ျပည္ခိုင္ၿဖိဳးပါတီ အကြဲအၿပဲမ်ားၾကားမွ ေငြအလြဲသုံးစားမႈ ေပၚေပါက္

ပါတီ၏ ေျပာေရးဆိုခြင့္တာဝန္ယူထားသူက ပါတီရန္ပုံေငြထဲမွ သိန္းေပါင္း ႏွစ္ေသာင္း ေခ်းယူထားသည္ဟု မင္းကင္းေမာင္ျမင့္က စြပ္စြဲလိုက္ၿပီး ဓားျပတိုက္သည့္လုပ္ရပ္ျဖစ္သည္ဟုလည္း ေဝဖန္လိုက္သည္။

စစ္တပ္က တည္ေထာင္ထားသည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအတြင္း ေခါင္းေဆာင္ပိုင္းဆိုင္ရာ အျငင္းပြားမႈမ်ားႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ ပါတီရန္ပုံေငြ အလြဲသုံးစားျပဳလုပ္သည့္ သတင္းမ်ားလည္း ထပ္မံေပၚေပါက္လာသည္။

ပါတီ၏ လူငယ္ေခါင္းေဆာင္ႏွင့္ ပါတီေျပာေရးဆိုခြင့္ရွိသူတစ္ဦးလည္းျဖစ္သူ ဦးနႏၵာလွျမင့္က ပါတီရန္ပုံေငြ က်ပ္သိန္းႏွစ္ေသာင္းကို ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ (CEC) ၏ ဆုံးျဖတ္ခ်က္ျဖင့္ ေခ်းယူ သုံးစြဲထားသည္ဟု ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္တစ္ဦးလည္းျဖစ္သူ ဦးေမာင္ျမင့္ ေခၚ မင္းကင္းေမာင္ျမင့္က စြပ္စြဲေျပာဆိုလိုက္ျခင္းျဖစ္သည္။

“အခုအခ်ိန္မွာ ပါတီရဲ႕ ေျပာေရးဆိုခြင့္အေနနဲ႔ သတ္မွတ္ထားတဲ့ ေဒါက္တာနႏၵာလွျမင့္ကို သိန္းေပါင္းႏွစ္ေသာင္း ေခ်းတယ္ဆိုၿပီး သတင္းေတြျဖစ္ေနတယ္။ ျဖစ္ဖို႔လည္း မ်ားေနၿပီ။ အဲဒီသိန္းေပါင္း ႏွစ္ေသာင္းေခ်းတယ္ဆိုတဲ့ဟာကို ဘယ္လို EC အစည္းအေဝး၊ CEC အစည္းအေဝးထိုင္ၿပီးေတာ့ ဆုံးျဖတ္ခဲ့လဲဆိုတာကို ကြၽန္ေတာ္ နားမလည္ဘူး” ဟု ၎က ေျပာဆိုထားသည္။

ယမန္ေန႔ (ဇူလိုင္ ၄) ညပိုင္းက ထုတ္လႊင့္ခဲ့သည့္ ၁၅ မိနစ္ေက်ာ္ၾကာျမင့္သည့္ ႐ုပ္သံဖိုင္တစ္ခုတြင္ မင္းကင္းေမာင္ျမင့္က စြပ္စြဲေျပာဆိုခဲ့ျခင္းျဖစ္သည္။

ထို႐ုပ္သံဖိုင္ကို “မင္းကင္းေမာင္ျမင့္ ဘဝတစ္ေကြ႕” ဟု အမည္ေပးထားၿပီး ပါတီတြင္း အကြဲအၿပဲဇာတ္လမ္းမ်ားစြာကို မင္းကင္းေမာင္ျမင့္က ထုတ္ေဖာ္ေျပာဆိုထားသည္။

မင္းကင္ေမာင္ျမင့္က လက္ရွိ ပါတီဥကၠ႒ျဖစ္သူ ဦးသန္းေဌး၏ ေခါင္းေဆာင္မႈအေပၚ အဓိက ေဝဖန္ေထာက္ျပထားၿပီး ပါတီရန္ပုံေငြကို ဓားျပတိုက္သည့္ လုပ္ရပ္ျဖစ္သည္ဟု ၎က သုံးသပ္ထားသည္။

ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝး၏ ဆုံးျဖတ္ခ်က္ျဖင့္ ပါတီရန္ပုံေငြကို ေခ်းေငြအျဖစ္ ထုတ္ေခ်းသည္ဆိုပါက မွားယြင္းသည့္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ရန္ (သို႔မဟုတ္) ဓားျပတိုက္ရန္ တိုင္ပင္ၾကျခင္းသာျဖစ္သည္ဟု မင္းကင္းေမာင္ျမင့္က ဆိုသည္။

“အိမ္တစ္အိမ္ကို သြားၿပီး ဓားျပတိုက္မယ္ဆိုတာ လူ ၃ ေယာက္ အစည္းအေဝးထိုင္တာ မွန္တယ္လို႔ ေျပာလို႔ မရဘူးေလ၊ အစည္းအေဝးထိုင္တိုင္း မွန္တယ္လို႔ ေျပာလို႔ မရဘူးေလ။ ပါတီမွာ လုပ္ထုံးလုပ္နည္းရွိတယ္၊ ပါတီရဲ႕ ပိုက္ဆံကို အဲဒီလို ေခ်းခြင့္ရွိသလား” ဟု ၎က ဆက္ေျပာသည္။

ဦးနႏၵာလွျမင့္ပိုင္ဆိုင္သည့္ မင္းက်န္စစ္ေဆာက္လုပ္ေရးကုမၸဏီက ရွမ္းျပည္နယ္အစိုးရကို တိုးရင္းေပါင္း က်ပ္ေငြ ၄ ဘီလ်ံခန႔္ အေႂကြးဆပ္ရန္ က်န္ရွိေနသည္မွာ ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္ခင္ကတည္းက ျဖစ္သည္၊ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းတြင္ ထိုေငြေၾကးေပးဆပ္မႈရွိမရွိ အေျခအေနကို တိတိက်က်မသိရေသးေပ။

ေႂကြးၿမီမ်ားအနက္ က်ပ္ ၁ ဒသမ ၆ ဘီလ်ံကို ၂၀၂၁ မတ္လအတြင္း ျပန္ဆပ္ရမည္ျဖစ္ၿပီး က်ပ္ ၂ ဘီလ်ံႏွင့္ ညီမွ်ေသာ တန္ဖိုးအတြက္ ကုမၸဏီ၏ တိုက္ခန္းေပါင္း ၃၀၀ ေက်ာ္ကို သိမ္းယူသြားမည္ဟု ရွမ္းျပည္နယ္အစိုးရက သတင္းထုတ္ျပန္ခဲ့သည္။

ယေန႔ Myanmar Now က ဦးနႏၵလွျမင့္ကို ဆက္သြယ္ေမးျမန္းေသာအခါ မင္းကင္းေမာင္ျမင့္၏ ထိုစြပ္စြဲေျပာဆိုခ်က္မ်ားႏွင့္ ပတ္သက္ၿပီး သူ႔တြင္ ေျပာစရာမရွိေၾကာင္း ေျပာသည္။

မင္းကင္းေမာင္ျမင့္ဟု လူသိမ်ားသူ အသက္ ၆၄ ႏွစ္အ႐ြယ္ ဦးေမာင္ျမင့္သည္ ၂၀၁၀ ႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲမ်ားတြင္ မေကြးတိုင္း၊ မင္းကင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွ အႏိုင္ရရွိခဲ့သူျဖစ္သည္။

သို႔ေသာ္လည္း ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္မူ အဓိကၿပိဳင္ဘက္ျဖစ္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီကို မဲအျပတ္အသတ္ျဖင့္ ရႈံးနိမ့္ခဲ့သည္။

၎သည္ ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း ဦးသန္းေ႐ႊဦးေဆာင္သည့္ စစ္အစိုးရေခတ္တြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး တာဝန္ထမ္းေဆာင္ခဲ့ၿပီး စစ္တပ္က ဦးေဆာင္က်င္းပခဲ့သည့္ ၂၀၁၀ ေ႐ြးေကာက္ပြဲအၿပီး ဦးသိန္းစိန္အစိုးရ၏ အလုပ္သမားဝန္ႀကီး၊ စက္မႈဝန္ႀကီး တာဝန္မ်ားကို ထမ္းေဆာင္ခဲ့သူျဖစ္သည္။

စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ားဦးေဆာင္ေသာ ပါတီ၏ ဌာနခ်ဳပ္ရွိရာ ေနျပည္ေတာ္၌ ႏွစ္ရက္တာ က်င္းပခဲ့ေသာ ထိပ္သီးအစည္းအေဝးမွာ မေက်လည္မႈမ်ားျဖင့္ အဆုံးသတ္ခဲ့ေၾကာင္း သိရသည္။

ဇြန္ ၁၀ က က်င္းပသည့္ ပါတီထိပ္သီးအစည္းအေဝးပြဲအၿပီး ပါတီတြင္း အကြဲအၿပဲဇာတ္လမ္းမွာ ပိုမိုႀကီးမားလာခဲ့ကာ ပါတီဥကၠ႒ ဦးသန္းေဌး၏ ေခါင္းေဆာင္မႈအေပၚ အဓိကအျငင္းပြားခဲ့ရျခင္းျဖစ္ေၾကာင္း ပါတီႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ပါတီ၏ ေခါင္းေဆာင္ပိုင္းတခ်ိဳ႕ကို တိုက္႐ိုက္ၫႊန္ၾကားၿပီး ပါတီကို ႀကိဳးကိုင္ျခယ္လွယ္ေနသည္ဟု သတင္းထြက္ေပၚေနေသာ္လည္း Myanmar Now က သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

