ဧရာဝတီ၊ ဇူလိုင္ ၂၅၊ ၂၀၂၁
အာဏာသိမ္းစစ္ေကာင္စီက တရားရင္ဆိုင္ဆဲ ရာဇဝတ္ျပစ္မႈအခ်ဳပ္သားမ်ားအား အ မႈ ပိတ္သိမ္း ကာ လႊတ္ေပးရာတြင္တနိုင္ငံလုံးအတိုင္းအတာျဖင့္ ၄၂၉ရ ဦးလႊတ္ေျမာက္ခဲ့ေၾကာင္း စစ္ေကာင္စီ လက္ ေအာက္ခံသတင္းစာမ်ားတြင္ ယေန႔ေၾက ညာလိုက္သည္
စစ္ေကာင္စီအေနျဖင့္ ငဗစ္- ကူးစက္မႈအေၾကာင္းျပကာ အာဏာမသိမ္းမီ ေဖေဖာ္ ဝါရီ ၁ ရက္ ေန႔ခိုးမႈ၊ မူးယစ္ေဆးမႈမ်ားအပါအဝင္ျပစ္မႈ ၁၁ မ်ိဳးမွ အခ်ဳပ္သားမ်ားအား လႊတ္ ေပးရန္ ဇူလိုင္ ၂၀ ရက္ေန႔က ေၾကညာခဲ့ျခင္းျဖစ္သည္
လတ္တေလာ အက်ဥ္းေထာင္မ်ားတြင္ ငဗစ္- ေရာဂါကူးစက္မႈေၾကာင့္ ေသဆုံးမႈမ်ားရွိေနရာ ေထာင္အသီးသီးတြင္ ခ်ဳပ္ေႏွာင္ခံထားရသည့္ေထာင္ႏွင့္ခ်ီသည့္ နိုင္ငံေရးအက်ဥ္းသားမ်ားအား လႊတ္ေပးရန္ ကုလသမဂၢအဖြဲ႕အစည္းမ်ားက ေတာင္းဆိုေနၾကေသာ္ လည္း စစ္ေကာင္စီက ရာဇ ဝတ္ျပစ္မႈအခ်ဳပ္သားမ်ားကိုသာ လႊတ္ေပးခဲ့သည္
ယင္းအတြက္ အင္းစိန္ေထာင္အတြင္း ခ်ဳပ္ေႏွာင္ခံထားရသည့္ နိုင္ငံေရးအက်ဥ္းသားမ်ားက ဇူလိုင္ ၂၃ ရက္ေန႔ မနက္ပိုင္းက ေထာင္အတြင္း ဆႏၵျပခဲ့ၾကၿပီးေထာင္အတြင္း ေနထိုင္မေကာင္းသူမ်ား လုံေလာက္သည့္ ေဆးကုသခံယူခြင့္ ေဆာင္ရြက္ေပးရန္လည္း ေတာင္းဆိုခဲ့ၾကသည္။
အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးထားသည့္ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးဉာဏ္ဝင္း မွာ အင္းစိန္ေထာင္အတြင္းခ်ဳပ္ေႏွာင္ခံထားရစဥ္ငဗစ္- ေရာဂါကူးစက္ခံရၿပီး ရန္ကုန္ေဆး႐ုံ ႀကီးမွာ ကုသေနစဥ္ ဇူလိုင္ ၂၀ ရက္ေန႔က ကြယ္လြန္ခဲ့ရသည္။
Irrawaddy
Unicode
ဧရာဝတီ၊ ဇူလိုင် ၂၅၊ ၂၀၂၁
အာဏာသိမ်းစစ်ကောင်စီက တရားရင်ဆိုင်ဆဲ ရာဇဝတ်ပြစ်မှုအချုပ်သားများအား အ မှု ပိတ်သိမ်း ကာ လွှတ်ပေးရာတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့် ၄၂၉ရ ဦးလွှတ်မြောက်ခဲ့ကြောင်း စစ်ကောင်စီ လက် အောက်ခံသတင်းစာများတွင် ယနေ့ကြေ ညာလိုက်သည်။
စစ်ကောင်စီအနေဖြင့် ငဗစ်- ကူးစက်မှုအကြောင်းပြကာ အာဏာမသိမ်းမီ ဖေဖော် ဝါရီ ၁ ရက် နေ့ခိုးမှု၊ မူးယစ်ဆေးမှုများအပါအဝင်ပြစ်မှု ၁၁ မျိုးမှ အချုပ်သားများအား လွှတ် ပေးရန် ဇူလိုင် ၂၀ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်
လတ်တလော အကျဉ်းထောင်များတွင် ငဗစ်- ရောဂါကူးစက်မှုကြောင့် သေဆုံးမှုများရှိနေရာ ထောင်အသီးသီးတွင် ချုပ်နှောင်ခံထားရသည့်ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ကုလသမဂ္ဂအဖွဲ့အစည်းများက တောင်းဆိုနေကြသော် လည်း စစ်ကောင်စီက ရာဇ ဝတ်ပြစ်မှုအချုပ်သားများကိုသာ လွှတ်ပေးခဲ့သည်။
ယင်းအတွက် အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများက ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းက ထောင်အတွင်း ဆန္ဒပြခဲ့ကြပြီး
ထောင်အတွင်း နေထိုင်မကောင်းသူများ လုံလောက်သည့် ဆေးကုသခံယူခွင့် ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း မှာ အင်းစိန်ထောင်အတွင်းချုပ်နှောင်ခံထားရစဉ်ငဗစ်- ရောဂါကူးစက်ခံရပြီး ရန်ကုန်ဆေးရုံ ကြီးမှာ ကုသနေစဉ် ဇူလိုင် ၂၀ ရက်နေ့က ကွယ်လွန်ခဲ့ရသည်။
Irrawaddy