ဇူလိုင္လအတြင္း ငဗစ္ ေရာဂါ ကူးစက္ခံခဲ့ရတဲ့ သ႐ုပ္ေဆာင္ ေခးဆက္သြင္က ၁၄ ရက္ ျပည့္လို႔ ေရာဂါ အနည္းငယ္ သက္သာလာၿပီလို႔ ဆိုပါတယ္
“အခုေတာ့ ၁၄ ရက္ျပည့္လို႔ နည္းနည္း သက္သာလာပါၿပီ။ စိတ္ေရာ လူေရာ လွိမ့္ေနေအာင္ ခံစားလိုက္ရပါတယ္ P ျဖစ္သြားမွ

တျခားအရာေတြ အားလုံးထက္ မိတ္ေကာင္းေဆြေကာင္း၊ မိသားစုေကာင္း၊ ပတ္ဝန္းက်င္ေကာင္း၊ အဆက္အသြယ္ေကာင္းေတြ ရွိခဲ့တာက အဖိုးတန္မွန္း သိခြင့္ရခဲ့ပါတယ္

အစားကို ရွိသမွ် အကုန္စား၊ ညဆို ၈ နာရီခြဲအိပ္။ မနက္ ၅ နာရီခြဲထ၊ တရားေလးေတြ ဖြင့္ထား။ ၿပီးတာနဲ႔ တင္ဇာေမာ္ရဲ႕ “စိတ္မညစ္နဲ႔” သီခ်င္းကို ထပ္ခါထပ္ခါဖြင့္ နားေထာင္၊ ေန႔လယ္ ျပန္အိပ္။ ဆရာဝန္ တေယာက္ရဲ႕ အကူအညီနဲ႔ ေသာက္ရမယ့္ ေဆးေတြ၊ ေနထိုင္ရမယ့္ ပုံစံေတြ တေသြမတိမ္း

လိုက္နာ“ေရေသာက္၊ ဓာတ္ဆားေသာက္၊ ေရေႏြးေငြ႕ရႉ၊ အသက္ရႉ ေလ့က်င့္ခန္းလုပ္၊ ကိုယ္ကိုယ္တိုင္လည္း ရယ္ရယ္ေမာေမာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေန ရေအာင္ အႏိုင္ယူ ျဖတ္ေက်ာ္ျပမယ္”လို႔ ေခးဆက္သြင္က ေျပာထားပါတယ္

ေခးဆက္သြင္ဟာ ဇူလိုင္လ ၁၅ ရက္ေန႔က အနံ႔ေပ်ာက္၊ အရသာ ေပ်ာက္ေနတာ ၄ ရက္ရွိၿပီ ျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပး ေျပာျပခဲ့တာ ျဖစ္ပါတယ္။ဇူလိုင္လအတြင္း အႏုပညာရွင္မ်ားထဲမွာ အဆိုေတာ္ ေကာ္နီ၊ တင္ဇာေမာ္၊ ေအာင္ထက္၊ အလွမယ္ ဟန္ေလး၊

ႏွင္းေသြးယုေအာင္၊ လူ႐ႊင္ေတာ္ ၿငိမ္းခ်မ္းတို႔ ငဗစ္ ေရာဂါ ကူးစက္ခံခဲ့ရေၾကာင္း သိရပါတယ္

အဆိုေတာ္ တင္ဇာေမာ္

တင္ဇာေမာ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အနံ႔ေပ်ာက္သြားေၾကာင္း အသိေပးထားၿပီး၊ ဟန္ေလးကလည္း ရက္ ၂၀ ေက်ာ္တဲ့အထိ အနံ႔ အရသာ အျပည့္အဝ မရေသးဘူးလို႔ ဆိုပါတယ္။

အဆိုေတာ္ ေအာင္ထက္က ျပည္သူမ်ား ငဗစ္ ေရာဂါ ဂ႐ုစိုက္ၾကဖို႔နဲ႔ သူကိုယ္တိုင္လည္း ငဗစ္ ေရာဂါကိုတြန္းလွန္ေနေၾကာင္း ဇူလိုင္လ ၁၈ ရက္ေန႔က Live လႊင့္ ေျပာခဲ့တာ ျဖစ္ပါတယ္

လူ႐ႊင္ေတာ္ ၿငိမ္းခ်မ္း

လူ႐ႊင္ေတာ္ၿငိမ္းခ်မ္းကေတာ့လြန္ခဲ့တဲ့၃ရက္ခန႔္ကအနံ႔ေပ်ာက္ဖ်ားေနခဲ့တာျဖစ္ၿပီး၊လက္ရွိမွာေတာ့မိသားစုေတြက်န္းမာေရးအနည္းငယ္ ျပန္လည္ သက္သာလာၿပီလို႔ သိရပါတယ္