ပါတီဥကၠ႒ ဦးသန္းေဌးက ဘဝ၏ အဆိုးအေကာင္း၊ အေျပာင္းအလဲမ်ားႏွင့္ မေရရာမႈမ်ားကို ျမင္ေတြ႕ေနရၿပီး အခ်ိန္မေ႐ြး ဂငယ္ေကြ႕သာမက၊ ေျပာင္းျပန္ေဇာက္ထိုးျဖစ္တတ္သည့္သေဘာကို ႀကိဳေတြးထားသည္ဟု ၎ကိုယ္တိုင္ အသုံးျပဳသည့္ ဆိုရွယ္မီဒီယာစာမ်က္ႏွာတြင္ ေရးသားထားသည္။

“ေလာကဓံရွစ္ပါးကို ရင္ဆိုင္ရတဲ့အခါ တရားလက္လြတ္မျဖစ္ေစခ်င္လို႔ပါ၊ မင္းခေယာက္်ား ကမ္းနားသစ္ပင္“ ဟု ဇြန္ ၂၇ တြင္ ဦးသန္းေဌးက ေရးသားထားသည္။source-ျမန္မာေနာင္း

ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲများကြားမှ ငွေအလွဲသုံးစားမှု ပေါ်ပေါက်

ပါတီ၏ ပြောရေးဆိုခွင့်တာဝန်ယူထားသူက ပါတီရန်ပုံငွေထဲမှ သိန်းပေါင်း နှစ်သောင်း ချေးယူထားသည်ဟု မင်းကင်းမောင်မြင့်က စွပ်စွဲလိုက်ပြီး ဓားပြတိုက်သည့်လုပ်ရပ်ဖြစ်သည်ဟုလည်း ဝေဖန်လိုက်သည်။

စစ်တပ်က တည်ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ခေါင်းဆောင်ပိုင်းဆိုင်ရာ အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီရန်ပုံငွေ အလွဲသုံးစားပြုလုပ်သည့် သတင်းများလည်း ထပ်မံပေါ်ပေါက်လာသည်။

ပါတီ၏ လူငယ်ခေါင်းဆောင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်သူ ဦးနန္ဒာလှမြင့်က ပါတီရန်ပုံငွေ ကျပ်သိန်းနှစ်သောင်းကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ၏ ဆုံးဖြတ်ချက်ဖြင့် ချေးယူ သုံးစွဲထားသည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဦးမောင်မြင့် ခေါ် မင်းကင်းမောင်မြင့်က စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။

“အခုအချိန်မှာ ပါတီရဲ့ ပြောရေးဆိုခွင့်အနေနဲ့ သတ်မှတ်ထားတဲ့ ဒေါက်တာနန္ဒာလှမြင့်ကို သိန်းပေါင်းနှစ်သောင်း ချေးတယ်ဆိုပြီး သတင်းတွေဖြစ်နေတယ်။ ဖြစ်ဖို့လည်း များနေပြီ။ အဲဒီသိန်းပေါင်း နှစ်သောင်းချေးတယ်ဆိုတဲ့ဟာကို ဘယ်လို EC အစည်းအဝေး၊ CEC အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်ခဲ့လဲဆိုတာကို ကျွန်တော် နားမလည်ဘူး” ဟု ၎င်းက ပြောဆိုထားသည်။

ယမန်နေ့ (ဇူလိုင် ၄) ညပိုင်းက ထုတ်လွှင့်ခဲ့သည့် ၁၅ မိနစ်ကျော်ကြာမြင့်သည့် ရုပ်သံဖိုင်တစ်ခုတွင် မင်းကင်းမောင်မြင့်က စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုရုပ်သံဖိုင်ကို “မင်းကင်းမောင်မြင့် ဘဝတစ်ကွေ့” ဟု အမည်ပေးထားပြီး ပါတီတွင်း အကွဲအပြဲဇာတ်လမ်းများစွာကို မင်းကင်းမောင်မြင့်က ထုတ်ဖော်ပြောဆိုထားသည်။

မင်းကင်မောင်မြင့်က လက်ရှိ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေး၏ ခေါင်းဆောင်မှုအပေါ် အဓိက ဝေဖန်ထောက်ပြထားပြီး ပါတီရန်ပုံငွေကို ဓားပြတိုက်သည့် လုပ်ရပ်ဖြစ်သည်ဟု ၎င်းက သုံးသပ်ထားသည်။

ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ပါတီရန်ပုံငွေကို ချေးငွေအဖြစ် ထုတ်ချေးသည်ဆိုပါက မှားယွင်းသည့် ဆုံးဖြတ်ချက်ကို ချမှတ်ရန် (သို့မဟုတ်) ဓားပြတိုက်ရန် တိုင်ပင်ကြခြင်းသာဖြစ်သည်ဟု မင်းကင်းမောင်မြင့်က ဆိုသည်။

“အိမ်တစ်အိမ်ကို သွားပြီး ဓားပြတိုက်မယ်ဆိုတာ လူ ၃ ယောက် အစည်းအဝေးထိုင်တာ မှန်တယ်လို့ ပြောလို့ မရဘူးလေ၊ အစည်းအဝေးထိုင်တိုင်း မှန်တယ်လို့ ပြောလို့ မရဘူးလေ။ ပါတီမှာ လုပ်ထုံးလုပ်နည်းရှိတယ်၊ ပါတီရဲ့ ပိုက်ဆံကို အဲဒီလို ချေးခွင့်ရှိသလား” ဟု ၎င်းက ဆက်ပြောသည်။

ဦးနန္ဒာလှမြင့်ပိုင်ဆိုင်သည့် မင်းကျန်စစ်ဆောက်လုပ်ရေးကုမ္ပဏီက ရှမ်းပြည်နယ်အစိုးရကို တိုးရင်းပေါင်း ကျပ်ငွေ ၄ ဘီလျံခန့် အကြွေးဆပ်ရန် ကျန်ရှိနေသည်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဖြစ်သည်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုငွေကြေးပေးဆပ်မှုရှိမရှိ အခြေအနေကို တိတိကျကျမသိရသေးပေ။

ကြွေးမြီများအနက် ကျပ် ၁ ဒသမ ၆ ဘီလျံကို ၂၀၂၁ မတ်လအတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ကျပ် ၂ ဘီလျံနှင့် ညီမျှသော တန်ဖိုးအတွက် ကုမ္ပဏီ၏ တိုက်ခန်းပေါင်း ၃၀၀ ကျော်ကို သိမ်းယူသွားမည်ဟု ရှမ်းပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့ Myanmar Now က ဦးနန္ဒလှမြင့်ကို ဆက်သွယ်မေးမြန်းသောအခါ မင်းကင်းမောင်မြင့်၏ ထိုစွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်ပြီး သူ့တွင် ပြောစရာမရှိကြောင်း ပြောသည်။

မင်းကင်းမောင်မြင့်ဟု လူသိများသူ အသက် ၆၄ နှစ်အရွယ် ဦးမောင်မြင့်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် မကွေးတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူဖြစ်သည်။

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ အဓိကပြိုင်ဘက်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဦးဆောင်သည့် စစ်အစိုးရခေတ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရ၏ အလုပ်သမားဝန်ကြီး၊ စက်မှုဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သော ပါတီ၏ ဌာနချုပ်ရှိရာ နေပြည်တော်၌ နှစ်ရက်တာ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးမှာ မကျေလည်မှုများဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၀ က ကျင်းပသည့် ပါတီထိပ်သီးအစည်းအဝေးပွဲအပြီး ပါတီတွင်း အကွဲအပြဲဇာတ်လမ်းမှာ ပိုမိုကြီးမားလာခဲ့ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ခေါင်းဆောင်မှုအပေါ် အဓိကအငြင်းပွားခဲ့ရခြင်းဖြစ်ကြောင်း ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပါတီ၏ ခေါင်းဆောင်ပိုင်းတချို့ကို တိုက်ရိုက်ညွှန်ကြားပြီး ပါတီကို ကြိုးကိုင်ခြယ်လှယ်နေသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဘဝ၏ အဆိုးအကောင်း၊ အပြောင်းအလဲများနှင့် မရေရာမှုများကို မြင်တွေ့နေရပြီး အချိန်မရွေး ဂငယ်ကွေ့သာမက၊ ပြောင်းပြန်ဇောက်ထိုးဖြစ်တတ်သည့်သဘောကို ကြိုတွေးထားသည်ဟု ၎င်းကိုယ်တိုင် အသုံးပြုသည့် ဆိုရှယ်မီဒီယာစာမျက်နှာတွင် ရေးသားထားသည်။

“လောကဓံရှစ်ပါးကို ရင်ဆိုင်ရတဲ့အခါ တရားလက်လွတ်မဖြစ်စေချင်လို့ပါ၊ မင်းခယောက်ျား ကမ်းနားသစ်ပင်“ ဟု ဇွန် ၂၇ တွင် ဦးသန်းဌေးက ရေးသားထားသည်။source-မြန်မာနောင်း

Leave a Reply

Your email address will not be published.