NUG အစိုးရက ျမန္မာစစ္ေခါင္းေဆာင္မ်ားကို ICC တရား႐ုံးမွ တစ္ဆင့္ အေရးယူရန္ ျပင္ဆင္ေနဟု ကုလသမဂၢလူ႔အခြင့္အေရးစုံစမ္းစစ္ေဆးသူေျပာဆို
အမ်ိဳးသားညီၫြတ္ေရးအစိုးရNUG က ျမန္မာစစ္ေခါင္းေဆာင္မ်ားကို ႏိုင္ငံ တကာရာဇဝတ္တရား႐ုံး ICC မွ တစ္ဆင့္ အေရးယူရန္ လိုလား ျပင္ဆင္လ်က္ရွိဟု ကုလသမဂၢလူ႔အခြင့္အေရးစုံစမ္းစစ္ေဆးသူ Thomas H. Andrews ေျပာဆိုလိုက္သည္
ႏိုင္ငံတကာအေနျဖင့္အမ်ိဳးသားညီၫြတ္ေရးအစိုးရNUGင့္လက္တြဲၿပီးျမန္မာႏိုင္ငံအတြက္လူသားခ်င္းစာနာေထာက္မႈအကူအညီမ်ားေပးၾကရန္ ကုလသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးကိုယ္စားလွယ္TomAndrewsကေျပာဆိုသည္
ယမန္ေန႔ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီသို႔ အစီရင္ခံစဥ္ ၎က အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္းျဖစ္သည္
“ျမန္မာျပည္သူေတြဟာ တိုင္းျပည္ကို ကယ္ဖို႔ လုပ္ေဆာင္ေနၾကပါတယ္ အခ်ိန္မေႏွာင္းခင္မွာသူတို႔ေတြကို ကူညီေပးဖို႔ အထူးလိုအပ္ေနပါၿပီ။ျမန္မာျပည္သူမ်ားအတြက္အေရးေပၚၫြန႔္ေပါင္းအဖြဲ႕EmergencyCoalitionforthePeopleofMyanmarကိုဖြဲ႕စည္းဖို႔ေတာာင္းဆိုပါတယ္။တခ်ိဳႏိုင္ငံေတြကျမန္မာျပည္သူေတြကိုကူညီခ်င္ေပမဲ့တခ်ိဳ႕ႏိုင္ငံေတြက ေနႏိုင္လြန္းေနတဲ့အတြက္ အခုလိုေတာင္းဆိုတာပါ
ခိုင္မာၿပီးလက္တြဲလုပ္ေဆာင္မႈေတြမရွိတဲ့ႏိုင္ငံတကာအခင္းအက်ဥ္းေၾကာင့္လြန္ခဲ့တဲ့ငါးလအတြင္းမွာဘယ္ေလာက္ဆိုးဆိုးဝါးဝါးျဖစ္ပ်က္ခဲ့လဲဆိုတာအားလုံးအသိပါ၊ႏိုင္ငံတကာကအခုပုံစံအတိုင္းဆက္သြားေနမယ္ဆိုရင္ျမန္မာျပည္သူေတြရဲ႕အေျခအေနကပိုမိုဆိုးဝါးသြားပါလိမ့္မယ္။ျမန္မာျပည္သူဖက္ကရပ္တည္လိုတဲ့ႏိုင္ငံမ်ားအေနနဲ႔အဓိပၸာယ္ရွိၿပီးပူးေပါင္းေဆာင္႐ြက္မႈလဲရွိတဲ့ လုပ္ေဆာင္မႈေတြ လုပ္ဖို႔လိုပါတယ္။ ဒါမွသာ အာဏာသိမ္းစစ္ေကာင္စီက ျပည္သူေတြကို တိုက္ခိုက္ေနတာေတြကို ေလ်ာ့ခ်ႏိုင္မွာျဖစ္တယ္။ ျပည္သူေတြရဲ႕အသက္ကို ကယ္ႏိုင္မွာျဖစ္တယ္ ပါျမန္မာႏိုင္ငံပ၎ိပကၡကို ေကာင္းမြန္စြာနဲ႔ နိဂုံးခ်ဳပ္ႏိုင္မွာျဖစ္တယ္။ ဟု Tom Andrew က ေျပာဆိုသည္
အာဏာသိမ္းစစ္ေကာင္စီonfလူ႔အခြင့္အေရးက်ယ္က်ယ္ျပန႔္ျပန႔္ျဖင့္စနစ္တက်ခ်ိဳးေဖာက္ေနမႈသည္လူသားမ်ိဳးႏြယ္တစ္ခုလုံးအေပၚက်ဴးလြန္သည့္ရာဇဝတ္မႈေျမာက္ေနေၾကာင္းNUGအစိုးရသည္လူသားခ်င္းစာနာမႈအကူအညီမ်ားကိုႏိုင္ငံအတြင္းေရာက္ရွိကူညီႏိုင္ရန္ႀကိဳးပမ္းေနၿပီးICCကိုလက္မွတ္ထိုးၿပီးခ်ိဳးေဖာက္ခံျပည္သူေတြအားလုံးအတြင္တရားမွ်တမႈေဆာင္က်ဥ္းေပးႏိုင္ဖို႔ လုပ္ေဆာင္ေနေၾကာင္း ၎က ဆိုသည္
ကုလသမဂၢလူ႔အခြင့္အေရးစုံစမ္းစစ္ေဆးသူကႏိုင္ငံတကာအသိုင္းအဝိုင္းအေနျဖင့္စစ္တပ္၏ဝင္ေငြရလမ္းေတြကိုေလ်ာ့ခ်ႏိုင္ေရးႏိုင္ငံတခ်ိဳ႕ကစစ္တပ္ေခါင္းေဆာင္မ်ားႏွင့္စီးပြားေရးမ်ားကိုပိတ္ဆို႔ရန္အထူးသျဖင့္ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑ကိုပိတ္ဆို႔ၾကရန္၊စစ္တပ္အတြက္လက္နက္တင္ပို႔ေရာင္းခ်မႈကိုတားျမစ္ရန္၊စစ္ေခါင္းေဆာင္မ်ားႏွင့္ရာဇဝတ္က်ဳးလြန္သူမ်ားကိုတရားစြဲဆိုႏိုင္ေရးျပင္ဆင္ၿပီးအခ်က္အလက္မ်ားစုေဆာင္းရန္NUGအစိုးရႏွင့္လက္တြဲၿပီးစစ္တပ္ႏွင့္မဆက္စပ္သည့္လူသားခ်င္းစာနာသည့္အကူအညီမ်ားကိုေထာက္ပံ့ေပးရန္အာဏာသိမ္းစစ္ေကာင္စီ၏ တရားဝင္မႈကို ျငင္းဆိုရန္ တို႔ပါဝင္သည္
ခရက္ဒစ္
Khit Thit Media
Unicode
NUG အစိုးရက မြန်မာစစ်ခေါင်းဆောင်များကို ICC တရားရုံးမှ တစ်ဆင့် အရေးယူရန် ပြင်ဆင်နေဟု ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူပြောဆို
အမျိုးသားညီညွတ်ရေးအစိုးရNUG က မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံ တကာရာဇဝတ်တရားရုံး ICC မှ တစ်ဆင့် အရေးယူရန် လိုလား ပြင်ဆင်လျက်ရှိဟု ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ Thomas H. Andrews ပြောဆိုလိုက်သည်
နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် လက်တွဲပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်မှု အကူအညီများပေးကြရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ပြောဆိုသည်။
ယမန်နေ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မြန်မာပြည်သူတွေဟာ တိုင်းပြည်ကို ကယ်ဖို့ လုပ်ဆောင်နေကြပါတယ်။ အချိန်မနှောင်းခင်မှာသူတို့တွေကို ကူညီပေးဖို့ အထူးလိုအပ်နေပါပြီ။ မြန်မာပြည်သူများအတွက် အရေးပေါ်ညွန့်ပေါင်းအဖွဲ့ Emergency Coalition for the People of Myanmar ကို ဖွဲ့စည်းဖို့တောာင်းဆိုပါတယ်။ တချိုနိုင်ငံတွေက မြန်မာပြည်သူတွေကို ကူညီချင်ပေမဲ့ တချို့နိုင်ငံတွေက နေနိုင်လွန်းနေတဲ့အတွက် အခုလို တောင်းဆိုတာပါ
ခိုင်မာပြီး လက်တွဲလုပ်ဆောင်မှုတွေမရှိတဲ့ နိုင်ငံတကာအခင်းအကျဉ်းကြောင့် လွန်ခဲ့တဲ့ ငါးလအတွင်းမှာ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်ပျက်ခဲ့လဲဆိုတာ အားလုံးအသိပါ၊ နိုင်ငံတကာက အခုပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ အခြေအနေက ပိုမိုဆိုးဝါးသွားပါလိမ့်မယ်။မြန်မာပြည်သူဖက်က ရပ်တည်လိုတဲ့နိုင်ငံများအနေနဲ့ အဓိပ္ပာယ်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလဲရှိတဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့လိုပါတယ်။ ဒါမှသာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေကို တိုက်ခိုက်နေတာတွေကို လျော့ချနိုင်မှာဖြစ်တယ်။ ပြည်သူတွေရဲ့အသက်ကို ကယ်နိုင်မှာဖြစ်တယ်။ မြန်မာနိုင်ငံပ၎င်းိပက္ခကို ကောင်းမွန်စွာနဲ့ နိဂုံးချုပ်နိုင်မှာဖြစ်တယ်။ ဟု Tom Andrew က ပြောဆိုသည်။
အာဏာသိမ်းစစ်ကောင်စီonf လူ့အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စနစ်တကျချိုးဖောက်နေမှုသည် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်နေကြောင်းNUG အစိုးရသည် လူသားချင်းစာနာမှုအကူအညီများကို နိုင်ငံအတွင်းရောက်ရှိကူညီနိုင်ရန် ကြိုးပမ်းနေပြီး ICC ကိုလက်မှတ်ထိုးပြီး ချိုးဖောက်ခံပြည်သူတွေအားလုံးအတွင် တရားမျှတမှုဆောင်ကျဉ်းပေးနိုင်ဖို့ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်
ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်၏ဝင်ငွေရလမ်းတွေကို လျော့ချနိုင်ရေး နိုင်ငံတချို့က စစ်တပ်ခေါင်းဆောင်များနှင့်စီးပွားရေးများကို ပိတ်ဆို့ရန် အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို ပိတ်ဆို့ကြရန်၊ စစ်တပ်အတွက် လက်နက်တင်ပို့ရောင်းချမှုကို တားမြစ်ရန်၊ စစ်ခေါင်းဆောင်များနှင့်ရာဇဝတ်ကျုးလွန်သူများကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ပြီး အချက်အလက်များ စုဆောင်းရန် NUG အစိုးရနှင့်လက်တွဲပြီး စစ်တပ်နှင့်မဆက်စပ်သည့် လူသားချင်းစာနာသည့်အကူအညီများကို ထောက်ပံ့ပေးရန် အာဏာသိမ်းစစ်ကောင်စီ၏ တရားဝင်မှုကို ငြင်းဆိုရန် တို့ပါဝင်သည်
ခရက်ဒစ်
Khit Thit Media