လက်ရှိကာလကြီးမှာပြည်သူတွေကတော့တတ်နိုင်တဲ့ဘက်ကနေတတ်နိုင်သလောက်ဝန်အားတွေနဲ့အချင်းချင်းအားပေးကူညီဖေးမလှူဒါန်းနေကြတာ ဖြစ်ပါတယ်

ငဗစ်ရောဂါကြောင့် အောက်ဆီဂျင်တွေ အရေးတကြီးလိုအပ်ပြီး ရှားပါးနေတဲ့ ကာလကြီးမှာ လူနာရှင်တွေဟာ အောက်ဆီဂျင်ရဖို့အရေး တနေကုန် တန်းစီကြိုးစားနေကြရတာ ဖြစ်ပါတယ်

အသက်ရှင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြရတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားတွေနဲ့ အားတင်းထားရသလို ပရဟိတလူငယ်တွေရဲ့

ကူညီဖေးမမှုတွေကလည်း တကယ်ကိုခွန်အားတစ်ခုအဖြစ် ရှိနေတာ ဖြစ်ပါတယ်

အခုတစ်ခါမှာလည်းမင်းကွန်းသားလေးအောက်ဆီဂျင်အခမဲ့စင်တာကအောက်ဆီဂျင်အခမဲ့ဖြည့်ပေးနေတဲ့အပြင်ထမင်း၊ဟင်းနဲ့ဆေးဝါးတွေပါ ပေးဝေလှူဒါန်းခဲ့တာ တွေ့ရပါတယ်


မန္တလေးမြို့၊ (၃၆)လမ်း (၆၁)လမ်း၊ စိန်ဂျွန်းလူမှုကူညီရေးအသင်း နှင့်ပူးပေါင်းပြီး မင်းကွန်းသားလေး အောက်စီဂျင်အခမဲ့စင်တာက

အောက်စီဂျင်တွေ အခမဲ့ဖြည့်ပေးတဲ့အပြင် နေ့လည်စာထမင်းဟင်း၊ ငှက်သိုက်၊ Royal D ၊ ရေသန့်ဗူးနဲ့ ဆေးဝါးတွေပါ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်

အခုလိုအဘက်ဘက်ကနေပြည်သူတွေအတွက်အင်အားဖြည့်ဖေးမကူညီနေတာကြောင့်အများပြည်သူကတော့ဝမ်းသာစွာနဲ့ချီးကျူးသာဓုခေါ်နေကြတာလည်း ဖြစ်ပါတယ်

Leave a Reply

Your email address will not be published.