Crd- bago watch
Unicode
NUG ရဲ့လျှပ်စစ်နှင့် စွမ်းအင်ဒုဝန်ကြီး အဖြစ် ဦးမော်ထွန်းအောင်ကိုခန့်အပ် ဇူလိုင်လ၊ ၂၆ အမျိုးသားညီညွတ်ရေး အစိုးရ
NUG တွင် လျှပ်စစ်နှင့် စွမ်းအင်ဒုဝန်ကြီးအဖြစ် ဦးမော်ထွန်းအောင်ကို ခန့်အပ်လိုက်တယ်လို့
ယနေ့ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ CRPH က ကြေညာခဲ့ပါတယ်
၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးလျက်
၂၀၂၁ ခုနှစ်မတ်လ ၃၁ ရက်တွင် ကြေညာခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဦးမော်ထွန်းအောင်ကို
ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့CRPH က ဆိုထား ပါတယ်ဦးမော်ထွန်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀
အထွေထွေရွေးကောက်ပွဲ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကို ကိုယ်စားပြုကာ ရှမ်းပြည်နယ်
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်၅နေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်းရှုံးနိမ့်ခဲ့ကြောင်း၊ဌင်း
မှာသဘာဝသယံဇာတအရေး ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး မြစ်ကြီးနားဇာတိဖြစ်တယ်လို့သိရပါတယ်
Crd- bago watch