးတွေရဲ့ကျန်းမာရေးလမ်းညွှန်ချက်တွေမှာကိုဗစ်လူနာတွေကိုအောက်ဆီဂျင်များအလွန်းအကျွံရှူခိုင်းခြင်းဖြင့် အဆုတ်ကွဲတတ်ပြီး သေဆုံးသွားနိုင်ကြောင်း ဖော်ပြထားကြတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင်
အောက်ဆီဂျင်များရုတ်တရက်ကျရင်လည်းအမြန်ပြန်တက်လာအောင်အလွယ်တကူကုသပေးနိုင်တဲ့နည်းလမ်းကောင်းတွေကိုလူမှုကွန်ယက်တွေမှာ ပြန်လည်မျှဝေပေးကြတာတွေလည်း ရှိပါတယ်
Photo Credit – Myint Myint Win fb account
ယခုမှာလည်း အောက်ဆီဂျင်ရှူနေရတဲ့ ငဗစ်လူနာတစ်ယောက်ကို ကုသပေးရင်း ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကလည်း
ပျံ့နှံ့လာခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ဆရာဝန်ကြီးက ကိုဗစ်လူနာကို အောက်ဆီဂျင်ကိုပဲ အဓိကထားမသုံးဖို့နဲ့ သတိပေးခဲ့တဲ့အပြင် အမြန်သက်သာပျောက်ကင်းအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကတော့
အောက်ဆီဂျင်အသုံးပြုနေတဲ့ ကိုဗစ်လူနာတွေအတွက် သိထားရမယ့် ကျန်းမာရေးဗဟုသုတတွေပါတာကြောင့် အကျိုးရှိအောင် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Source – Myint Myint Win fb account