ဥကရစ္ထစခန္းကို မရ ရတဲ့ အထိ တိုက္ယူသြားမယ္လို႔ ဗိုလ္ခ်ဳပ္ေက်ာ္သက္ ေျပာ

ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္၊ ေဝါေလၿမိဳင္ေဒသရွိ ဥကရစ္ထ စစ္ေကာင္စီတပ္စခန္း တိုက္ပြဲမွာ ႏွစ္ဖက္တပ္ဖြဲ႕ဝင္ေတြ ေသဆုံးသူနဲ႔ ဒဏ္ရာရသူေတြ မ်ားတယ္လို႔ ဦးေဆာင္တိုက္ခိုက္ေနတဲ့ KNDO အထူးကြန္မန္ဒို VENOM စစ္ေၾကာင္းမႉး ေစာဝင္းျမင့္က ဒီဗြီဘီကို ေျပာပါတယ္။

တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္က ေသဆုံးသူနဲ႔ ဒဏ္ရာရရွိသူ တိတိက်က် မသိရေသးေပမဲ့ အမ်ားအျပားရွိသလို KNDO အထူးကြန္မန္ဒို VENOM စစ္ေၾကာင္းနဲ႔ ေကာ္ဘရာ ပူးေပါင္းစစ္ေၾကာင္းဘက္က တပ္ဖြဲ႕ဝင္ ၁၃ ဦး တိုင္းျပည္အတြက္ အသက္ေပးလႉခဲ့ၿပီး ဒဏ္ရာရသူေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။

ဇြန္ ၂၅ ရက္ညက စတင္ကာ စစ္ေကာင္စီရဲ႕ တပ္စခန္းကို KNDO အထူးကြန္မန္ဒို VENOM စစ္ေၾကာင္းမႉး ေစာဝင္းျမင့္၊ ေကာ္ဘရာစစ္ေၾကာင္း ဗိုလ္အယ္ေစးဝါးတို႔ ဦးေဆာင္ၿပီး ပူးေပါင္းတိုက္ခိုက္ေနတာမွာ ၄ ရက္ၾကာ တိုက္ပြဲျဖစ္ၿပီး စခန္းေနရာ အေတာ္မ်ားမ်ားကို တိုက္ခိုက္သိမ္းပိုက္ထားႏိုင္ခဲ့ၿပီျဖစ္ေပမဲ့ ဇြန္ ၂၉ ရက္ မနက္ ၁၂ နာရီအထိ ႏွစ္ဖက္တိုက္ပြဲ ဆက္လက္ျပင္းထန္ဆဲ ျဖစ္ပါတယ္။

VENOM စစ္ေၾကာင္းမႉး ေစာဝင္းျမင့္က “တိုက္ပြဲက ျပင္းထန္ေနတုန္း။ စစ္ေကာင္စီဘက္က ေသတဲ့သူနဲ႔ ဒဏ္ရာရသူက မ်ားတယ္။ တိတိက်က်ေတာ့ မေျပာႏိုင္ေသးဘူး။ က်ေနာ္တို႔ဘက္က ဒီေန႔က်ဆုံးသူမ်ားတယ္။ အခုထိ ၁၃ ဦီး တိုင္းျပည္အတြက္ အသက္ေပးလႉလိုက္ရၿပီ။ ဒဏ္ရာရသူလည္း မ်ားတယ္။ အတိအက် မေျပာႏိုင္ေသးဘူး။ စခန္းသိမ္းဖို႔ ႀကိဳးစားေနတုန္း” လို႔ ေျပာပါတယ္။

စခန္းသိမ္းတိုက္ပြဲအတြင္း စစ္ေကာင္စီရဲ႕ ေဝါေလဗ်ဴဟာကုန္းကေန လက္နက္ႀကီးပစ္ကူ ဆက္တိုက္ပစ္ခတ္ေပးခဲ့သလို ေလေၾကာင္းကေန ဇြန္ ၂၇ ရက္ ညေန ၄ နာရီက MPA ကင္းေထာက္ေလယာဥ္၊ YAK-130 ဂ်က္ေလယာဥ္ ၂ စီးနဲ႔ ၁၀ ႀကိမ္နီးပါး လာေရာက္ ဗုံးႀကဲခဲ့ကာ ဇြန္ ၂၈ ရက္ မနက္ပိုင္းနဲ႔ ညပိုင္းေတြမွာ တႀကိမ္စီတိုက္ခိုက္ခဲ့ၿပီး ဇြန္ ၂၉ ရက္ မနက္ ၁၁ နာရီေလာက္က ေလေၾကာင္းကေန ထပ္မံလာေရာက္ ကင္းေထာက္ပ်ံသန္းသြားခဲ့တယ္လို႔ အထူးကြန္မန္ဒို VENOM စစ္ေၾကာင္းမႉးက ေျပာပါတယ္။

