ဒလန္သတင္းေပးလို႔ ေနမေကာင္းျဖစ္သူ ဇနီးဆီ ေခတၱ ျပန္လာတဲ့ CDM ရဲတပ္ၾကပ္ႀကီး တစ္ဦး ဖမ္းဆီးခံရ

C8 News

ရန္ကုန္၊ဇူလိုင္(၄)

ေ႐ႊဘိုၿမိဳ႕နယ္မွာ သတင္းေပးဒလန္ေတြေၾကာင့္ မေန႔ကCDM ရဲတပ္ၾကပ္ႀကီးတစ္ဦးကို စစ္တပ္က ႐ိုက္ႏွက္ဖမ္းဆီးခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ဇနီးျဖစ္သူက်န္းမာေရးမေကာင္းလို႔ ေ႐ႊဘိုၿမိဳ႕နယ္ ေကာ့ေက်း႐ြာက ေနအိမ္ကို ေခတၱေရာက္လာတဲ့ CDM ရဲတပ္ၾကပ္ႀကီး သိန္းတန္ ကို မေန႔ညပိုင္းက စစ္တပ္နဲ႔ရဲေတြက႐ိုက္ႏွက္ဖမ္းဆီးသြားတယ္လို႔ ေဒသခံတစ္ဦးက C8 News ကို ေျပာပါတယ္။

“သူ႔မိန္းမေနမေကာင္းလို႔ ခဏ႐ြာကို ေရာက္လာတာ သတင္းေပးေတြက စစ္တပ္ကို ဖုန္းဆက္ေခၚလိုက္တယ္ ညပိုင္းႀကီး လာဖမ္းသြားတာ ႐ိုက္ႏွက္ၿပီးေတာ့”လို႔ ေျပာပါတယ္။

ေ႐ႊဘိုၿမိဳ႕မရဲစခန္းက ရဲတပ္ၾကပ္ႀကီးသိန္းတန္ဟာ စစ္ေကာင္စီလက္ေအာက္မွာ တာဝန္ထမ္းေဆာင္လိုစိတ္မရွိတာေၾကာင့္ အာဏာသိမ္းၿပီးေနာက္ CDM ဝင္ခဲ့သူတစ္ဦးျဖစ္တယ္လို႔ ရဲအသိုင္းအဝိုင္းက သိရပါတယ္။

လက္တေလာမွာ စစ္တပ္က ရဲတပ္ၾကပ္ႀကီးသိန္းတန္ကိုေ႐ႊဘိုၿမိဳ႕မရဲစခန္းမွာ မွတ္တမ္းဓာတ္ပုံ႐ိုက္ကာ ေ႐ႊဘိုစစ္ေၾကာေရးကို ေခၚေဆာင္သြားတယ္လို႔ အုပ္ခ်ဳပ္ေရးနဲ႔နီးစပ္သူတစ္ဦးက C8 News ကို ေျပာပါတယ္။

မေန႔ညက ေ႐ႊဘိုၿမိဳ႕နယ္ (၄) ရပ္ကြက္မွာ ႏိူင္ငံေရးတက္ႂကြလႈပ္ရွားသူလူငယ္ (၇) ဦးကိုလည္း စစ္တပ္က ဖမ္းဆီးခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ေ႐ႊဘိုၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ရက္ေတြကလည္း သတင္းေပးဒလန္ေတြေၾကာင့္ NLD ပါတီဝင္ေတြနဲ႔ ႏိူင္ငံေရးတက္ႂကြလႈပ္ရွားသူလူငယ္အခ်ိဳ႕ဖမ္းဆီးခံခဲ့သလို ေနအိမ္ေတြခ်ိတ္ပိတ္ခံခဲ့ရပါတယ္။

ဒလန်သတင်းပေးလို့ နေမကောင်းဖြစ်သူ ဇနီးဆီ ခေတ္တ ပြန်လာတဲ့ CDM ရဲတပ်ကြပ်ကြီး တစ်ဦး ဖမ်းဆီးခံရ

C8 News

ရန်ကုန်၊ဇူလိုင်(၄)

ရွှေဘိုမြို့နယ်မှာ သတင်းပေးဒလန်တွေကြောင့် မနေ့ကCDM ရဲတပ်ကြပ်ကြီးတစ်ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇနီးဖြစ်သူကျန်းမာရေးမကောင်းလို့ ရွှေဘိုမြို့နယ် ကော့ကျေးရွာက နေအိမ်ကို ခေတ္တရောက်လာတဲ့ CDM ရဲတပ်ကြပ်ကြီး သိန်းတန် ကို မနေ့ညပိုင်းက စစ်တပ်နဲ့ရဲတွေကရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက C8 News ကို ပြောပါတယ်။

“သူ့မိန်းမနေမကောင်းလို့ ခဏရွာကို ရောက်လာတာ သတင်းပေးတွေက စစ်တပ်ကို ဖုန်းဆက်ခေါ်လိုက်တယ် ညပိုင်းကြီး လာဖမ်းသွားတာ ရိုက်နှက်ပြီးတော့”လို့ ပြောပါတယ်။

ရွှေဘိုမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးသိန်းတန်ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတာကြောင့် အာဏာသိမ်းပြီးနောက် CDM ဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။

လက်တလောမှာ စစ်တပ်က ရဲတပ်ကြပ်ကြီးသိန်းတန်ကိုရွှေဘိုမြို့မရဲစခန်းမှာ မှတ်တမ်းဓာတ်ပုံရိုက်ကာ ရွှေဘိုစစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက C8 News ကို ပြောပါတယ်။

မနေ့ညက ရွှေဘိုမြို့နယ် (၄) ရပ်ကွက်မှာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ် (၇) ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ရက်တွေကလည်း သတင်းပေးဒလန်တွေကြောင့် NLD ပါတီဝင်တွေနဲ့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်အချို့ဖမ်းဆီးခံခဲ့သလို နေအိမ်တွေချိတ်ပိတ်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published.