ယေန႔ ဇူလိုင္လ ၃ ရက္ေန႔ နံနက္ပိုင္း ၊ စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္၊ မင္း႐ြာတြင္ မီးရႈိ႕ဖ်က္ဆီးေနေသာ အင္အား ၁၃၀ ေက်ာ္ပါ စစ္ေကာင္စီတပ္ကို ေတာႀကီးေႁမြေပြးတပ္ဖြဲ႕အပါအဝင္ မဟာမိတ္ PDF မ်ားက တိုက္ခိုက္ရာ လက္နက္အင္အားမမွ်၍ PDF ၁၁ ဦးက်ဆုံးေၾကာင္း၊ စစ္တပ္ဘက္မွ ၂ ဦး ေသဆုံးေၾကာင္း ေတာႀကီးေႁမြေပြးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းတြင္ အင္အား ၁၃၀ ေက်ာ္ ပါဝင္ၿပီး ေတာႀကီးေႁမြေပြးတပ္ဖြဲ႕ ၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တပ္ရင္းမ်ား၊ ေပ်ာက္က်ားတပ္ဖြဲ႕မ်ား ပ. က .ဖ မ်ားႏွင့္ ေတာ္လွန္ေရးညီေနာင္မ်ားက လက္လုပ္ ေသနတ္မ်ားျဖင့္ ပူးေပါင္း တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

” ဒီပြဲက အထိအခိုက္မ်ားတယ္။ ကြၽန္ေတာ္တို႔ အသိအမွတ္ ျပဳထားတာ ၁၁ ဦးက်တယ္။ ဒဏ္ရာရတဲ့ သူေတြကေတာ့ အမ်ားႀကီးပဲ ပြဲျဖစ္ခ်ိန္က မိနစ္ ၄၀ ေလာက္ပဲျဖစ္တယ္။ မိနစ္ ၄၀ ေလာက္ကို ကြၽန္ေတာ္တို႔က သြားၿပီး Battle ဆိုင္တယ္။ ဆိုင္တဲ့ အခါက်ေတာ့ လက္နက္ အင္အား တအားႀကီး စကားေျပာလာတယ္။

ကြၽန္ေတာ္တို႔မွာ လိုက္ခ်င္တဲ့စိတ္ရွိတယ္။ ေတာ္လွန္ေရးမွာ လုံးဝ လုပ္ရဲတယ္။ လူအင္အားရွိတယ္။ လုပ္ရဲတဲ့ ေတာ္လွန္ေရး စိတ္ရွိတယ္။ ဒါေပမယ့္ လက္နက္ အင္အား စကားေျပာလာတဲ့ အခါက်ေတာ့ ဘလိုင္းႀကီး အသက္ေတြပဲ ေပးေနရသလိုျဖစ္ေနတယ္။ စစ္ေခြးေတြဘက္ကေတာ့ ကြၽန္ေတာ္တို႔ မ်က္ျမင္ကေတာ့ ၂ ဦးပဲက်တယ္” ဟု ေတာႀကီး ေႁမြေပြး တပ္ဖြဲ႕မ်ား တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။

အဆိုပါ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္အားေကာင္းေကာင္းျဖင့္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ေၾကာင္း၊ ေတာ္ လွန္ေရး ရဲေဘာ္မ်ားက တစ္ေတာင့္ထိုး လက္လုပ္ေသနတ္မ်ားျဖင့္ ျပန္လည္ ခုခံ တိုက္ခိုက္ခဲ့ေသာေၾကာင့္ အက်အဆုံး မ်ားျပား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

” သူတို႔ဘက္က လက္နက္ႀကီးဆိုလည္း အမ်ားႀကီးပါတယ္။ လက္နက္အင္ အား အရမ္းေတာင့္တယ္။ ၿပီးေတာ့သူတို႔ စစ္ေၾကာင္းေတြမွာ သုံးလာတဲ့ စစ္လက္နက္က အရမ္းေကာင္းတယ္။ ၿပီးေတာ့ သူတို႔မွာ က်ည္အင္အားေတာင့္တယ္။ သုံးတဲ့ Gun အမ်ိဳးအစားက အစ အမ်ားႀကီးသာတယ္။

