crd-
Unicode
ရတနာ ၅ ပါး ဂုဏ်ကျေးဇူးတော်ကြောင့် စက်တွေ ရောက်လာပါပြီရှင်..ကြိုတင် စီစစ်ထားသော အရေးပေါ် လူနာများ အတွက် ဦးစားပေး အမြန်
ဌားရပါသောကြောင့် ကိုယ့် အတွက်တောင် မချန်ထားပဲ တချို့ ပရဟိတ အသင်းများသို့ အပြီးအပြတ် လှူဒါန်းခြင်း၊အရေးပေါ်လူနာများအား ခဏ
ဌားရမ်းခြင်းများကို ပြုလုပ်ထားပါတယ် နောက်ထပ် အကူအညီတောင်းသူများကို ထပ်မံ ကူညီနိုင်ဘို့ ဆက်ကြိုးစားပါမယ် အကူ အညီတောင်းသူ မှန်သမျှ
ကျန်ခဲ့ရင်လဲ ကျမကို နားလည် ခွင့်လွှတ်ပေးကြပါရှင်..နောက်ထပ် အမြန်ဆုံး ထပ်မံ ကူညီနိုင်ဘို့ ဆက်လက် ကြိုးစားပါမယ်..အကုန် မကူညီနိုင်တဲ့ အတွက်
စိတ်သောကများစွာလဲ အမှန် တကယ် ရင်ဆိုင်နေရပါတယ်..လှူဒါန်းပေးကြပါသော အလှူရှင်များ အားလုံး နှင့် ခုနှစ်ရက် သားသမီး များအားလုံး
အသက်ကယ်ခွင့် ကုသိုလ်အား ထပ်တူ ထပ်မျှ ရရှိနိုင်ကြပြီး အားလုံးပဲ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေရှင် 🙏🙏🙏 ဒုတိယ အသုတ် အတွက်
ပစ္စည်းအားလုံး မကျန်ပဲ ဌားရမ်းထားပြီး ဖြစ်ပါတယ်ရှင်
crd-