လက္ရွိမွာေတာ့ျမန္မာျပည္တြင္းမွာျဖစ္ပြါးေနတဲ့ကိစၥရပ္ေတြကိုျပည္သူလူထုကလည္းနည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ရင္ဆိုင္ေျဖရွင္းေနရတာျဖစ္ပါတယ္။ကိုဗစ္ကပ္ေရာဂါဆိုးႀကီးကို တိုက္ထုတ္ဖို႔အတြက္လည္း က်န္းမာေရးနည္းလမ္းမ်ားကို က်င့္သုံးသလို ဘုရား၊တရားေတြပိုလုပ္ၿပီး ကုသိုလ္ေကာင္းမႉေတြလည္း

ျပဳလုပ္ၾကတာျဖစ္ပါတယ္။ဇူလိုင္လ(၂၅)ရက္ေန႔ကဆိုရင္မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးကသပိတ္ပိုက္ၿပီးဆြမ္းခံႂကြခ်ီေတာ္မူလာတဲ့ပုံရိပ္ေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေတြ႕ျမင္ရပါတယ္    

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးကေတာ့ ဝါတြင္းကာလမွာ ေန႔စဥ္ဆြမ္းခံႂကြခ်ီေတာ္မူမွာပဲျဖစ္ပါတယ္။ဆရာေတာ္ဘုရားႀကီးက ဝါဆိုလျပည့္ေက်ာ္(၂)ရက္ေန႔မွစတင္ၿပီးနံနက္(၇)နာရီအခ်ိန္မွာႂကြခ်ီလာတာျဖစ္ပါတယ္။ဆရာေတာ္ဘုရားႀကီးဆြမ္းခံႂကြတယ္ဆိုတဲ့သတင္းေၾကာင့္ ျပည္သူေတြလည္း

အရမ္းေပ်ာ္ရႊင္ၾကၿပီးၾကည္ညိဳသဒၶါပြါးမ်ားေနၾကတာျဖစ္ပါတယ္။ဒီလိုမ်ိဳး အရိယာပုဂၢိဳလ္ႀကီးေတြ လူ႔ေလာကထဲကို သပိတ္ပိုက္ကာထြက္ႂကြလာၿပီးတာနဲ႔ မၾကာခင္မွာ ကပ္ေဘးေတြကင္းေဝးတယ္လို႔ သိရပါတယ္

ဒီေန႔ဇူလိုင္လ(၂၆)ရက္ေန႔၊နံနက္(၇)နာရီအခ်ိန္မွာလည္းဆရာေတာ္ဘုရားႀကီးကေဉယ်ဓမ္ေတာရတြင္ဆြမ္းခံႂကြခ်ီေတာ္မူလာခဲ့ပါတယ္။ဆရာေတာ္ဘုရားႀကီး ႂကြခ်ီမယ့္လမ္းကို ေကာ္ေဇာအနီခင္းေပးထားၿပီး ရဟန္းရွင္လူအမ်ားအျပားက ဆြမ္းေလာင္းရင္း ဦးခိုက္ကန္ေတာ့ေနၾကတာပဲျဖစ္ပါတယ္။ဆရာေတာ္ဘုရားႀကီးရဲ့

ဆြမ္းခံႂကြခ်ီေတာ္မူလာတဲ့ပုံရိပ္ကအရမ္းၾကည္ညိဳဖြယ္ေကာင္းတာေၾကာင့္ျပည္သူအမ်ားအျပားေမတၱာဓာတ္ကိုဦးညႊတ္ခံယူနိုင္ၾကဖို႔အတြက္ ဗီဒီယိုဖိုင္ကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Photo Credit: Original Uploder

Unicode

လက်ရှိမှာတော့မြန်မာပြည်တွင်းမှာဖြစ်ပွါးနေတဲ့ကိစ္စရပ်တွေကိုပြည်သူလူထုကလည်းနည်းလမ်းအမျိုးမျိုးနဲ့ရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါတယ်။ကိုဗစ်ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်ဖို့အတွက်လည်း ကျန်းမာရေးနည်းလမ်းများကို ကျင့်သုံးသလို ဘုရား၊တရားတွေပိုလုပ်ပြီး ကုသိုလ်ကောင်းမှူတွေလည်း

ပြုလုပ်ကြတာဖြစ်ပါတယ်။ဇူလိုင်လ (၂၅)ရက်နေ့ကဆိုရင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက သပိတ်ပိုက်ပြီး ဆွမ်းခံကြွချီတော်မူလာတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်ရပါတယ်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ ဝါတွင်းကာလမှာ နေ့စဉ်ဆွမ်းခံကြွချီတော်မူမှာပဲဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးက ဝါဆိုလပြည့်ကျော် (၂)ရက်နေ့မှ စတင်ပြီး နံနက် (၇)နာရီအချိန်မှာ ကြွချီလာတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီး ဆွမ်းခံကြွတယ်ဆိုတဲ့သတင်းကြောင့် ပြည်သူတွေလည်း

အရမ်းပျော်ရွှင်ကြပြီးကြည်ညိုသဒ္ဓါပွါးများနေကြတာဖြစ်ပါတယ်။ဒီလိုမျိုး အရိယာပုဂ္ဂိုလ်ကြီးတွေ လူ့လောကထဲကို သပိတ်ပိုက်ကာထွက်ကြွလာပြီးတာနဲ့ မကြာခင်မှာ ကပ်ဘေးတွေကင်းဝေးတယ်လို့ သိရပါတယ်

ဒီနေ့ ဇူလိုင်လ (၂၆)ရက်နေ့၊နံနက် (၇)နာရီအချိန်မှာလည်း ဆရာတော်ဘုရားကြီးက ဉေယျဓမ်တောရတွင် ဆွမ်းခံကြွချီတော်မူလာခဲ့ပါတယ်။ဆရာတော်ဘုရားကြီး ကြွချီမယ့်လမ်းကို ကော်ဇောအနီခင်းပေးထားပြီး ရဟန်းရှင်လူအများအပြားက ဆွမ်းလောင်းရင်း ဦးခိုက်ကန်တော့နေကြတာပဲဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့

ဆွမ်းခံကြွချီတော်မူလာတဲ့ ပုံရိပ်က အရမ်းကြည်ညိုဖွယ်ကောင်းတာကြောင့် ပြည်သူအများအပြား မေတ္တာဓာတ်ကိုဦးညွှတ်ခံယူနိုင်ကြဖို့အတွက် ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder


 

Leave a Reply

Your email address will not be published.