သူတို႔မွာ တစ္ေယာက္ကို က်ည္ တစ္ေထာင္ေလာက္ေတာင္ ျဖဳန္းႏိုင္တဲ့ အေနအထားမ်ိဳး ျဖစ္ေနတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ ဘယ္လိုမွ ဝင္ၿပီးေတာ့ ပစ္ဖို႔တို႔ ေျပာက္က်ား ဝင္လုပ္ဖို႔ေတာင္ ေတာ္ေတာ္ေလး ခက္ခဲလာတယ္။ ကိုယ့္႐ြာတစ္႐ြာကို မီးရႈိ႕တဲ့ အခါက်ေတာ့ ကိုယ္႐ြာမီးရႈိ႕လို႔ မခံႏိုင္ဘူး။

ကြၽန္ေတာ္တို႔ မခံခ်င္စိတ္ တစ္ခုတည္းနဲ႔ ဝင္လုပ္ခဲ့တယ္။ အေကာင္းဆုံးေတာ့ တြက္ခ်က္ၿပီးေတာ့ လုပ္ၾကည့္ခဲ့တယ္။ ဒါေပမယ့္ အဓိကက လက္နက္အင္အား စကားေျပာသြားတဲ့ အခါက်ေတာ့ ေတာ္လွန္ေရး စိတ္ဘယ္ေလာက္ပဲရွိရွိ ဘယ္ေလာက္ပဲ သတၱိရွိရွိ ကြၽန္ေတာ္တို႔က အသက္ေပးရတာပဲျဖစ္ေနတယ္” ဟု ေတာႀကီးေႁမြေပြးတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။

ဝက္လက္ၿမိဳ႕နယ္အတြင္း ေမာင္းျပန္ေသနတ္ ၁၀၀ ခန္႔ပင္မရွိဘဲ အၾကမ္းဖက္ စစ္တပ္ကို ခုခံေနရေသာေၾကာင့္ ေတာ္လွန္ေရး ရဲေဘာ္မ်ား အသက္ေပးလႉေနေၾကာင္း၊ စစ္ လက္နက္ပစၥည္း အေထာက္အပံ့မ်ား အေရးေပၚ လႉဒါန္းၾကရန္ ဝက္လက္ၿမိဳ႕နယ္ ကာကြယ္ တပ္ဖြဲ႕မ်ားက ေမတၱာရပ္ခံထားသည္။

” ကြၽန္ေတာ္တို႔နယ္မွာ တစ္နယ္လုံးေပါင္းရင္ေတာင္မွ ေသနတ္က အလက္ ၁၀၀ မျပည့္ဘူး။ အဲခါက်ေတာ့ အင္အား ၁၀၀ ေက်ာ္လာတဲ့ စစ္​ေၾကာင္း တစ္ေၾကာင္းကို လူအင္အား ၃၀၀၊ ၄၀၀ နဲ႔ ဝင္ပစ္တယ္။ ဒါေပမယ့္ ကိုယ့္မွာက တစ္နယ္လုံး ေပါင္းလို႔ေတာင္ အလက္က ၈၀ မျပည့္တဲ့ အခါက်ေတာ့ တိုက္ပြဲ တစ္ပြဲမွာ လက္နက္ အင္အား အမ်ားဆုံးသုံးမွ ၅၀၊ ၆၀ ေပါ့။

အဲခါက်ေတာ့ ကိုယ့္႐ြာ မီးမရႈိ႕ေအာင္ မခံခ်င္စိတ္ တစ္ခုတည္းနဲ႔ ဝင္ပစ္ရတဲ့ အခါက်ေတာ့ လက္လုပ္ တစ္ေထာင့္ထိုးေလးနဲ႔ ဝင္ပစ္တဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔က အသက္ေတြေပးရတာပဲ ေနာက္ထပ္ ဒီလိုမီးရႈိ႕ရင္လည္း ကြၽန္ေတာ္တို႔ ထပ္ၿပီးေတာ့ မခံခ်င္စိတ္ေတြနဲ႔ အေကာင္းဆုံး အစီးအစဥ္ေတြနဲ႔ တိုက္ေနရအုန္းမွာပဲ အဲခါက်ေတာ့ ကြၽန္ေတာ္တို႔ အသက္ေတြေတာ့ ထပ္ေပးရအုန္းမယ္ဆိုတာ သိတယ္။

