အရင္းႏွီးဆုံးမိတ္ေဆြရဲေဘာ္ရဲဘက္ရဲ့႐ုပ္အေလာင္းကိုကိုယ္တိုင္ခ်ဳပ္ရတဲ့ဆရာဝန္တေယာက္ရဲ့ခံစားခ်က္ကကိုယ့္ႏွလုံးသားကိုအပ္နဲ႔ခ်ဳပ္ေနရသလိုပါပဲအပ္တခ်က္ေဖာက္တိုင္းမွာရင္ဘတ္ထဲကနင့္ေနေအာင္စူးပါတယ္သူနာမ်ားနာေနမလားဆိုၿပီး

ထုံေဆးထိုးဖို႔စဥ္းစားလိုက္ေသးတယ္ကၽြန္ေတာ္႐ူးမ်ား႐ူးသြားတာလားဒဏ္ရာရကြဲျပဲလို႔ခ်ဳပ္ရမယ့္လူနာတေယာက္လာတိုင္းမွာဒဏ္ရာရတဲ့ေနရာေပၚမူတည္ၿပီးအသင့္ေတာ္ဆုံးခ်ဳပ္ႀကိဳးကိုေရြးၿပီးအမာရြတ္အနည္းဆုံး

ျဖစ္ေအာင္ခ်ဳပ္ေလ့ရွိတယ္ကၽြန္ေတာ္ကအလွႀကိဴက္ေတာ့လူတိုင္းကိုလွေစခ်ငိတယ္ေလဒီေန႔ေတာ့မ်က္ႏွာတခုလုံးပ်က္စီးေနတဲ့ကၽြန္ေတာ့္သူငယ္ခ်င္းသူ႔အတြက္ခ်ဳပ္ႀကိဳးကိုေသခ်ာေရြးရင္းတခ်က္ခ်င္းေသခ်ခ်ပ္ရင္းမ်က္ရည္ေတြက႐ုပ္အေ

လာင္းေပၚက်တယ္ကၽြန္ေတာ္ဘယ္ေလာက္ႀကိဳးစားႀကိဳးစားအရင္မ်က္ႏွာျပန္မရနိုင္ေတာ့ဘူးညာဘက္လက္ကျပတ္သြားတယ္လက္ဘယ္မွာလဲေမးေတာ့ရွာမေတြ႕ဘူးတဲ့ဘယ္ဘက္လက္ကလက္ေခ်ာငိး

တေခ်ာငိးကမြစာၾကဲေနတယ္ပ်က္လုပ်က္ခင္အဲ့လက္ေခ်ာင္းကိုေတာ့ကၽြန္ေတာ္ႀကိဳးစားၿပီးေသခ်ာျပန္ခ်ဳပ္တယ္တတ္နိုင္သမၽွေျခလက္အစုံျပန္ပါေစခ်င္တာဆရာဝန္တေယာက္ရဲ့ေစတနာလားမိတ္ေဆြတေယာက္ရဲ့ခ်စ္ျခင္းေမတၱာလားေနာက္

ဆုံးအပ္ခ်က္ေတြကအားစိုက္ၿပီးထိုးရတယ္အေရျပားပါးပါးေလးပဲကိုဘာလို႔အဲ့ေလာက္မာေနတာပါလိမ့္တခ်ိန္ကသူ႔ေရွ႕မွာလူနာခ်ဳပ္ေတာ့ကၽြန္ေတာ္လူနာျဖစ္ရင္ဆရာမၿငိမ္းဆီမွာေတာ့အခ်ဳပ္မခံခ်င္ဘူးလို႔ေျပာဖူးတယ္

တကယ္ပဲအခ်ဳပ္မခံခ်င္တာမ်ားလားမရဘူးငါကေတာ့အတၱႀကီးတယ္ငါကလြဲရင္တျခားဆရာဝန္ခ်ဳပ္မွာစိုးလို႔မလွမပျဖစ္ေနတာသိသိရက္နဲ႔လွလွပပျဖစ္ေစခ်င္လို႔ကိုယ္တိုင္ခ်ဳပ္မယ္ဆိုၿပီးအခ်ိန္မွီေျပးလာခဲ့တာသိခ်င္လို႔ဝင္လာတဲ့သူေတြကို ဝင္မလာနဲ႔

လို႔ေျပာၿပီးတံခါးပိတ္တယ္ခ်ဳပ္လို႔ၿပီးစီးသြားတဲ့မ်က္ႏွာကို ပတ္တီးအျပည့္စည္းတယ္သူ႔မ်က္ႏွာကို တျခားဘယ္သူမွထပ္မျမင္ေစခ်င္ေတာ့ဘူးဓာတ္ပုံလည္းမရိုက္ေစခ်င္ဘူးလူေတြရဲ့စိတ္ထဲမွာ

