ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးကြီးခိုင်နှင်းဝေကတော့ ခိုကိုးရာမဲ့ လူမမယ်ကလေးငယ်တွေအတွက် ဂေဟာလေးဆောက်လုပ်ပြီး ပြုစုစောင့်ရှောက်နေခဲ့တာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ခိုင်နှင်းဝေကတော့ ကလေးတွေကို သူ့ရဲ့ရင်မှပေါက်ဖွားတဲ့ သားသမီးအရင်းတွေပမာ ကလေးတွေရဲ့ဝေယျာဝစ္စတွေကိုကအစ သူကိုယ်တိုင် ကိုယ်ကျလုပ်ကိုင်ပြီးမေတ္တာအပြည့်နဲ့ကို စောင့်ရှောက်နေခဲ့တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကိုယ်တိုင်ကလည်း ကလေးတွေကို မေတ္တာအပြည့်အဝနဲ့စောင့်ရှောက်သလို ကလေးတွေကလည်း လူမမယ်အရွယ်လေးတွေနဲ့တောင် တစ်ဦးကိုတစ်ဦး မေတ္တာအပြည့်နဲ့အချင်းချင်းချစ်ခင်ကြင်နာနေကြပါတယ်။ ခိုင်နှင်းဝေကတော့ အခုလို ကလေးတွေက လိမ္မာရေးချားရှိတာကြောင့် ပီတိဖြစ်နေခဲ့ပြီး ကလေးတွေကို ချစ်ခင်ပြီး ဂေဟာမှာလာရောက်လှူဒါန်းပေးတဲ့ အလှူရှင်တွေနဲ့ အားလုံးသောပရိသတ်တွေအတွက်လည်း ကလေးတွေတစ်ဦးနဲ့တစ်ဦး အပြန်အလှန်စောင့်ရှောက်နေတဲ့ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။

သူသားသမီးအရင်းတွေလို ချစ်ခင်ရတဲ့ကလေးတွေက အချင်းချင်းသာမက အရွယ်ရောက်လာတဲ့ အချိန်မှာပါ လိမ္မာပြီး အများအကျိုးသယ်ပိုးနိုင်တဲ့ သူ ကိုယ်ချင်းစာတရားရှိတဲ့သူတွေဖြစ်စေပါစေလို့လည်း ခိုင်နှင်းဝေက တောင်းဆုပြုထားပါသေးတယ်။CeleZone ပရိသတ်ကြီးရေ ကလေးငယ်လေးတွေရဲ့ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Khine Hnin Wai

Leave a Reply

Your email address will not be published.