ဖာပြန္ေဒသေရွ႕တန္းေရာက္ စစ္ေကာင္စီတပ္သား ၆ဦး ထြက္ေျပးလာၿပီး KNU ထံခိုလႈံ

ဝင္းေမာင္/People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) တပ္မဟာ (၅) နယ္ေျမ ဖာပြန္ေဒသ ေရွ႕တန္း၌ ေရာက္ရွိေနသည့္ စစ္ေကာင္စီတပ္မွ တပ္သား ၆ဦးသည္ ဖာပြန္မွ ဘီးလင္းၿမိဳ႕နယ္သို႔ ထြက္ေျပးလာၿပီး KNU တပ္မဟာ(၁)၊ တပ္ရင္း(၃)တပ္ဖြဲ႕ဝင္မ်ားထံခိုလႈံလာေၾကာင္း တပ္မဟာ (၁) တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“၂၀ရက္ေန႔က စကခ(၈)က ၄၀၃ ရဲေဘာ္ ၆ေယာက္က လက္နက္မဲ့နဲ႔ ထြက္ေျပးတယ္။ ထြက္ေျပးေတာ့ ကြၽန္ေတာ္တို႔ဆီေရာက္လာတယ္။သူတို႔ေတြကေတာ့ လုံၿခဳံတဲ့ေနရာမွာ ပို႔ထားလိုက္ၿပီေပါ့။သူတို႔ က်န္းမာေရးအေျခအေနက ေကာင္းတယ္။ လုံၿခဳံတဲ့ေနရာမွာ ပဲရွိေနတယ္”ဟု ၎က ဆိုသည္။

အဆိုပါ စစ္ေကာင္စီတပ္သား ၆ဦးသည္ ဖာပြန္နယ္မွ ဘီးလင္းဘက္သို႔ထြက္ေျပးလာခဲ့ျခင္းျဖစ္သည္ဟု ေျပာသည္။

” ေရွ႕တန္းေရာက္ေနတဲ့ တပ္ေတြက ထြက္ေျပးလာတာ။ ထြက္ေျပးလာေတာ့ ကြၽန္ေတာ္တို႔နဲ႔ ဆက္သြယ္ၿပီးေတာ့ ေရာက္လာတယ္။ ကြၽန္ေတာ္တို႔ တပ္ရင္း(၃)ဘက္ကိုေရာက္လာတာေပါ့”ဟု တပ္မဟာ(၁)တာဝန္ရွိသူက ေျပာသည္။

KNU တပ္မဟာ(၅)နယ္ေျမတြင္ နယ္ေျမခံ KNUတပ္ဖြဲ႕ဝင္မ်ားက စစ္ေကာင္စီတပ္မ်ားကို မၾကာခဏ တိုက္ခိုက္လ်က္ရွိၿပီးစစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မ်ားျပားလ်က္ရွိသည္။

တိုက္ပြဲမ်ား၌ စစ္ေကာင္စီတပ္က အက်အဆုံး အထိအခိုက္မ်ားသကဲ့သို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အရွင္ဖမ္းမိျခင္း၊တပ္မွ ထြက္ေျပးၿပီး CDM ျပဳလုပ္ျခင္းမ်ား မၾကာခဏ ျဖစ္ေပၚလ်က္ရွိေၾကာင္း KNUတပ္မဟာ(၅)၏ ထုတ္ျပန္ခ်က္မ်ား၌ ေတြ႕ရသည္။

ဖာပွန်ဒေသရှေ့တန်းရောက် စစ်ကောင်စီတပ်သား ၆ဦး ထွက်ပြေးလာပြီး KNU ထံခိုလှုံ

ဝင်းမောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်ဒေသ ရှေ့တန်း၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်မှ တပ်သား ၆ဦးသည် ဖာပွန်မှ ဘီးလင်းမြို့နယ်သို့ ထွက်ပြေးလာပြီး KNU တပ်မဟာ(၁)၊ တပ်ရင်း(၃)တပ်ဖွဲ့ဝင်များထံခိုလှုံလာကြောင်း တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၂၀ရက်နေ့က စကခ(၈)က ၄၀၃ ရဲဘော် ၆ယောက်က လက်နက်မဲ့နဲ့ ထွက်ပြေးတယ်။ ထွက်ပြေးတော့ ကျွန်တော်တို့ဆီရောက်လာတယ်။သူတို့တွေကတော့ လုံခြုံတဲ့နေရာမှာ ပို့ထားလိုက်ပြီပေါ့။သူတို့ ကျန်းမာရေးအခြေအနေက ကောင်းတယ်။ လုံခြုံတဲ့နေရာမှာ ပဲရှိနေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၆ဦးသည် ဖာပွန်နယ်မှ ဘီးလင်းဘက်သို့ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

” ရှေ့တန်းရောက်နေတဲ့ တပ်တွေက ထွက်ပြေးလာတာ။ ထွက်ပြေးလာတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ ရောက်လာတယ်။ ကျွန်တော်တို့ တပ်ရင်း(၃)ဘက်ကိုရောက်လာတာပေါ့”ဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် နယ်မြေခံ KNUတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိပြီးစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားလျက်ရှိသည်။

တိုက်ပွဲများ၌ စစ်ကောင်စီတပ်က အကျအဆုံး အထိအခိုက်များသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းမိခြင်း၊တပ်မှ ထွက်ပြေးပြီး CDM ပြုလုပ်ခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း KNUတပ်မဟာ(၅)၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

Leave a Reply

Your email address will not be published.