စစ္ေၾကာေရးက ထြက္ေျပးလာတဲ့ လူငယ္ ၃ဦးမွာ ၂ဦး လြတ္ေျမာက္ၿပီး ၁ဦးျပန္ဖမ္းခံရ

ေျမလတ္အသံ၊ ဇူလိုင္၅၊ ၂၀၂၂။

စစ္ကိုင္းတိုင္း ခ်င္းတြင္းျမစ္အေနာက္ဘက္ကမ္း သပိတ္ေခါင္းေဆာင္တဦးနဲ႔ ဒီပဲယင္းနယ္ခံ လူငယ္၂ဦးတို႔ ဖမ္းဆီးခံရၿပီး စစ္ေၾကာေရးက ထြက္ေျပးလာခ်ိန္မွာ ၁ဦး ျပန္ဖမ္းခံရၿပီး ေသဆုံးသြားၿပီလို႔ သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။

ဇူလိုင္လ ၂ရက္က ဘုတလင္ၿမိဳ႕နဲ႔ ဒီပဲယင္းၿမိဳ႕နယ္ၾကား ကတိုး႐ြာအနီးမွာ ခ်င္းတြင္းျမစ္အေနာက္ဘက္ကမ္းလူငယ္သပိတ္ေခါင္းေဆာင္ ဝင္းမိုးေဇာ္( ခ) အဝင္းေလး နဲ႔ အတူ ဒီပဲယင္းနယ္ခံ လူငယ္ ၂ဦး တို႔ စစ္ေကာင္စီကင္းပုန္းနဲ႔ ထိပ္တိုက္တိုးၿပီး ဖမ္းဆီးခံခဲ့ရတယ္လို႔ မုံ႐ြာပင္မသပိတ္စစ္ေၾကာင္း ေကာ္မတီ တာဝန္ရွိသူတဦးက ေျပာပါတယ္။

အသက္၁၉ႏွစ္အ႐ြယ္ ဝင္းမိုးေဇာ္နဲ႔ အတူဖမ္းဆီးခံလိုက္ရတဲ့ လူငယ္၂ဦးတို႔ကို ဘုတလင္ၿမိဳ႕နယ္ ကူေတာ္ေက်း႐ြာရဲစခန္းမွာ ႏွိပ္စက္စစ္ေဆးခံရၿပီး ဇူလိုင္လ ၃ရက္ မနက္မွာ သူတို႔ ၃ဦး ထြက္ေျပးခဲ့ၾကၿပီး ၂ဦး လြတ္ေျမာက္လာခဲ့တယ္လို႔ ေျပာပါတယ္။

” သူတို႔ ၃ေယာက္မွာ လြတ္လာတဲ့ ၂ေယာက္ထဲက တေယာက္က ႀကိဳး‌ျဖည္သြားတယ္၊ ႀကိဳးျဖည္ေတာ့ ေဘးကတေယာက္ကို အရင္ႀကိဳးေျဖေပးတယ္ ၿပီးေတာ့ ဝင္းမိုးေဇာ္ကို သူတို႔ ၂ေယာက္သြားၿပီး ေျဖေပးတယ္၊

ေျဖေပးတဲ့ အခ်ိန္မွာ ဝင္းမိုးေဇာ္က မ်က္လုံးကိုလည္း ႀကိဳးစည္းခံထားရတယ္ လက္ကိုလည္းေနာက္ျပန္ႀကိဳးတုတ္ခံထားရတယ္၊ အဲ့ခ်ိန္မွာ သူတို႔ ႏႈိးၿပီးေတာ့ ႀကိဳးေျဖေပးတယ္၊ ၿပီးေတာ့ ထြက္ေျပးၾကမယ္ဆိုၿပီး တစ္ႏွစ္သုံး တိုင္ပင္ေခၚၿပီးထြက္ေျပးခဲ့ၾကတယ္” လို႔ ေျပာပါတယ္။

လြတ္ေျမာက္ၿပီးလို႔ထင္ရတဲ့ ကြင္းျပင္တေနရာ အေရာက္မွာ ေနာက္လွည့္ၾကည့္ခ်ိန္ ဝင္းမိုးေဇာ္မပါလာပဲ သူတို႔ ၂ဦးတည္း ျဖစ္ေနတာကို သိလိုက္ရေၾကာင္း ျပန္ေျပာျပတယ္လို႔ သိရပါတယ္။

