အၾကမ္းဖက္စစ္ေကာင္စီတပ္အတြက္ အလႉခံသည့္ K pay အေကာင့္ ပိတ္ခံရ

ေဝါေလ၊ ဇူလိုင္ ၆

လူငယ့္ေခတ္

ကရင္ျပည္နယ္၊ ေဝါေလေဒသရွိ အၾကမ္းဖက္စစ္တပ္၏ ဥကရစ္ထစခန္း တိုက္ခိုက္ခံရၿပီးေနာက္ ၎တို႔အတြက္ဟု ဆိုကာ စစ္တပ္ေထာက္ခံသူအုပ္စုက K pay, Wave အေကာင့္မ်ားျဖင့္ အလႉေငြေကာက္ခံခဲ့ၿပီးေနာက္ ယေန႔တြင္ ေကေပး အေကာင့္မွာ ပိတ္ခံလိုက္ရသည္။

” ဥကရစ္ထမွာ တိုက္ပြဲဝင္ေနတဲ့ေ႐ႊဘတို႔အတြက္ အလႉခံထားတဲ့ Kpay အေကာင့္အား အေၾကာင္းျပခ်က္မရွိပဲ အပိတ္ခံရ ” ဟု အၾကမ္းဖက္စစ္တပ္ေထာက္ခံသူအုပ္စု၏ ဝါဒျဖန္႔ တယ္လီဂရမ္ခ်န္နယ္မ်ားတြင္ ေရးသားထားၾကသည္။

အပိတ္ခံရသည့္ ေကေပးအေကာင့္တြင္ ေငြက်ပ္ သိန္း ၁၀၀ ေက်ာ္ရွိေၾကာင္း၊ ပိတ္ရသည့္ အေၾကာင္းျပခ်က္ကို မသိရ ေၾကာင္း ၎တို႔ကေျပာၾကေသာ္လည္း အေသးစိတ္မသိရပါ။

အၾကမ္းဖက္စစ္ေကာင္စီသည္ ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ပတ္သက္သည့္သူမ်ား၏ K Pay အေကာင့္မ်ားကို မတရားပိတ္ သိမ္းမႈမ်ား ဆက္တိုက္လုပ္ေဆာင္မႈမ်ားရွိသည္။

ကရင္ျပည္နယ္၊ ေဝါေလေဒသရွိ အၾကမ္းဖက္စစ္တပ္၏ ဥကရစ္ထစခန္းကို ဇြန္လ (၂၆) ရက္ေန႔နံနက္က စတင္တိုက္ ခိုက္ခဲ့ၿပီး ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ (KNDO) ၏ စစ္ေၾကာင္းမႉးေစာဝင္းျမင့္ ဦးေဆာင္သည့္ အထူးကြန္မန္ဒို VENOM စစ္ေၾကာင္းႏွင့္ Cobra ပူးေပါင္းတပ္ဖြဲ႕တို႔ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဥကရစ္ထစခန္း တိုက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ရာႏွင့္ခ်ီ ေသဆုံးမႈရွိေသာ္လည္း အၾကမ္းဖက္ စစ္အုပ္စုမွ တရားဝင္ထုတ္ျပန္ေျပာဆိုျခင္းမ်ားမရွိေသးပါ။

စစ္ေကာင္စီ၏ အဆိုပါစခန္းသည္ နယ္ေျမ၏ အဓိကလမ္းမေဘး၌တည္ရွိၿပီး ရဟတ္ယာဥ္ ဆင္းသက္ႏိုင္သည့္ စခန္းတစ္ခုလည္း ျဖစ္သည္။

Lungekhit

အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလှူခံသည့် K pay အကောင့် ပိတ်ခံရ

ဝေါလေ၊ ဇူလိုင် ၆

လူငယ့်ခေတ်

ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ အကြမ်းဖက်စစ်တပ်၏ ဥကရစ်ထစခန်း တိုက်ခိုက်ခံရပြီးနောက် ၎င်းတို့အတွက်ဟု ဆိုကာ စစ်တပ်ထောက်ခံသူအုပ်စုက K pay, Wave အကောင့်များဖြင့် အလှူငွေကောက်ခံခဲ့ပြီးနောက် ယနေ့တွင် ကေပေး အကောင့်မှာ ပိတ်ခံလိုက်ရသည်။

” ဥကရစ်ထမှာ တိုက်ပွဲဝင်နေတဲ့ရွှေဘတို့အတွက် အလှူခံထားတဲ့ Kpay အကောင့်အား အကြောင်းပြချက်မရှိပဲ အပိတ်ခံရ ” ဟု အကြမ်းဖက်စစ်တပ်ထောက်ခံသူအုပ်စု၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားကြသည်။

အပိတ်ခံရသည့် ကေပေးအကောင့်တွင် ငွေကျပ် သိန်း ၁၀၀ ကျော်ရှိကြောင်း၊ ပိတ်ရသည့် အကြောင်းပြချက်ကို မသိရ ကြောင်း ၎င်းတို့ကပြောကြသော်လည်း အသေးစိတ်မသိရပါ။

အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်သည့်သူများ၏ K Pay အကောင့်များကို မတရားပိတ် သိမ်းမှုများ ဆက်တိုက်လုပ်ဆောင်မှုများရှိသည်။

ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ အကြမ်းဖက်စစ်တပ်၏ ဥကရစ်ထစခန်းကို ဇွန်လ (၂၆) ရက်နေ့နံနက်က စတင်တိုက် ခိုက်ခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ကြောင်းမှူးစောဝင်းမြင့် ဦးဆောင်သည့် အထူးကွန်မန်ဒို VENOM စစ်ကြောင်းနှင့် Cobra ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥကရစ်ထစခန်း တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံးမှုရှိသော်လည်း အကြမ်းဖက် စစ်အုပ်စုမှ တရားဝင်ထုတ်ပြန်ပြောဆိုခြင်းများမရှိသေးပါ။

စစ်ကောင်စီ၏ အဆိုပါစခန်းသည် နယ်မြေ၏ အဓိကလမ်းမဘေး၌တည်ရှိပြီး ရဟတ်ယာဉ် ဆင်းသက်နိုင်သည့် စခန်းတစ်ခုလည်း ဖြစ်သည်။

Lungekhit

Leave a Reply

Your email address will not be published.