ဥကရစ္ထတိုက္ပြဲအတြင္း တိုင္းျပည္အတြက္ အသက္ေပးသြားခဲ့သူ ၁၃ ဦးထဲမွာ CDM ဒုတပ္ၾကပ္ ေဝလင္းေအာင္ (ခ) ေဇာ္ဝင္းထြဋ္နဲ႔ လူ႐ႊင္ေတာ္ အီၾကာေကြးတို႔လည္း ပါဝင္တယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

ဥကရစ္ထစခန္းကို အၿပီးအပိုင္သိမ္းပိုက္ဖို႔ ဆက္လက္တိုက္ပြဲဝင္သြားမွာျဖစ္ၿပီး က်ဴးေက်ာ္လာတဲ့ စစ္ေကာင္စီတပ္ေတြကို ေမာင္းထုတ္သြားမယ္လို႔ ဗိုလ္ေက်ာ္သက္က ေျပာပါတယ္။

“ဥကရစ္ထတိုက္ပြဲ အေျခအေနကေတာ့ ဒီေန႔ဆိုရင္ ၄ ရက္ေျမာက္ျဖစ္ၿပီေပါ့။ ဒီေန႔ေတာ့ ၿပီးမယ္ထင္တယ္။ ရန္သူကေတာ့ အက်အဆုံးမ်ားတယ္။ ရန္သူက တအားေလယာဥ္သုံးေနတယ္ အခု။ ေလယာဥ္ပ်ံသုံးတယ္။ လက္နက္ႀကီးသုံးတယ္။ ၁၂၀ မမ တအားသုံးတယ္။ ဒါေပမဲ့ မၿပီးေသးဘူးေလေနာ္။ အားလုံးေျပာလို႔မရေသးဘူး။ စစ္ေကာင္စီ မ်ားမ်ားမက်န္ေတာ့ပါဘူး။ အမ်ားဆုံး ၃၀ အဲေလာက္ပဲက်န္ေတာ့တယ္။ ဒါေပမဲ့ က်ေနာ္တို႔ အျပဳတ္တိုက္မယ္။ အဲဒီေနရာကေန ေမာင္းထုတ္ရမယ္။ တကယ္လို႔ မရရင္ က်ေနာ္ကိုယ္တိုင္ အဲဒီေနရာသြားၿပီးေတာ့ ဝင္တိုက္မယ္၊ ဥကရစ္ထစခန္းကို ဒီဟာေတာ့ ရေအာင္လုပ္ရမွာေပါ့။ ၿပီးေအာင္တိုက္မယ္၊ ဒီစစ္ေကာင္စီကေတာ့ ဥကရစ္ထစခန္း မရွိေအာင္ေတာ့ တိုက္ထုတ္ရမွာပဲ။”

တိုက္ပြဲၾကာလာတာနဲ႔အမွ် စစ္ေကာင္စီဘက္က စားေသာက္ေရးအခက္ခဲနဲ႔ လူနာပို႔ေဆာင္ေရးမွာလည္း အခက္အခဲရွိသလို က်ည္ဆန္ေတြလည္း ကုန္သေလာက္ျဖစ္ေနၿပီး ဇြန္ ၂၉ ရက္ ၁၂ နာရီေလာက္အထိ ေနာက္ဆုံးရရွိသတင္းအရ စစ္ေကာင္စီတပ္က ဂ်က္တိုက္ေလယာဥ္နဲ႔ ၂ ႀကိမ္ လာေရာက္ပစ္ကူတာ ေတြ႕ရွိရပါတယ္။

စစ္ေကာင္စီတပ္ေတြရဲ႕ နယ္ေျမက်ဴးေက်ာ္မႈေၾကာင့္ တိုက္ပြဲျဖစ္ပြားတာျဖစ္ၿပီး ကရင္တပ္ဖြဲ႕ေတြအေနနဲ႔ ခုခံစစ္ပြဲ ဆင္ႏႊဲေနတာ ျဖစ္တယ္လို႔လည္း ဗိုလ္ေက်ာ္သက္က ေျပာပါတယ္။

“က်ေနာ္တို႔နယ္ေျမမွာ သူတို႔ လာၿပီးက်ဴးေက်ာ္တယ္။ က်ေနာ္တို႔နယ္ေျမမွာ က်ေနာ္တို႔ေနတာကို။ အမွန္က က်ေနာ္တို႔ စစ္တိုက္ခ်င္တာမဟုတ္ဘူး။ သူတို႔ က်ဴးေက်ာ္ေနတဲ့ အတြက္ေၾကာင့္ က်ေနာ္တို႔ ခုခံေတာ္လွန္စစ္ပဲျဖစ္တယ္။ စစ္ေကာင္စီက ဘယ္တရားမလဲ။ သူက စစ္အာဏာရွင္ဆိုေတာ့ ကမာၻကေတာင္မွ မေထာက္ခံဘူးေလ။

