U-30 တိုက္ေလယာဥ္မ်ားအတြက္ ႐ုရွားေလယာဥ္မႉး ၄ ဦးက ေလ့က်င့္ေပးေန၊ ဗုံးေထာင္ခံရသည့္ အတြက္ ေမွာ္ဘီေလတပ္ကို အဓိက စစ္ဆင္ေရး ကြပ္ကြဲမႈ ေနရာအျဖစ္မွ ေလွ်ာ့ခ်မည္

ရန္ကုန္၊ ဇူလိုင္ ၆

အၾကမ္းဖက္စစ္ေကာင္စီက ႐ုရွားထံမွ ဝယ္ယူထားေသာ ႐ုရွား SU-30 တိုက္ ေလယာဥ္မ်ား ယခုႏွစ္ မတ္လအတြင္း ျမန္မာႏိုင္ငံေရာက္ရွိခဲ့ၿပီး လက္ရွိတြင္ အဆိုပါ ေလယာဥ္မ်ားကို ႐ုရွား တိုက္ေလယာဥ္မႉး ၄ ဦးက ျမန္မာေလတပ္မွ အရာရွိမ်ားကို အေမာင္းသင္ေလ့က်င့္ေပးလ်က္ရွိေၾကာင္း ေလတပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

“႐ုရွားပိုင္းေလာ့ ၄ ဦးက မတ္နဲ႔ ဧၿပီေလာက္မွာ အသုတ္ေတြခြဲၿပီး ေရာက္တယ္။ စေရာက္ကတည္းက ေနတာက တံတားဦးဘက္ မႏၲေလးဘက္မွာေနတယ္။ ေနာက္ေတာ့ ေမွာ္ဘီ၊ ေနျပည္ေတာ္ လိုအပ္သလို သြားဖို႔စီစဥ္ေပးတယ္။ ၿပီးရင္ တံတားဦးမွာ ျပန္နားတယ္။ ပိုင္းေလာ့ႀကီးပဲက ႐ုရွား ၄ ဦးပါ။ တြဲဖက္ၿပီး ဗုံးက်ဲတာေတြလည္းရွိတယ္။

အခု ႐ုရွားေတြက တိုက္ေလယာဥ္အသစ္အတြက္ ေလ့က်င့္ေပးေနတဲ့ ေလတပ္အရာရွိေတြက ဗိုလ္မႉးအဆင့္ေတြပါ။ တြဲဖက္ေလ့က်င့္တယ္။ လက္ေတြ႕ ဗုံးက်ဲတာေတြ လုပ္ပါတယ္” ဟု ေလတပ္ သတင္းရင္းျမစ္က ေျပာသည္။

ဇူလိုင္လ ၁ ရက္ေန႔တြင္ ေနျပည္ေတာ္ေလဆိပ္သို႔ ႐ုရွားကုန္တင္ေလယာဥ္တစ္စီး ဆိုက္ေရာက္ခဲ့ၿပီး အဆိုပါ ေလယာဥ္ႏွင့္အတူ ေလတပ္ႏွင့္ၾကည္းတပ္အတြက္ စစ္ဘက္ဆိုင္ ရာ ကိရိယာပစၥည္းမ်ား ပါလာခဲ့ေၾကာင္း၊ ယင္းေလယာဥ္သည္ ဇူလိုင္လ ၃ ရက္ေန႔တြင္မွ ေနျပည္ေတာ္ ေလဆိပ္မွ ျပန္လည္ ထြက္ခြာသြားခဲ့ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားအတြက္ ေမွာ္ဘီေလတပ္သည္ အဓိ က စစ္ဆင္ေရး ကြပ္ကဲမႈ စခန္းအျဖစ္ သတ္မွတ္ၿပီး အျခားေလတပ္မ်ားက ေမွာ္ဘီ ေလတပ္သို႔ အလွည့္က် အမႈထမ္းရျခင္းမ်ားရွိေၾကာင္း၊

သို႔ရာတြင္ ေလတပ္ သတင္းမ်ား ေပါက္ၾကားမႈမ်ား မ်ားျပားသည့္အျပင္ ဇြန္လ ၂၈ ရက္ေန႔ ညပိုင္း ေမွာ္ဘီေလတပ္ ေလယာဥ္သိုေလွာင္႐ုံတြင္ ဗုံးေထာင္မႈပါ ျဖစ္ပြားသည့္အတြက္ အဓိက စစ္ဆင္ေရး ေနရာအျဖစ္မွ ေလွ်ာ့ခ်ၿပီး အျခား ေလတပ္တစ္ခုကို စစ္ဆင္ေရးႏွင့္ကြပ္ကဲေရး အဓိက ေနရာအျဖစ္ ေျပာင္းလဲရန္ စီစဥ္လ်က္ရွိေၾကာင္း သိရွိရသည္။

“ဇြန္လ ၂၈ ရက္ေန႔ ညပိုင္း ဗုံးေထာင္တာမွာ အႀကီးစားဗုံးေတြ မေပါက္ကြဲေပမယ့္ အေသးစား ေပါက္ကြဲမႈ ျဖစ္သြားတယ္။ ေလယာဥ္ထိတယ္လို႔ သိရပါတယ္။ Yak 130 ေလယာဥ္ထိတယ္လို႔ သိထားတယ္။ အဲဒီကိစၥကလည္း အခုအခ်ိန္ အထိကို အေတာ္ဂယက္႐ိုက္တယ္။ ေခတ္သစ္မွာ ဗုံးေထာင္တဲ့သူ အင္တာဗ်ဴးတက္လာေတာ့ ပိုဆိုးကုန္တယ္” ဟု ေမွာ္ဘီေလတပ္သတင္းရင္းျမစ္က ေျပာသည္ ။

