ဥကရစ္ထတိုက္ပြဲတြင္စစ္​ေကာင္စီတပ္အားကိုးရ​​ေသာစက္လက္သမား ၃ ဦး​ေသဆုံးဟု VENOMထုတ္ျပန္

-ဒီပ/People’s Slring

ဥကရစ္ထစခန္းသိမ္းတိုက္ပြဲအတြင္းစစ္​ေကာင္စီတပ္၏အားကိုးရေသာစက္လက္သမား၃ဦး​ေသဆုံးခဲ့​ေၾကာင္းစစ္​ေကာင္စီတပ္ကိုတိုက္ခိုက္​ေန​ေသာVENOM စစ္​ေၾကာင္းကယ​ေန႔ညသတင္းထုတ္ျပန္သည္။

“ဥကရစ္ထတိုက္ပြဲအတြင္းစခ (စကစ)၏အားကိုးအားထားရေသာစက္လက္သမား၃ေယာက္က်ဆုံးသြားခဲ့သည္။ VENOMစစ္ေၾကာင္းမႉးေစာဝင္းျမင့္၏Sniperလက္ခ်က္ျဖင့္ ယခုပုံပါစက္လက္သမားႏွင့္အတူေနာက္ဆက္တြဲ၂ ေယာက္သည္လည္းဘဝေျပာင္းသြားခဲ့ရွာသည္”ဟုသတင္းဓါတ္ပုံႏွင့္တစ္ကြ​ေဖာ္ျပထားသည္။

အဆိုပါဓါတ္ပုံတြင္ စစ္​ေကာင္စီ၏စက္လက္​ေသနတ္သမားတစ္ဦးပုံျဖစ္ၿပီး စစ္တပ္ဝါဒျဖန္႔ အ​ေကာင့္မ်ားက ၎သည္ ဥကရစ္ထစခန္းသိမ္းတိုက္ပြဲတြင္ ဒဏ္ရာရရွိလွ်က္ႀကံ့ႀကံ့ခံတိုက္ရင္း စစ္ကူမ်ား​ေရာက္ခ်ိန္မွ စိတ္ခ်သြားဟန္ျဖင့္ေသဆုံးခဲ့သည္ဟုဖြဲ႕ႏြဲ႕​ေရးသားကာယ​ေန႔ဝါဒျဖန္႔ခ်ီ​ေနသည္ကို​ေတြ႕ရသည္။

“ဒရမ္မာ ခင္းတာ အရမ္းမ်ားသြားၿပီ။ အဲ့—က ဘန္ကာအဝင္ ေျမာင္းထဲမွာ ပတ္လက္ႀကီး၊ တိတိက်က် ေျပာရရင္ကြာေျမႀကီးေတြေတာင္ဖုံးေနၿပီ။ ညာဘက္လက္က ေကြးေကြးေလးကြာ၊ ပါးစပ္ေလး ဟ လို႔။ ဆယ္မိ‌နစ္ေလာက္ၾကာမွ ဘန္ကာအထဲ ဆြဲသြင္းသြားတာကြာ”ဟုအဆိုပါစစ္​ေကာင္စီ၏စက္လက္သမား​ေသဆုံးခဲ့ပုံကို PDF တစ္ဦးကလည္း​ေဖစ္ဘြခ္တြင္​ေရးသားထားသည္။

ျမ၀တီၿမိဳ႕နယ္ ေဝၚေလေဒသရွိ ဥကရစ္ထ စစ္ေကာင္စီတပ္စခန္းကို ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ဦးေဆာင္သည့္ ပူးေပါင္းတပ္မ်ားကစခန္းသိမ္းႏိုင္ရန္ ဇြန္လ ၂၆ရက္မွ ယ​ေန႔(ဇူလိုင္၃)အထိ့ ၈ ရက္ၾကာေန႔စဥ္တိုက္ပြဲမ်ားအျပင္းအထန္ျဖစ္ပြား​ေနသည္။စစ္​ေကာင္စီတပ္ အထိနာၿပီးစခန္းသိမ္းယူႏိုင္ကာနီးတြင္ ​ေလ​ေၾကာင္းႏွင့္လက္နက္ႀကီးပစ္ကူမ်ားျဖင့္အႀကိမ္​ေရမ်ားစြာပစ္ခတ္သလို ၊

စစ္ကူမ်ားထပ္မံေရာက္ရွိလာ၍ KNLAဦး​ေဆာင္​ေသာKNDO ၊ PDF ပူး​ေပါင္းတပ္မ်ားက စစ္ကူလမ္း​ေၾကာင္းမ်ားကိုလည္းျဖတ္​ေတာက္တိုက္ခိုက္​ေနသည္။VENOM စစ္​ေၾကာင္းမွာလည္း ၊​ေကာ္ဘရာစစ္​ေၾကာင္းကဲ့သို႔ KNLA လက္​ေအာက္ရွိအထူးကြန္မန္ဒိုစစ္​ေၾကာင္းျဖစ္ၿပီး VENOM ​ေရာ၊​ေကာ္ဘရာစစ္​ေၾကာင္းပါဥကရစ္ထစခန္းတြင္စစ္​ေကာင္စီတပ္ကိုတိုက္ခိုက္​ေနသည္။