ဒါေပမယ့္ အေထာက္အပံ့ေတြရွိရင္ေတာ့ ကြၽန္ေတာ္တို႔ ဒီဖက္နယ္ကို ည္း ကူညီေပးေစခ်င္တယ္။ ကြၽန္ေတာ္တို႔မွာ တကယ္လုပ္ခ်င္တဲ့စိတ္ရွိတယ္။ လုပ္ရဲတဲ့ေသြးရွိတယ္။ ဒါေပမယ့္ အခုလိုမ်ိဳး လက္နက္အင္အား မမွ်တဲ့ အခါက်ေတာ့ ကြၽန္ေတာ္တို႔က အသက္နဲ႔ေပးဝယ္ရသလိုႀကီး ျဖစ္ေနတာေပါ့” ဟု ကာကြယ္ေရး တပ္ဖြဲ႕ဝင္ တစ္ဦးကေျပာဆိုသည္။

လက္ရွိခ်ိန္တြင္ အၾကမ္းဖက္ စစ္တပ္သည္ မင္း႐ြာႏွင့္ အင္ၾကင္းပင္ေက်း႐ြာကို မီးတင္ရႈိ႕ေနၿပီး ေဒသခံ ျပည္သူမ်ားအားလုံး ေဘးလြတ္ရာသို႔ ထြက္ေျပးေနရေၾကာင္း သိရသည္။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်း ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းရွာတွင် မီးရှို့ဖျက်ဆီးနေသော အင်အား ၁၃၀ ကျော်ပါ စစ်ကောင်စီတပ်ကို တောကြီးမြွေပွေးတပ်ဖွဲ့အပါအဝင် မဟာမိတ် PDF များက တိုက်ခိုက်ရာ လက်နက်အင်အားမမျှ၍ PDF ၁၁ ဦးကျဆုံးကြောင်း၊ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကြောင်း တောကြီးမြွေပွေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၁၃၀ ကျော် ပါဝင်ပြီး တောကြီးမြွေပွေးတပ်ဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများ၊ ပျောက်ကျားတပ်ဖွဲ့များ ပ. က .ဖ များနှင့် တော်လှန်ရေးညီနောင်များက လက်လုပ် သေနတ်များဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဒီပွဲက အထိအခိုက်များတယ်။ ကျွန်တော်တို့ အသိအမှတ် ပြုထားတာ ၁၁ ဦးကျတယ်။ ဒဏ်ရာရတဲ့ သူတွေကတော့ အများကြီးပဲ ပွဲဖြစ်ချိန်က မိနစ် ၄၀ လောက်ပဲဖြစ်တယ်။ မိနစ် ၄၀ လောက်ကို ကျွန်တော်တို့က သွားပြီး Battle ဆိုင်တယ်။ ဆိုင်တဲ့ အခါကျတော့ လက်နက် အင်အား တအားကြီး စကားပြောလာတယ်။

ကျွန်တော်တို့မှာ လိုက်ချင်တဲ့စိတ်ရှိတယ်။ တော်လှန်ရေးမှာ လုံးဝ လုပ်ရဲတယ်။ လူအင်အားရှိတယ်။ လုပ်ရဲတဲ့ တော်လှန်ရေး စိတ်ရှိတယ်။ ဒါပေမယ့် လက်နက် အင်အား စကားပြောလာတဲ့ အခါကျတော့ ဘလိုင်းကြီး အသက်တွေပဲ ပေးနေရသလိုဖြစ်နေတယ်။ စစ်ခွေးတွေဘက်ကတော့ ကျွန်တော်တို့ မျက်မြင်ကတော့ ၂ ဦးပဲကျတယ်” ဟု တောကြီး မြွေပွေး တပ်ဖွဲ့များ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်အားကောင်းကောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ တော် လှန်ရေး ရဲဘော်များက တစ်တောင့်ထိုး လက်လုပ်သေနတ်များဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သောကြောင့် အကျအဆုံး များပြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” သူတို့ဘက်က လက်နက်ကြီးဆိုလည်း အများကြီးပါတယ်။ လက်နက်အင် အား အရမ်းတောင့်တယ်။ ပြီးတော့သူတို့ စစ်ကြောင်းတွေမှာ သုံးလာတဲ့ စစ်လက်နက်က အရမ်းကောင်းတယ်။ ပြီးတော့ သူတို့မှာ ကျည်အင်အားတောင့်တယ်။ သုံးတဲ့ Gun အမျိုးအစားက အစ အများကြီးသာတယ်။