အခု ဒီစစ္ေကာင္စီဆိုတာ ဒီစစ္အာဏာရွင္ဆိုတာ သူမ်ားႏိုင္ငံမွာလည္း ဘာစစ္အာဏာရွင္ မရွိေတာ့ဘူးေလ။ အခုက လူထုကိုသတ္ျဖတ္၊ သူတို႔ပဲ အာဏာပဲလိုခ်င္တယ္ေပါ့ေနာ္။ အာဏာက ရွင္းရွင္းေျပာရရင္ မတည္ၿမဲပါဘူး။ သူတို႔အာဏာ သူတို႔ ေကာင္းစားဖို႔အတြက္ပဲ၊ ျပည္သူလူထုကေတာ့ ဒုကၡေရာက္တာေပါ့၊ ေသတဲ့လူလည္း ေသတယ္၊ အမ်ားႀကီးပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီစစ္ေကာင္စီကေတာ့ ဘယ္သူမွ သူတို႔ကို မေထာက္ခံဘူး။”

ဥကရစ္ထ ေျခကုပ္တပ္စခန္းဟာ ျမဝတီ၊ ေသ့ေဘာဘိုး၊ ေဝါေလၿမိဳ႕သစ္အဝင္ မုလအိ၊ စုကလိ လမ္းဆုံမွာ စခန္းတည္ေဆာက္ထားတာျဖစ္ၿပီး စစ္ေရးအရ အခ်က္အခ်ာက်တဲ့ စခန္းတခုျဖစ္ပါတယ္။

တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တာ၊ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္တာေတြေၾကာင့္ အနီးအနားက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြဟာ ထိုင္းႏိုင္ငံဘက္ျခမ္းကို ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။source-DVB

ဥကရစ်ထစခန်းကို မရ ရတဲ့ အထိ တိုက်ယူသွားမယ်လို့ ဗိုလ်ချုပ်ကျော်သက် ပြော

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်ဒေသရှိ ဥကရစ်ထ စစ်ကောင်စီတပ်စခန်း တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ များတယ်လို့ ဦးဆောင်တိုက်ခိုက်နေတဲ့ KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး စောဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ တိတိကျကျ မသိရသေးပေမဲ့ အများအပြားရှိသလို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းနဲ့ ကော်ဘရာ ပူးပေါင်းစစ်ကြောင်းဘက်က တပ်ဖွဲ့ဝင် ၁၃ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်ညက စတင်ကာ စစ်ကောင်စီရဲ့ တပ်စခန်းကို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး စောဝင်းမြင့်၊ ကော်ဘရာစစ်ကြောင်း ဗိုလ်အယ်စေးဝါးတို့ ဦးဆောင်ပြီး ပူးပေါင်းတိုက်ခိုက်နေတာမှာ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စခန်းနေရာ အတော်များများကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပေမဲ့ ဇွန် ၂၉ ရက် မနက် ၁၂ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်ဆဲ ဖြစ်ပါတယ်။

VENOM စစ်ကြောင်းမှူး စောဝင်းမြင့်က “တိုက်ပွဲက ပြင်းထန်နေတုန်း။ စစ်ကောင်စီဘက်က သေတဲ့သူနဲ့ ဒဏ်ရာရသူက များတယ်။ တိတိကျကျတော့ မပြောနိုင်သေးဘူး။ ကျနော်တို့ဘက်က ဒီနေ့ကျဆုံးသူများတယ်။ အခုထိ ၁၃ ဦီး တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရပြီ။ ဒဏ်ရာရသူလည်း များတယ်။ အတိအကျ မပြောနိုင်သေးဘူး။ စခန်းသိမ်းဖို့ ကြိုးစားနေတုန်း” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပစ်ခတ်ပေးခဲ့သလို လေကြောင်းကနေ ဇွန် ၂၇ ရက် ညနေ ၄ နာရီက MPA ကင်းထောက်လေယာဉ်၊ YAK-130 ဂျက်လေယာဉ် ၂ စီးနဲ့ ၁၀ ကြိမ်နီးပါး လာရောက် ဗုံးကြဲခဲ့ကာ ဇွန် ၂၈ ရက် မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ တကြိမ်စီတိုက်ခိုက်ခဲ့ပြီး ဇွန် ၂၉ ရက် မနက် ၁၁ နာရီလောက်က လေကြောင်းကနေ ထပ်မံလာရောက် ကင်းထောက်ပျံသန်းသွားခဲ့တယ်လို့ အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူးက ပြောပါတယ်။