Unicode

ဇူလိုင်လအတွင်း ငဗစ် ရောဂါ ကူးစက်ခံခဲ့ရတဲ့ သရုပ်ဆောင် ခေးဆက်သွင်က ၁၄ ရက် ပြည့်လို့ ရောဂါ အနည်းငယ် သက်သာလာပြီလို့ ဆိုပါတယ်


“အခုတော့ ၁၄ ရက်ပြည့်လို့ နည်းနည်း သက်သာလာပါပြီ။ စိတ်ရော လူရော လှိမ့်နေအောင် ခံစားလိုက်ရပါတယ်။ P ဖြစ်သွားမှ တခြားအရာတွေ အားလုံးထက် မိတ်ကောင်းဆွေကောင်း၊ မိသားစုကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ အဆက်အသွယ်ကောင်းတွေ ရှိခဲ့တာက အဖိုးတန်မှန်း သိခွင့်ရခဲ့ပါတယ်

“စိတ်ဓာတ်ခွန်အား၊ အကြံဉာဏ်အား၊ အစားအသောက်၊ အကူအညီ၊ ဆေးဝါးလမ်းညွှန်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တာထက် ပိုပါတယ်”လို့ ခေးဆက်သွင်က ဆိုပါတယ်။
သရုပ်ဆောင် ခေးဆက်သွင်ရောဂါ ခံစားရစဉ်မှာ စိတ်ပျော်ရွှင်အောင် နေထိုင်ခဲ့ပုံနဲ့ အာဟာရ ရှိအောင် စားသောက်ခဲ့ပုံကို ခေးဆက်သွင်က အခုလိုပဲ မျှဝေထားပါတယ်

“အစားကို ရှိသမျှ အကုန်စား၊ ညဆို ၈ နာရီခွဲအိပ်။ မနက် ၅ နာရီခွဲထ၊ တရားလေးတွေ ဖွင့်ထား။ ပြီးတာနဲ့ တင်ဇာမော်ရဲ့ “စိတ်မညစ်နဲ့” သီချင်းကို ထပ်ခါထပ်ခါဖွင့် နားထောင်၊ နေ့လယ် ပြန်အိပ်။ ဆရာဝန် တယောက်ရဲ့ အကူအညီနဲ့ သောက်ရမယ့် ဆေးတွေ၊

နေထိုင်ရမယ့် ပုံစံတွေ တသွေမတိမ်း လိုက်နာ”“ရေသောက်၊ ဓာတ်ဆားသောက်၊ ရေနွေးငွေ့ရှူ၊ အသက်ရှူ လေ့ကျင့်ခန်းလုပ်၊ ကိုယ်ကိုယ်တိုင်လည်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နေ။ ရအောင် အနိုင်ယူ ဖြတ်ကျော်ပြမယ်”လို့ ခေးဆက်သွင်က ပြောထားပါတယ်

ခေးဆက်သွင်ဟာ ဇူလိုင်လ ၁၅ ရက်နေ့က အနံ့ပျောက်၊ အရသာ ပျောက်နေတာ ၄ ရက်ရှိပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး ပြောပြခဲ့တာ ဖြစ်ပါတယ်။ဇူလိုင်လအတွင်း အနုပညာရှင်များထဲမှာ အဆိုတော် ကော်နီ၊ တင်ဇာမော်၊ အောင်ထက်၊ အလှမယ် ဟန်လေး၊ နှင်းသွေးယုအောင်၊ လူရွှင်တော် ငြိမ်းချမ်းတို့ ငဗစ် ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရပါတယ်

အဆိုတော် တင်ဇာမော်

တင်ဇာမော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အနံ့ပျောက်သွားကြောင်း အသိပေးထားပြီး၊ ဟန်လေးကလည်း ရက် ၂၀ ကျော်တဲ့အထိ အနံ့ အရသာ အပြည့်အဝ မရသေးဘူးလို့ ဆိုပါတယ်

အလှမယ် ဟန်လေး

အဆိုတော် အောင်ထက်က ပြည်သူများ ငဗစ် ရောဂါ ဂရုစိုက်ကြဖို့နဲ့ သူကိုယ်တိုင်လည်း ငဗစ် ရောဂါကို
တွန်းလှန်နေကြောင်း ဇူလိုင်လ ၁၈ ရက်နေ့က Live လွှင့် ပြောခဲ့တာ ဖြစ်ပါတယ်

လူရွှင်တော် ငြိမ်းချမ်း

လူရွှင်တော် ငြိမ်းချမ်းကတော့ လွန်ခဲ့တဲ့ ၃ ရက်ခန့်က အနံ့ပျောက် ဖျားနေခဲ့တာဖြစ်ပြီး၊ လက်ရှိမှာတော့ မိသားစုတွေ ကျန်းမာရေး အနည်းငယ် ပြန်လည် သက်သာလာပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published.