ေယာက်ာ္းပီပီသသေခ်ာေမာခဲ့တဲ့သူ႔မ်က္ႏွာကိုပဲစြဲက်န္ေနေစခ်ငိတယ္အက်ီ္ပုဆိုးငါကိုယ္တိုင္ဝတ္ေပးတယ္ေသြးေတြကိုယ္တိုင္သုတ္ေပးတယ္သူရဲေကာင္းေရမာန္းေရနင္ကေတာ့ေကာင္းကင္ေရာက္သြားၿပီဝဠ္ေႂကြးႀကီးလြန္းလွတဲ့ငါတို႔ေတြပဲက်န္ေတာ့တယ္

Unicode

အရင်းနှီးဆုံးမိတ်ဆွေရဲဘော်ရဲဘက်ရဲ့ရုပ်အလောင်းကိုကိုယ်တိုင်ချုပ်ရတဲ့ဆရာဝန်တယောက်ရဲ့ခံစားချက်ကကိုယ့်နှလုံးသားကိုအပ်နဲ့ချုပ်နေရသလိုပါပဲအပ်တချက်ဖောက်တိုင်းမှာရင်ဘတ်ထဲကနင့်နေအောင်စူးပါတယ်သူနာများနာနေမ

 

လားဆိုပြီးထုံဆေးထိုးဖို့စဉ်းစားလိုက်သေးတယ်ကျွန်တော်ရူးများရူးသွားတာလားဒဏ်ရာရကွဲပြဲလို့ချုပ်ရမယ့်လူနာတယောက်လာတိုင်းမှာဒဏ်ရာရတဲ့နေရာပေါ်မူတည်ပြီးအသင့်တော်ဆုံးချုပ်ကြိုးကိုရွေးပြီးအမာရွတ်အနည်းဆုံး

ဖြစ်အောင်ချုပ်လေ့ရှိတယ်ကျွန်တော်ကအလှကြိူက်တော့လူတိုင်းကိုလှစေချငိတယ်လေဒီနေ့တော့မျက်နှာတခုလုံးပျက်စီးနေတဲ့ကျွန်တော့်သူငယ်ချင်းသူ့အတွက်ချုပ်ကြိုးကိုသေချာရွေးရင်းတချက်ချင်းသေချချပ်ရင်းမျက်ရည်တွေကရုပ်

အလောင်းပေါ်ကျတယ်ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစားအရင်မျက်နှာပြန်မရနိုင်တော့ဘူးညာဘက်လက်ကပြတ်သွားတယ်လက်ဘယ်မှာလဲမေးတော့ရှာမတွေ့ဘူးတဲ့ဘယ်ဘက်လက်ကလက်ချောငိး

တချောငိးကမွစာကြဲနေတယ်ပျက်လုပျက်ခင်အဲ့လက်ချောင်းကိုတော့ကျွန်တော်ကြိုးစားပြီးသေချာပြန်ချုပ်တယ်တတ်နိုင်သမျှခြေလက်အစုံပြန်ပါစေချင်တာဆရာဝန်တယောက်ရဲ့စေတနာလားမိတ်ဆွေတယောက်ရဲ့ချစ်ခြင်းမေတ္တာလား

နောက်ဆုံးအပ်ချက်တွေကအားစိုက်ပြီးထိုးရတယ်အရေပြားပါးပါးလေးပဲကိုဘာလို့အဲ့လောက်မာနေတာပါလိမ့်တချိန်ကသူ့ရှေ့မှာလူနာချုပ်တော့ကျွန်တော်လူနာဖြစ်ရင်ဆရာမငြိမ်းဆီမှာတော့အချုပ်မခံချင်ဘူးလို့ပြောဖူးတယ်

တကယ်ပဲအချုပ်မခံချင်တာများလားမရဘူးငါကတော့အတ္တကြီးတယ်ငါကလွဲရင်တခြားဆရာဝန်ချုပ်မှာစိုးလို့မလှမပဖြစ်နေတာသိသိရက်နဲ့လှလှပပဖြစ်စေချင်လို့ကိုယ်တိုင်ချုပ်မယ်ဆိုပြီးအချိန်မှီပြေးလာခဲ့တာသိချင်လို့ဝင်လာတဲ့သူ

တွေကို ဝင်မလာနဲ့ လို့ပြောပြီးတံခါးပိတ်တယ်ချုပ်လို့ပြီးစီးသွားတဲ့မျက်နှာကို ပတ်တီးအပြည့်စည်းတယ်သူ့မျက်နှာကို တခြားဘယ်သူမှထပ်မမြင်စေချင်တော့ဘူးဓာတ်ပုံလည်းမရိုက်စေချင်ဘူးလူတွေရဲ့စိတ်ထဲမှာ

ယောကျာ်းပီပီသသချောမောခဲ့တဲ့သူ့မျက်နှာကိုပဲစွဲကျန်နေစေချငိတယ်အကျီ်ပုဆိုးငါကိုယ်တိုင်ဝတ်ပေးတယ်သွေးတွေကိုယ်တိုင်သုတ်ပေးတယ်သူရဲကောင်းရေမာန်းရေနင်ကတော့ကောင်းကင်ရောက်သွားပြီဝဠ်ကြွေးကြီးလွန်းလှတဲ့ငါတို့တွေပဲကျန်တော့တယ်

Leave a Reply

Your email address will not be published. Required fields are marked *