သရုပ်ဆောင်မင်းသမီးချောဆောင်းယွန်းစံကတော့ပြည်သူတွေနဲ့အတူရပ်တည်ကာလှူဒါန်းမှုတွေပြုလုပ်ရင်းအရေးတော်ပုံကြီးမှာ
တတ်နိုင်သလောက်တစ်ဖက်တစ်လမ်းကနေပါဝင်နေသူပဲဖြစ်ပါတယ်လက်ရှိမှာဆိုရင်လည်းမြန်မာနိုင်ငံရဲ့ငဗစ်ရောဂါအခြေအနေကြောင့်
ပြည်သူအများအပြားသေဆုံးနေကြရသလို ရောဂါကိုအံတုခုခံဖို့အတွက်လည်း အာဟာရဓာတ်လုံလုံလောက်လောက်မရကြတာကြောင့်
အားပြတ်နေကြရတဲ့ ပြည်သူတွေလည်းဒုနဲ့ဒေးဖြစ်နေတာကို တွေ့ရပါတယ်
အိမ်လုံးကျွတ်ကိုဗစ်ကူးစက်ခံထားရတဲ့ မိသားစုတွေလည်းရှိလာနေပြီး ၎င်းတို့ရဲ့ စားရေးသောက်ရေးအဆင်ပြေစေဖို့အတွက်
အိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းပေးနေကြတဲ့ စေတနာရှင်တွေကိုလည်းတွေ့ရပါတယ်။ မင်းသမီးချော ဆောင်းယွန်းစံဟာလည်း
အခုလိုအာဟာရဓာတ်လိုအပ်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲချို့တဲ့သူတွေကို ကြက်ပေါင်းအလှူလေးပြုလုပ်ပေးကာ တတ်နိုင်တဲ့ဘက်ကနေ
ကူညီလှူဒါန်းနေတာကိုတွေ့ရပါတယ်
ငဗစ်ရောဂါဆိုးကြီးကို ခုခံဖို့အတွက်က အာဟာရဓာတ်ပြည့်ဝနေဖို့ အဓိကလိုအပ်နေတာဖြစ်ပြီး နိုင်ငံရေးအခြေအနေတွေကြောင့်
ပြည်သူတွေလည်းစားဝတ်နေရေးကြပ်တည်းနေကြကာအစာရေစာပြတ်လပ်မှုတွေဖြစ်ပေါ်နေကြတာပါအခုလိုအခြေအေ
နမျိုးမှာ အစားအသောက်လှူဒါန်းပေးတဲ့ ဆောင်းယွန်းစံရဲ့စိတ်ထားလေးဟာလည်း
အင်မတန်လေးစားဖို့ကောင်းပါတယ်နော်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
သတင်းအရင်းမြစ်: Saung Yoon San’s Facebook acc