လြတ္ေျမာက္လာသူ ၂ဦးကေတာ့ ေဘးကင္းတဲ့ေနရာ ေရာက္ေနၿပီျဖစ္ေပမယ့္ ထြက္မေျပးႏိုင္ပဲ က်ေနခဲတဲ့ ဝင္းမိုးေဇာ္ကေတာ့ ျပန္အဖမ္းခံရၿပီး စစ္ေၾကာေရးမွာ ေသဆုံးသြားၿပီဆိုတဲ့ သတင္းေတြ ထြက္ေပၚေနၿပီး အတည္မျပဳႏိုင္ေသးဘူးလို႔ သိရပါတယ္။

စစ်ကြောရေးက ထွက်ပြေးလာတဲ့ လူငယ် ၃ဦးမှာ ၂ဦး လွတ်မြောက်ပြီး ၁ဦးပြန်ဖမ်းခံရ

မြေလတ်အသံ၊ ဇူလိုင်၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ခေါင်းဆောင်တဦးနဲ့ ဒီပဲယင်းနယ်ခံ လူငယ်၂ဦးတို့ ဖမ်းဆီးခံရပြီး စစ်ကြောရေးက ထွက်ပြေးလာချိန်မှာ ၁ဦး ပြန်ဖမ်းခံရပြီး သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဇူလိုင်လ ၂ရက်က ဘုတလင်မြို့နဲ့ ဒီပဲယင်းမြို့နယ်ကြား ကတိုးရွာအနီးမှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်( ခ) အဝင်းလေး နဲ့ အတူ ဒီပဲယင်းနယ်ခံ လူငယ် ၂ဦး တို့ စစ်ကောင်စီကင်းပုန်းနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ မုံရွာပင်မသပိတ်စစ်ကြောင်း ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

အသက်၁၉နှစ်အရွယ် ဝင်းမိုးဇော်နဲ့ အတူဖမ်းဆီးခံလိုက်ရတဲ့ လူငယ်၂ဦးတို့ကို ဘုတလင်မြို့နယ် ကူတော်ကျေးရွာရဲစခန်းမှာ နှိပ်စက်စစ်ဆေးခံရပြီး ဇူလိုင်လ ၃ရက် မနက်မှာ သူတို့ ၃ဦး ထွက်ပြေးခဲ့ကြပြီး ၂ဦး လွတ်မြောက်လာခဲ့တယ်လို့ ပြောပါတယ်။

” သူတို့ ၃ယောက်မှာ လွတ်လာတဲ့ ၂ယောက်ထဲက တယောက်က ကြိုး‌ဖြည်သွားတယ်၊ ကြိုးဖြည်တော့ ဘေးကတယောက်ကို အရင်ကြိုးဖြေပေးတယ် ပြီးတော့ ဝင်းမိုးဇော်ကို သူတို့ ၂ယောက်သွားပြီး ဖြေပေးတယ်၊

ဖြေပေးတဲ့ အချိန်မှာ ဝင်းမိုးဇော်က မျက်လုံးကိုလည်း ကြိုးစည်းခံထားရတယ် လက်ကိုလည်းနောက်ပြန်ကြိုးတုတ်ခံထားရတယ်၊ အဲ့ချိန်မှာ သူတို့ နှိုးပြီးတော့ ကြိုးဖြေပေးတယ်၊ ပြီးတော့ ထွက်ပြေးကြမယ်ဆိုပြီး တစ်နှစ်သုံး တိုင်ပင်ခေါ်ပြီးထွက်ပြေးခဲ့ကြတယ်” လို့ ပြောပါတယ်။

လွတ်မြောက်ပြီးလို့ထင်ရတဲ့ ကွင်းပြင်တနေရာ အရောက်မှာ နောက်လှည့်ကြည့်ချိန် ဝင်းမိုးဇော်မပါလာပဲ သူတို့ ၂ဦးတည်း ဖြစ်နေတာကို သိလိုက်ရကြောင်း ပြန်ပြောပြတယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူ ၂ဦးကတော့ ဘေးကင်းတဲ့နေရာ ရောက်နေပြီဖြစ်ပေမယ့် ထွက်မပြေးနိုင်ပဲ ကျနေခဲတဲ့ ဝင်းမိုးဇော်ကတော့ ပြန်အဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published.