သူတို့မှာ တစ်ယောက်ကို ကျည် တစ်ထောင်လောက်တောင် ဖြုန်းနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ ဘယ်လိုမှ ဝင်ပြီးတော့ ပစ်ဖို့တို့ ပြောက်ကျား ဝင်လုပ်ဖို့တောင် တော်တော်လေး ခက်ခဲလာတယ်။ ကိုယ့်ရွာတစ်ရွာကို မီးရှို့တဲ့ အခါကျတော့ ကိုယ်ရွာမီးရှို့လို့ မခံနိုင်ဘူး။

ကျွန်တော်တို့ မခံချင်စိတ် တစ်ခုတည်းနဲ့ ဝင်လုပ်ခဲ့တယ်။ အကောင်းဆုံးတော့ တွက်ချက်ပြီးတော့ လုပ်ကြည့်ခဲ့တယ်။ ဒါပေမယ့် အဓိကက လက်နက်အင်အား စကားပြောသွားတဲ့ အခါကျတော့ တော်လှန်ရေး စိတ်ဘယ်လောက်ပဲရှိရှိ ဘယ်လောက်ပဲ သတ္တိရှိရှိ ကျွန်တော်တို့က အသက်ပေးရတာပဲဖြစ်နေတယ်” ဟု တောကြီးမြွေပွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဝက်လက်မြို့နယ်အတွင်း မောင်းပြန်သေနတ် ၁၀၀ ခန့်ပင်မရှိဘဲ အကြမ်းဖက် စစ်တပ်ကို ခုခံနေရသောကြောင့် တော်လှန်ရေး ရဲဘော်များ အသက်ပေးလှူနေကြောင်း၊ စစ် လက်နက်ပစ္စည်း အထောက်အပံ့များ အရေးပေါ် လှူဒါန်းကြရန် ဝက်လက်မြို့နယ် ကာကွယ် တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

” ကျွန်တော်တို့နယ်မှာ တစ်နယ်လုံးပေါင်းရင်တောင်မှ သေနတ်က အလက် ၁၀၀ မပြည့်ဘူး။ အဲခါကျတော့ အင်အား ၁၀၀ ကျော်လာတဲ့ စစ်ကြောင်း တစ်ကြောင်းကို လူအင်အား ၃၀၀၊ ၄၀၀ နဲ့ ဝင်ပစ်တယ်။ ဒါပေမယ့် ကိုယ့်မှာက တစ်နယ်လုံး ပေါင်းလို့တောင် အလက်က ၈၀ မပြည့်တဲ့ အခါကျတော့ တိုက်ပွဲ တစ်ပွဲမှာ လက်နက် အင်အား အများဆုံးသုံးမှ ၅၀၊ ၆၀ ပေါ့။

အဲခါကျတော့ ကိုယ့်ရွာ မီးမရှို့အောင် မခံချင်စိတ် တစ်ခုတည်းနဲ့ ဝင်ပစ်ရတဲ့ အခါကျတော့ လက်လုပ် တစ်ထောင့်ထိုးလေးနဲ့ ဝင်ပစ်တဲ့အခါကျတော့ ကျွန်တော်တို့က အသက်တွေပေးရတာပဲ နောက်ထပ် ဒီလိုမီးရှို့ရင်လည်း ကျွန်တော်တို့ ထပ်ပြီးတော့ မခံချင်စိတ်တွေနဲ့ အကောင်းဆုံး အစီးအစဉ်တွေနဲ့ တိုက်နေရအုန်းမှာပဲ အဲခါကျတော့ ကျွန်တော်တို့ အသက်တွေတော့ ထပ်ပေးရအုန်းမယ်ဆိုတာ သိတယ်။

ဒါပေမယ့် အထောက်အပံ့တွေရှိရင်တော့ ကျွန်တော်တို့ ဒီဖက်နယ်ကို ည်း ကူညီပေးစေချင်တယ်။ ကျွန်တော်တို့မှာ တကယ်လုပ်ချင်တဲ့စိတ်ရှိတယ်။ လုပ်ရဲတဲ့သွေးရှိတယ်။ ဒါပေမယ့် အခုလိုမျိုး လက်နက်အင်အား မမျှတဲ့ အခါကျတော့ ကျွန်တော်တို့က အသက်နဲ့ပေးဝယ်ရသလိုကြီး ဖြစ်နေတာပေါ့” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် မင်းရွာနှင့် အင်ကြင်းပင်ကျေးရွာကို မီးတင်ရှို့နေပြီး ဒေသခံ ပြည်သူများအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published.