ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “သုသာန်မှာ အကြာကြီးစောင့်နေရတဲ့သူတွေကို ထမင်းဘူးတွေလှူဖို့တွက် ကူညီလှူဒါန်းပေးတဲ့ Clean Yangon ကအကိုတွေကို အရမ်းကျေးဇူးတင်ပါတယ်…ပရဟိတအသင်း၂ခုကို ဒီနေ့မှာလှူဒါန်းဖို့တွက်
Unicode
သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လမ်းထွက်ဆန္ဒပြမှုတွေမှာလည်း
နေ့တိုင်းလိုလိုပါဝင်ခဲ့တဲ့သူဖြစ်ပြီး မိသားစုလိုက်ရပ်တည်ချက်ပြတ်ပြတ်သားသားနဲ့ လျှောက်လှမ်းခဲ့တာကြောင့် ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရတာဖြစ်ပါတယ်
သဇင်ထူးမြင့်တို့မိသားစုဟာ ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတာကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရပေမယ့်လည်း အရေးတော်ပုံကြီးအောင်မြင်ရေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်အခြေအနေတွေမှာ
တတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီပေးနေတာ တွေ့ရပါတယ်။ ယနေ့မှာဆိုရင်လည်း သဇင်ထူးမြင့်တို့မိသားစုဟာ သုသာန်တွေမှာ အပင်ပန်းခံပြီးကူညီပေးနေကြတဲ့ ပရဟိတအဖွဲ့သားတွေနဲ့ မီးသဂြိုလ်‌ပေးဖို့စောင့်နေကြရတဲ့သူတွေအတွက် ထမင်းဘူးတွေလှူဒါန်းခဲ့တာဖြစ်ပါတယ်
ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “သုသာန်မှာ အကြာကြီးစောင့်နေရတဲ့သူတွေကို ထမင်းဘူးတွေလှူဖို့တွက် ကူညီလှူဒါန်းပေးတဲ့ Clean Yangon ကအကိုတွေကို အရမ်းကျေးဇူးတင်ပါတယ
ပရဟိတအသင်း၂ခုကို ဒီနေ့မှာလှူဒါန်းဖို့တွက် ကြိုတင်ပြင်ဆင်နေတုန်း မနေ့က မထင်မှတ်ပဲကြားလိုက်ရတဲ့သတင်းက သဲတို့အဖွားလေး အောက်စီဂျင်ကျပြီး ရုတ်တရက်ဆုံးပါးသွားပါတယ်…အဲ့တော့ဒီအလှူလေးကို အဖွားလေးတွက် ရည်စူးပြီး
လှူဒါန်းပါတယ်🙏အဖွားကောင်းရာဘုံဘဝမှာ
အေးအေးချမ်းချမ်းရှိနေမယ်လို့လည်းယုံကြည်ပါတယ်နောက်ဆုံးခရီးကို လိုက်ပို့ခွင့်လည်းမရခဲ့ပေမယ့်အဖွားတွက်
တတ်နိုင်သလောက်ကောင်းမှုကုသိုလ်တွေ ထပ်ပြီးလုပ်ပေးသွားပါ့မယ်….” ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
သတင်းအရင်းမြစ်: Thazin Htoo Myint’s Facebook acc
Leave a Reply
Your email address will not be published.