ငဗစ္တတိယလႈိင္းကျမန္မာျပည္သူေတြရဲ႕အသက္ေတြမ်ားစြာကိုႏုတ္ယူေနၿပီးလူအမ်ားအျပားဟာလည္းအကူအညီမဲ့စြာနဲ႔အသက္ေသဆုံးေနေၾကာင္း သိရွိရပါတယ္။ ယေန႔မွာလည္း ပုလဲအရန္မီးသတ္စခန္းကပရဟိတသမားေတြဟာ ဝမ္းနည္းစရာေကာင္းတဲ့
အျဖစ္အပ်က္ေလးနဲ႔ႀကဳံေတြ႕လိုက္ရလို႔အလြန္စိတ္မေကာင္းျဖစ္ေနၾကပါတယ္။အေၾကာင္းကေတာ့မိခင္တစ္ဦးဟာေနမေကာင္းျဖစ္ေနတဲ့ သားေလးကိုေခၚၿပီး ပုလဲအရန္မီးသတ္စခန္းထဲကိုအေျပးေလးဝင္လာကာ အားကိုးတႀကီးနဲ႔သားေလးရဲ႕အသက္ကို ကယ္တင္ေပးဖို႔ အကူအညီေတာင္းခံခဲ့ပါတယ္
Taxiကားနဲ႔သားေလးကိုတင္ေခၚလာခဲ့တာျဖစ္ၿပီးအဆိုပါမိခင္ရဲ႕သားျဖစ္သူကစခန္းမေရာက္ခင္လမ္းေပၚမွာတင္အသက္ေသဆုံးေနခဲ့တာျဖစ္ပါတယ္။ သားျဖစ္သူအသက္ေသဆုံးေနတာကို မသိဘဲ ပရဟိတသမားေတြကို “ဆရာ ကြၽန္မ သားေလး ကို
ကယ္ ပါ ဦး” ဆိုတဲ့ စကားေလးကိုပါးစပ္ကတဖြဖြေရ႐ြတ္ရင္း သားျဖစ္သူကို စိုးရိမ္ေနတဲ့ အဆိုပါအမ်ိဳးသမီးကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနၾကတာျဖစ္ပါတယ္။ ျပည္သူေတြကလည္း ေၾကကြဲစရာေကာင္းတဲ့ အဆိုပါအျဖစ္အပ်က္ေလးကို ၾကည့္ၿပီး ဝမ္းနည္းေနၾကပါတယ္
အဆိုပါဆုံးပါးသြားတဲ့လူငယ္ေလးရဲ႕ထူးျခားတာတစ္ခုက ပထမတစ္ႀကိမ္ဖ်ားနာခဲ့တုန္းက က်န္းမာေရးေကာင္းေအာင္ ေနထိုင္ခဲ့ၿပီး ဝမ္းစာအတြက္ ကားျပန္ေမာင္းရင္း ထပ္ၿပီးဖ်ားနာခဲ့တာျဖစ္ပါတယ္။ ဒုတိယအႀကိမ္ထပ္ဖ်ားနာခဲ့ရာမွာေတာ့ ေအာက္ဆီဂ်င္ပါက်ၿပီး
အခုလိုအသက္ဆုံးရႈံးသြားခဲ့တာျဖစ္ပါတယ္။ျပည္သူေတြအေနနဲ႔လည္းက်န္းမာေရးျပန္ေကာင္းလာၿပီဆိုၿပီးအိပ္ေရးပ်က္မခံၾကဖို႔၊အာဟာရရွိတဲ့အစားအစာေတြကို ဆက္စားၾကဖို႔နဲ႔ ေဖာ္ျပပါျဖစ္ရပ္ေလးကို သင္ခန္းစာယူၾကဖို႔တိုက္တြန္းေျပာဆိုလိုက္ရပါတယ္
Unicode
ငဗစ်တတိယလှိုင်းက မြန်မာပြည်သူတွေရဲ့ အသက်တွေများစွာကို နုတ်ယူနေပြီး လူအများအပြားဟာလည်း အကူအညီမဲ့စွာနဲ့ အသက်သေဆုံးနေကြောင်း သိရှိရပါတယ်။ ယနေ့မှာလည်း ပုလဲအရန်မီးသတ်စခန်းကပရဟိတသမားတွေဟာ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်လေးနဲ့ကြုံတွေ့လိုက်ရလို့
အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။အကြောင်းကတော့ မိခင်တစ်ဦးဟာ နေမကောင်းဖြစ်နေတဲ့ သားလေးကိုခေါ်ပြီး ပုလဲအရန်မီးသတ်စခန်းထဲကိုအပြေးလေးဝင်လာကာ အားကိုးတကြီးနဲ့သားလေးရဲ့အသက်ကို ကယ်တင်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်
Taxiကားနဲ့သားလေးကို တင်ခေါ်လာခဲ့တာဖြစ်ပြီး အဆိုပါမိခင်ရဲ့သားဖြစ်သူက စခန်းမရောက်ခင်လမ်းပေါ်မှာတင် အသက်သေဆုံးနေခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူအသက်သေဆုံးနေတာကို မသိဘဲ ပရဟိတသမားတွေကို “ဆရာ ကျွန်မ သားလေး
ကို ကယ် ပါ ဦး” ဆိုတဲ့ စကားလေးကိုပါးစပ်ကတဖွဖွရေရွတ်ရင်း သားဖြစ်သူကို စိုးရိမ်နေတဲ့ အဆိုပါအမျိုးသမီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။ ပြည်သူတွေကလည်း ကြေကွဲစရာကောင်းတဲ့ အဆိုပါအဖြစ်အပျက်လေးကို ကြည့်ပြီး ဝမ်းနည်းနေကြပါတယ်
အဆိုပါဆုံးပါးသွားတဲ့လူငယ်လေးရဲ့ထူးခြားတာတစ်ခုက ပထမတစ်ကြိမ်ဖျားနာခဲ့တုန်းက ကျန်းမာရေးကောင်းအောင် နေထိုင်ခဲ့ပြီး ဝမ်းစာအတွက် ကားပြန်မောင်းရင်း ထပ်ပြီးဖျားနာခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်ထပ်ဖျားနာခဲ့ရာမှာတော့
အောက်ဆီဂျင်ပါကျပြီးအခုလိုအသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့လည်းကျန်းမာရေးပြန်ကောင်းလာပြီဆိုပြီး အိပ်ရေးပျက်မခံကြဖို့၊အာဟာရရှိတဲ့အစားအစာတွေကို ဆက်စားကြဖို့နဲ့ ဖော်ပြပါဖြစ်ရပ်လေးကို သင်ခန်းစာယူကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်