စခန္းသိမ္တိုက္ပြဲတြင္ KNLA ဦး​ေဆာင္​ေသာတပ္ဖြဲ႕မ်ားမွ ၁၀ ဦး​ေက်ာ္က်ဆုံးၿပီး ဒဏ္ရာရသူမ်ားလည္းရွိကာ စစ္ကူမ်ားဆက္တိုက္​ေစလႊတ္​ေန​ေသာစစ္​ေကာင္စီတပ္မွ ၁၀၀ ႏွင့္ ၂၀၀ ၾကား​ေသဆုံးၿပီး ဒဏ္ရာရသူအမ်ားအျပားရွိ​ေၾကာင္း ​ေျမျပင္သတင္းရင္းျမစ္အခ်ိဳ႕က​ေျပာသည္။

(ဥကရစ္ထတိုက္ပြဲတြင္စစ္​ေကာင္စီတပ္မွ​ေသဆုံးသြားေသာစက္လက္သမားတစ္ဦး )

ဥကရစ်ထတိုက်ပွဲတွင်စစ်ကောင်စီတပ်အားကိုးရသောစက်လက်သမား ၃ ဦးသေဆုံးဟု VENOMထုတ်ပြန်

-ဒီပ/People’s Slring

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်၏အားကိုးရသောစက်လက်သမား၃ဦးသေဆုံးခဲ့ကြောင်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေသောVENOM စစ်ကြောင်းကယနေ့ညသတင်းထုတ်ပြန်သည်။

“ဥကရစ်ထတိုက်ပွဲအတွင်းစခ (စကစ)၏အားကိုးအားထားရသောစက်လက်သမား၃ယောက်ကျဆုံးသွားခဲ့သည်။ VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏Sniperလက်ချက်ဖြင့် ယခုပုံပါစက်လက်သမားနှင့်အတူနောက်ဆက်တွဲ၂ ယောက်သည်လည်းဘဝပြောင်းသွားခဲ့ရှာသည်”ဟုသတင်းဓါတ်ပုံနှင့်တစ်ကွဖော်ပြထားသည်။

အဆိုပါဓါတ်ပုံတွင် စစ်ကောင်စီ၏စက်လက်သေနတ်သမားတစ်ဦးပုံဖြစ်ပြီး စစ်တပ်ဝါဒဖြန့် အကောင့်များက ၎င်းသည် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် ဒဏ်ရာရရှိလျှက်ကြံ့ကြံ့ခံတိုက်ရင်း စစ်ကူများရောက်ချိန်မှ စိတ်ချသွားဟန်ဖြင့်သေဆုံးခဲ့သည်ဟုဖွဲ့နွဲ့ရေးသားကာယနေ့ဝါဒဖြန့်ချီနေသည်ကိုတွေ့ရသည်။

“ဒရမ်မာ ခင်းတာ အရမ်းများသွားပြီ။ အဲ့—က ဘန်ကာအဝင် မြောင်းထဲမှာ ပတ်လက်ကြီး၊ တိတိကျကျ ပြောရရင်ကွာမြေကြီးတွေတောင်ဖုံးနေပြီ။ ညာဘက်လက်က ကွေးကွေးလေးကွာ၊ ပါးစပ်လေး ဟ လို့။ ဆယ်မိ‌နစ်လောက်ကြာမှ ဘန်ကာအထဲ ဆွဲသွင်းသွားတာကွာ”ဟုအဆိုပါစစ်ကောင်စီ၏စက်လက်သမားသေဆုံးခဲ့ပုံကို PDF တစ်ဦးကလည်းဖေစ်ဘွခ်တွင်ရေးသားထားသည်။

မြဝတီမြို့နယ် ဝေါ်လေဒေသရှိ ဥကရစ်ထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များကစခန်းသိမ်းနိုင်ရန် ဇွန်လ ၂၆ရက်မှ ယနေ့(ဇူလိုင်၃)အထိ့ ၈ ရက်ကြာနေ့စဉ်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။စစ်ကောင်စီတပ် အထိနာပြီးစခန်းသိမ်းယူနိုင်ကာနီးတွင် လေကြောင်းနှင့်လက်နက်ကြီးပစ်ကူများဖြင့်အကြိမ်ရေများစွာပစ်ခတ်သလို ၊

စစ်ကူများထပ်မံရောက်ရှိလာ၍ KNLAဦးဆောင်သောKNDO ၊ PDF ပူးပေါင်းတပ်များက စစ်ကူလမ်းကြောင်းများကိုလည်းဖြတ်တောက်တိုက်ခိုက်နေသည်။VENOM စစ်ကြောင်းမှာလည်း ၊ကော်ဘရာစစ်ကြောင်းကဲ့သို့ KNLA လက်အောက်ရှိအထူးကွန်မန်ဒိုစစ်ကြောင်းဖြစ်ပြီး VENOM ရော၊ကော်ဘရာစစ်ကြောင်းပါဥကရစ်ထစခန်းတွင်စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေသည်။

စခန်းသိမ်တိုက်ပွဲတွင် KNLA ဦးဆောင်သောတပ်ဖွဲ့များမှ ၁၀ ဦးကျော်ကျဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ စစ်ကူများဆက်တိုက်စေလွှတ်နေသောစစ်ကောင်စီတပ်မှ ၁၀၀ နှင့် ၂၀၀ ကြားသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း မြေပြင်သတင်းရင်းမြစ်အချို့ကပြောသည်။

(ဥကရစ်ထတိုက်ပွဲတွင်စစ်ကောင်စီတပ်မှသေဆုံးသွားသောစက်လက်သမားတစ်ဦး )

Leave a Reply

Your email address will not be published.