ဥကရစ်ထတိုက်ပွဲအတွင်း တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သူ ၁၃ ဦးထဲမှာ CDM ဒုတပ်ကြပ် ဝေလင်းအောင် (ခ) ဇော်ဝင်းထွဋ်နဲ့ လူရွှင်တော် အီကြာကွေးတို့လည်း ပါဝင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဥကရစ်ထစခန်းကို အပြီးအပိုင်သိမ်းပိုက်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို မောင်းထုတ်သွားမယ်လို့ ဗိုလ်ကျော်သက်က ပြောပါတယ်။

“ဥကရစ်ထတိုက်ပွဲ အခြေအနေကတော့ ဒီနေ့ဆိုရင် ၄ ရက်မြောက်ဖြစ်ပြီပေါ့။ ဒီနေ့တော့ ပြီးမယ်ထင်တယ်။ ရန်သူကတော့ အကျအဆုံးများတယ်။ ရန်သူက တအားလေယာဉ်သုံးနေတယ် အခု။ လေယာဉ်ပျံသုံးတယ်။ လက်နက်ကြီးသုံးတယ်။ ၁၂၀ မမ တအားသုံးတယ်။ ဒါပေမဲ့ မပြီးသေးဘူးလေနော်။ အားလုံးပြောလို့မရသေးဘူး။ စစ်ကောင်စီ များများမကျန်တော့ပါဘူး။ အများဆုံး ၃၀ အဲလောက်ပဲကျန်တော့တယ်။ ဒါပေမဲ့ ကျနော်တို့ အပြုတ်တိုက်မယ်။ အဲဒီနေရာကနေ မောင်းထုတ်ရမယ်။ တကယ်လို့ မရရင် ကျနော်ကိုယ်တိုင် အဲဒီနေရာသွားပြီးတော့ ဝင်တိုက်မယ်၊ ဥကရစ်ထစခန်းကို ဒီဟာတော့ ရအောင်လုပ်ရမှာပေါ့။ ပြီးအောင်တိုက်မယ်၊ ဒီစစ်ကောင်စီကတော့ ဥကရစ်ထစခန်း မရှိအောင်တော့ တိုက်ထုတ်ရမှာပဲ။”

တိုက်ပွဲကြာလာတာနဲ့အမျှ စစ်ကောင်စီဘက်က စားသောက်ရေးအခက်ခဲနဲ့ လူနာပို့ဆောင်ရေးမှာလည်း အခက်အခဲရှိသလို ကျည်ဆန်တွေလည်း ကုန်သလောက်ဖြစ်နေပြီး ဇွန် ၂၉ ရက် ၁၂ နာရီလောက်အထိ နောက်ဆုံးရရှိသတင်းအရ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် လာရောက်ပစ်ကူတာ တွေ့ရှိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ နယ်မြေကျူးကျော်မှုကြောင့် တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး ကရင်တပ်ဖွဲ့တွေအနေနဲ့ ခုခံစစ်ပွဲ ဆင်နွှဲနေတာ ဖြစ်တယ်လို့လည်း ဗိုလ်ကျော်သက်က ပြောပါတယ်။

“ကျနော်တို့နယ်မြေမှာ သူတို့ လာပြီးကျူးကျော်တယ်။ ကျနော်တို့နယ်မြေမှာ ကျနော်တို့နေတာကို။ အမှန်က ကျနော်တို့ စစ်တိုက်ချင်တာမဟုတ်ဘူး။ သူတို့ ကျူးကျော်နေတဲ့ အတွက်ကြောင့် ကျနော်တို့ ခုခံတော်လှန်စစ်ပဲဖြစ်တယ်။ စစ်ကောင်စီက ဘယ်တရားမလဲ။ သူက စစ်အာဏာရှင်ဆိုတော့ ကမ္ဘာကတောင်မှ မထောက်ခံဘူးလေ။

အခု ဒီစစ်ကောင်စီဆိုတာ ဒီစစ်အာဏာရှင်ဆိုတာ သူများနိုင်ငံမှာလည်း ဘာစစ်အာဏာရှင် မရှိတော့ဘူးလေ။ အခုက လူထုကိုသတ်ဖြတ်၊ သူတို့ပဲ အာဏာပဲလိုချင်တယ်ပေါ့နော်။ အာဏာက ရှင်းရှင်းပြောရရင် မတည်မြဲပါဘူး။ သူတို့အာဏာ သူတို့ ကောင်းစားဖို့အတွက်ပဲ၊ ပြည်သူလူထုကတော့ ဒုက္ခရောက်တာပေါ့၊ သေတဲ့လူလည်း သေတယ်၊ အများကြီးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ကောင်စီကတော့ ဘယ်သူမှ သူတို့ကို မထောက်ခံဘူး။”

ဥကရစ်ထ ခြေကုပ်တပ်စခန်းဟာ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိ လမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတခုဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အနီးအနားက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။source-DVB

Leave a Reply

Your email address will not be published.