Photo- Agency။

U-30 တိုက်လေယာဉ်များအတွက် ရုရှားလေယာဉ်မှူး ၄ ဦးက လေ့ကျင့်ပေးနေ၊ ဗုံးထောင်ခံရသည့် အတွက် မှော်ဘီလေတပ်ကို အဓိက စစ်ဆင်ရေး ကွပ်ကွဲမှု နေရာအဖြစ်မှ လျှော့ချမည်

ရန်ကုန်၊ ဇူလိုင် ၆

အကြမ်းဖက်စစ်ကောင်စီက ရုရှားထံမှ ဝယ်ယူထားသော ရုရှား SU-30 တိုက် လေယာဉ်များ ယခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံရောက်ရှိခဲ့ပြီး လက်ရှိတွင် အဆိုပါ လေယာဉ်များကို ရုရှား တိုက်လေယာဉ်မှူး ၄ ဦးက မြန်မာလေတပ်မှ အရာရှိများကို အမောင်းသင်လေ့ကျင့်ပေးလျက်ရှိကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

“ရုရှားပိုင်းလော့ ၄ ဦးက မတ်နဲ့ ဧပြီလောက်မှာ အသုတ်တွေခွဲပြီး ရောက်တယ်။ စရောက်ကတည်းက နေတာက တံတားဦးဘက် မန္တလေးဘက်မှာနေတယ်။ နောက်တော့ မှော်ဘီ၊ နေပြည်တော် လိုအပ်သလို သွားဖို့စီစဉ်ပေးတယ်။ ပြီးရင် တံတားဦးမှာ ပြန်နားတယ်။ ပိုင်းလော့ကြီးပဲက ရုရှား ၄ ဦးပါ။ တွဲဖက်ပြီး ဗုံးကျဲတာတွေလည်းရှိတယ်။

အခု ရုရှားတွေက တိုက်လေယာဉ်အသစ်အတွက် လေ့ကျင့်ပေးနေတဲ့ လေတပ်အရာရှိတွေက ဗိုလ်မှူးအဆင့်တွေပါ။ တွဲဖက်လေ့ကျင့်တယ်။ လက်တွေ့ ဗုံးကျဲတာတွေ လုပ်ပါတယ်” ဟု လေတပ် သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်လေဆိပ်သို့ ရုရှားကုန်တင်လေယာဉ်တစ်စီး ဆိုက်ရောက်ခဲ့ပြီး အဆိုပါ လေယာဉ်နှင့်အတူ လေတပ်နှင့်ကြည်းတပ်အတွက် စစ်ဘက်ဆိုင် ရာ ကိရိယာပစ္စည်းများ ပါလာခဲ့ကြောင်း၊ ယင်းလေယာဉ်သည် ဇူလိုင်လ ၃ ရက်နေ့တွင်မှ နေပြည်တော် လေဆိပ်မှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုများအတွက် မှော်ဘီလေတပ်သည် အဓိ က စစ်ဆင်ရေး ကွပ်ကဲမှု စခန်းအဖြစ် သတ်မှတ်ပြီး အခြားလေတပ်များက မှော်ဘီ လေတပ်သို့ အလှည့်ကျ အမှုထမ်းရခြင်းများရှိကြောင်း၊

သို့ရာတွင် လေတပ် သတင်းများ ပေါက်ကြားမှုများ များပြားသည့်အပြင် ဇွန်လ ၂၈ ရက်နေ့ ညပိုင်း မှော်ဘီလေတပ် လေယာဉ်သိုလှောင်ရုံတွင် ဗုံးထောင်မှုပါ ဖြစ်ပွားသည့်အတွက် အဓိက စစ်ဆင်ရေး နေရာအဖြစ်မှ လျှော့ချပြီး အခြား လေတပ်တစ်ခုကို စစ်ဆင်ရေးနှင့်ကွပ်ကဲရေး အဓိက နေရာအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

“ဇွန်လ ၂၈ ရက်နေ့ ညပိုင်း ဗုံးထောင်တာမှာ အကြီးစားဗုံးတွေ မပေါက်ကွဲပေမယ့် အသေးစား ပေါက်ကွဲမှု ဖြစ်သွားတယ်။ လေယာဉ်ထိတယ်လို့ သိရပါတယ်။ Yak 130 လေယာဉ်ထိတယ်လို့ သိထားတယ်။ အဲဒီကိစ္စကလည်း အခုအချိန် အထိကို အတော်ဂယက်ရိုက်တယ်။ ခေတ်သစ်မှာ ဗုံးထောင်တဲ့သူ အင်တာဗျူးတက်လာတော့ ပိုဆိုးကုန်တယ်” ဟု မှော်ဘီလေတပ်သတင်းရင်းမြစ်က ပြောသည် ။

Photo- Agency။

Leave a Reply

Your email address will not be published.