စစ္ေကာင္စီ ေလတပ္ကေတာ႔အခုထိ ရုိးရာကုိ ထိန္းထားဆဲ

တုိက္ေလယာဥ္ကုိ ယုိးဒယားထဲေက်ာ္ဝင္သြားတာ အားမရတဲ႔အျပင္ဥကရစ္ထ စခန္းက သူ႔တပ္ကုိသူမွားပစ္လုိ႔ စစ္သား ေ-သဆုံးရွိလုိ႔KNDO Venom စစ္ေၾကာင္းကVideo မွတ္တမ္း ထုတ္ျပန္တယ္

စစ္ေကာင္စီ၏ ေလယာဥ္က ၎တို႔၏ စစ္သားမ်ားအေပၚ ဗုံးမွားက်ဲမႈ ေၾကာင့္ အမ်ားအျပား ေသဆုံးဟု KNDO အထူးကြန္မန္ဒို Venom စစ္ေၾကာင္းက ဗီဒီယိုႏွင့္တကြ သတင္းထုတ္ျပန္

ရန္ကန္၊ ဇူလိုင္ ၁

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ ဥကရစ္ထ စခန္းကို စစ္ကူေပးရန္ စစ္ေကာင္စီတပ္က ႀကိဳးပမ္းလ်က္ရွိေနခ်ိန္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္က က်ဲခ်လိုက္ေသာ ဗုံးသည္ ၎၏ တပ္သားမ်ားအေပၚ က်ေရာက္‌၍ ေသဆုံးေစခဲ့ေၾကာင္း KNDO အထူးကြန္မန္ဒို Venom စစ္ေၾကာင္းက ဗီဒီယိုႏွင့္တကြ သတင္းထုတ္ျပန္လိုက္သည္။

“ဥကရစ္ထတိုက္ပြဲျဖစ္စဥ္အတြင္း စခတို႔၏အသက္ေပါင္းမ်ားစြာေပးဆပ္လိုက္ရသည္။ ဒလန္သည္အလြန္ေၾကာက္ဖို႔ေကာင္းသည္။ စစ္တပ္၏ေလယာဥ္မွက်ဲခ်ေသာ ဗုံးမ်ားသည္ ၎တို႔၏တပ္သားမ်ားကိုေသေစခဲ့သည္” ဟု သတင္းထုတ္ျပန္ထားသည္။

လက္ရွိတြင္ စစ္တပ္ဥကရစ္ထစခန္းကို စစ္ေကာင္စီတပ္က ေလေၾကာင္း၊ ကုန္း ေၾကာင္းျဖင့္ စစ္ကူေပးရန္ အျပင္းအထန္ ႀကိဳးစားလ်က္ရွိသည္။

KNDO အထူးကြန္မန္ဒို Venom စစ္ေၾကာင္းက ထုတ္ျပန္ေသာ ဗီဒီယိုကို Facebook လူမႈကြန္ရက္၏ စံခ်ိန္စံၫႊန္းမ်ားအရ ထုတ္ျပန္ႏိုင္ျခင္းမရွိဘဲ ေခတ္သစ္၏ တယ္လီဂရမ္ႏွင့္ အျခားေသာ လူမႈကြန္ရက္မ်ားတြင္သာ တည္းျဖတ္၍ တင္ျပေပးထားပါသည္။

စစ်ကောင်စီ လေတပ်ကတော့အခုထိ ရိုးရာကို ထိန်းထားဆဲ

တိုက်လေယာဉ်ကို ယိုးဒယားထဲကျော်ဝင်သွားတာ အားမရတဲ့အပြင်ဥကရစ်ထ စခန်းက သူ့တပ်ကိုသူမှားပစ်လို့ စစ်သား ေ-သဆုံးရှိလို့KNDO Venom စစ်ကြောင်းကVideo မှတ်တမ်း ထုတ်ပြန်တယ်

စစ်ကောင်စီ၏ လေယာဉ်က ၎င်းတို့၏ စစ်သားများအပေါ် ဗုံးမှားကျဲမှု ကြောင့် အများအပြား သေဆုံးဟု KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်

ရန်ကန်၊ ဇူလိုင် ၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဥကရစ်ထ စခန်းကို စစ်ကူပေးရန် စစ်ကောင်စီတပ်က ကြိုးပမ်းလျက်ရှိနေချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်က ကျဲချလိုက်သော ဗုံးသည် ၎င်း၏ တပ်သားများအပေါ် ကျရောက်‌၍ သေဆုံးစေခဲ့ကြောင်း KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်လိုက်သည်။

“ဥကရစ်ထတိုက်ပွဲဖြစ်စဉ်အတွင်း စခတို့၏အသက်ပေါင်းများစွာပေးဆပ်လိုက်ရသည်။ ဒလန်သည်အလွန်ကြောက်ဖို့ကောင်းသည်။ စစ်တပ်၏လေယာဉ်မှကျဲချသော ဗုံးများသည် ၎င်းတို့၏တပ်သားများကိုသေစေခဲ့သည်” ဟု သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်တပ်ဥကရစ်ထစခန်းကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်း ကြောင်းဖြင့် စစ်ကူပေးရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။

KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက ထုတ်ပြန်သော ဗီဒီယိုကို Facebook လူမှုကွန်ရက်၏ စံချိန်စံညွှန်းများအရ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ခေတ်သစ်၏ တယ်လီဂရမ်နှင့် အခြားသော လူမှုကွန်ရက်များတွင်သာ တည်းဖြတ်၍ တင်ပြပေးထားပါသည်။

Venom စစ္ေၾကာင္းထုတ္ျပန္ခ်က္..ရုပ္သံၾကည့္ရန္

Leave a Reply

Your email address will not be published.