ရာအိမ္မႉးေနအိမ္ မီးပုလင္းပစ္ခံရၿပီး တစ္အိမ္လုံး ျပာက်

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (စ) ရပ္ကြက္ ရွိ ရပ္ကြက္ရာအိမ္မႉးတစ္ဦး၏ ေနအိမ္ ဇြန္လ ၂၈ ရက္၊ နံနက္ပိုင္းတြင္ မီးပုလင္းပစ္ခံရၿပီး တစ္အိမ္လုံး မီးေလာင္ျပာက်ခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

“ မီးပုလင္းနဲ႔ပစ္ေပါက္သြားတာလို႔သိရတယ္။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ မမီေတာ့ပါဘူး။ တစ္အိမ္လုံး ျပာက်သြားၿပီးၿပီ။ သူ႔တစ္အိမ္ထဲေလာင္တာပါ။ အခု အိမ္ရွင္ကတရားစြဲထားတယ္” ဟု မီးသတ္ဦးစီးဌာန သတင္းရင္းျမစ္တစ္ဦးကလည္း အတည္ျပဳေျပာသည္။

မီးပုလင္းပစ္ခံရသည့္ေနအိမ္သည္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (စ)ရပ္ကြက္ ၁၂၃ လမ္း၊ လမ္း ၆၀ ႏွင့္ ၆၁ လမ္းၾကားမွ စစ္ေကာင္စီခန႔္ ရပ္ကြက္ရာအိမ္မႉး ေဒၚရတနာစိုးဆိုသူ၏ ေနအိမ္ျဖစ္ေၾကာင္းသိရသည္။

ဇြန္လ ၂၈ ရက္ နံနံနက္အေစာပိုင္း ၁ နာရီခြဲအခ်ိန္ခန႔္တြင္ လူေလးဦးက ဆိုင္ကယ္တစ္စီးျဖင့္ လာေရာက္ကာ ေနအိမ္ေရွ႕မွေန၍ မီးပုလင္းျဖင့္ ပစ္သြားျခင္း ျဖစ္ေၾကာင္း ရပ္ကြက္ေဒသခံမ်ားကဆိုသည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္တစ္လုံးလုံး မီးေလာင္ျပာက်ခဲ့ၿပီး ေနအိမ္အတြင္းရွိ ဆိုင္ကယ္ႏွစ္စီးလည္း မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

လတ္တေလာတြင္ ဆုံးရႈံးမႈတန္ဖိုး ေငြက်ပ္ သိန္းႏွစ္ဆယ္ျဖစ္ေၾကာင္း တိုင္းမီးသတ္ဦးစီးဌာနႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္ထံမွ သိရသည္။

source-mizzima

ရာအိမ်မှူးနေအိမ် မီးပုလင်းပစ်ခံရပြီး တစ်အိမ်လုံး ပြာကျ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ရှိ ရပ်ကွက်ရာအိမ်မှူးတစ်ဦး၏ နေအိမ် ဇွန်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မီးပုလင်းပစ်ခံရပြီး တစ်အိမ်လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ မီးပုလင်းနဲ့ပစ်ပေါက်သွားတာလို့သိရတယ်။ ကျွန်တော်တို့ရောက်တော့ မမီတော့ပါဘူး။ တစ်အိမ်လုံး ပြာကျသွားပြီးပြီ။ သူ့တစ်အိမ်ထဲလောင်တာပါ။ အခု အိမ်ရှင်ကတရားစွဲထားတယ်” ဟု မီးသတ်ဦးစီးဌာန သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုပြောသည်။

မီးပုလင်းပစ်ခံရသည့်နေအိမ်သည် ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် ၁၂၃ လမ်း၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြားမှ စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး ဒေါ်ရတနာစိုးဆိုသူ၏ နေအိမ်ဖြစ်ကြောင်းသိရသည်။

ဇွန်လ ၂၈ ရက် နံနံနက်အစောပိုင်း ၁ နာရီခွဲအချိန်ခန့်တွင် လူလေးဦးက ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ကာ နေအိမ်ရှေ့မှနေ၍ မီးပုလင်းဖြင့် ပစ်သွားခြင်း ဖြစ်ကြောင်း ရပ်ကွက်ဒေသခံများကဆိုသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးလုံး မီးလောင်ပြာကျခဲ့ပြီး နေအိမ်အတွင်းရှိ ဆိုင်ကယ်နှစ်စီးလည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်းနှစ်ဆယ်ဖြစ်ကြောင်း တိုင်းမီးသတ်ဦးစီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

source-mizzima

ရာအိမ္မႉးေနအိမ္ မီးပုလင္းပစ္ခံရၿပီး တစ္အိမ္လုံး ျပာက်

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (စ) ရပ္ကြက္ ရွိ ရပ္ကြက္ရာအိမ္မႉးတစ္ဦး၏ ေနအိမ္ ဇြန္လ ၂၈ ရက္၊ နံနက္ပိုင္းတြင္ မီးပုလင္းပစ္ခံရၿပီး တစ္အိမ္လုံး မီးေလာင္ျပာက်ခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

“ မီးပုလင္းနဲ႔ပစ္ေပါက္သြားတာလို႔သိရတယ္။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ မမီေတာ့ပါဘူး။ တစ္အိမ္လုံး ျပာက်သြားၿပီးၿပီ။ သူ႔တစ္အိမ္ထဲေလာင္တာပါ။ အခု အိမ္ရွင္ကတရားစြဲထားတယ္” ဟု မီးသတ္ဦးစီးဌာန သတင္းရင္းျမစ္တစ္ဦးကလည္း အတည္ျပဳေျပာသည္။

မီးပုလင္းပစ္ခံရသည့္ေနအိမ္သည္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (စ)ရပ္ကြက္ ၁၂၃ လမ္း၊ လမ္း ၆၀ ႏွင့္ ၆၁ လမ္းၾကားမွ စစ္ေကာင္စီခန႔္ ရပ္ကြက္ရာအိမ္မႉး ေဒၚရတနာစိုးဆိုသူ၏ ေနအိမ္ျဖစ္ေၾကာင္းသိရသည္။

ဇြန္လ ၂၈ ရက္ နံနံနက္အေစာပိုင္း ၁ နာရီခြဲအခ်ိန္ခန႔္တြင္ လူေလးဦးက ဆိုင္ကယ္တစ္စီးျဖင့္ လာေရာက္ကာ ေနအိမ္ေရွ႕မွေန၍ မီးပုလင္းျဖင့္ ပစ္သြားျခင္း ျဖစ္ေၾကာင္း ရပ္ကြက္ေဒသခံမ်ားကဆိုသည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္တစ္လုံးလုံး မီးေလာင္ျပာက်ခဲ့ၿပီး ေနအိမ္အတြင္းရွိ ဆိုင္ကယ္ႏွစ္စီးလည္း မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

လတ္တေလာတြင္ ဆုံးရႈံးမႈတန္ဖိုး ေငြက်ပ္ သိန္းႏွစ္ဆယ္ျဖစ္ေၾကာင္း တိုင္းမီးသတ္ဦးစီးဌာနႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္ထံမွ သိရသည္။

source-mizzima

Leave a Reply

Your email address will not be published.