









Unicode

 

မြန်မာပြည်သူလူထုတွေ လက်ရှိကြုံတွေ့နေရတဲ့ဒုက္ခအခက်အခဲတွေကို စေတနာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက တစ်တပ်တစ်အားကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ဒီကာလမှာ လူတိုင်းနီးပါးက ပရဟိတအလုပ်တွေကို

မိမိတို့တတ်နိုင်သလောက် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။တချို့လူငယ်လေးတွေဆိုရင် ငဗစ်လူနာတွေအောက်ဆီဂျင်ရဖို့အတွက် တစ်နေကုန် တန်းစီစောင့်ဆိုင်းပြီး ကူညီပေးကြတာဖြစ်ပါတယ်


ငဗစ်လူနာတိုင်းက အောက်ဆီဂျင်မလိုအပ်ပေမယ့် တချို့တွေအတွက်တော့ အောက်ဆီဂျင်အရမ်းထိုးကျလာတာတွေလည်း ရှိပါတယ်။အောက်ဆီဂျင်အရမ်းထိုးကျတတ်တဲ့ ငဗစ်လူနာတွေအတွက်

ပရဟိတလူငယ်လေးတွေကမေတ္တာတရားရှေ့ထားပြီး အသက်ကယ်ပေးကြတာဖြစ်ပါတယ်။အောက်ဆီဂျင်ပေးတဲ့နေရာမှာ တစ်နေကုန်နီးပါးစောင့်ဆိုင်းရတာဖြစ်လို့ အဟာရဖြည့်တင်းဖို့အတွက်လည်း လမ်းဘေးမှာသာ အဆင်ပြေသလို စားသောက်ရတာဖြစ်ပါတယ်။


ပရဟိတလူငယ်လေးတွေရဲ့ စွန့်လွှတ်အနစ်နာခံပေးတတ်တဲ့ စိတ်ဓာတ်ကို ပြည်သူလူထုကလည်း လေးစားနေကြတာဖြစ်ပါတယ်။ဒီလိုမျိုး တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြတဲ့ ပရဟိတအဖွဲ့အစည်းတွေရှိတာကြောင့်မိသားစုဝင်တွေလည်း ငဗစ်လူနာတွေအတွက် သောကမများရတော့ဘဲ

သေချာပြုစုစောင့်ရှောက်ပေးနိုင်တာဖြစ်ပါတယ်။ပြည်သူတိုင်းရဲ့ ဒုက္ခတွေကို ဝိုင်းဝန်းဖြေရှင်းပေးနေကြတဲ့ ပရဟိတလူငယ်လေးတွေရဲ့ပုံရိပ်တွေကိုလေးစားစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit:Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *