





Credit ; CeleZone
Source – Thi Ra Tee

ချစ်လှစွာသော ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး သီရတီ ကတော့ ဒီနေ့မှာ သူ့ရဲ့မိခင်ကြီးကို ဆုံးရှုံးလိုက်ရကြောင်း ဝမ်းနည်းစွာနဲ့ ကြားသိခဲ့ရပါတယ်။ သီရတီရဲ့ မိခင်ကြီးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းကနေ

ကျန်းမာရေးမကောင်းဖြစ်နေခဲ့ပြီးသီရတီကမိခင်ကြီးကိုအနီးကပ်မပြတ်တမ်းတတ်နိုင်သလောက်ပြုစုစောင့်ရှောက်နေခဲ့ပါတယ်

သို့ပေမဲ့လည်း ဒီနေ့မှာတော့ သီရတီရဲ့ မိခင်ကြီးက ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါတယ်။ သီရတီ ကတော့ မိခင်ကြီးနေမကောင်းဖြစ်နေချိန်မှာ ကိုယ်တိုင်က ဆရာဝန်တစ်ယောက်မဟုတ်တာကြောင့် မိခင်ကြီးရဲ့အသက်ကို မကယ်နိုင်ခဲ့ဘူးလို့ ဝမ်းနည်းစွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မိခင်ကြီးကို ဆုံးရှုံးလိုက်ရကြောင်း

ဖော်ပြထားခဲ့ပါတယ်။ ပရိသတ်တွေနဲ့ အနုပညာရှင်မောင်နှမတွေကလည်း သီရတီနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ မိခင်ကြီးအပေါ်မှာ တာဝန်ကျေတာကြောင့် ကိုယ့်ကိုကိုယ်အပြစ်မတင်ဖို့ ဝိုင်းဝန်းအားပေးစကားပြောနေခဲ့ကြပါသေးတယ်

သီရတီ ရဲ့ မေမေ ကွယ်လွန်သွားတဲ့ သတင်းလေးကြောင့် သီရတီ တို့ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဝမ်းနည်းဖြစ်ရပြီး အန်တီကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေထဲက သီရတီ ရဲ့ ပရိသတ်တွေလည်း မိခင်ကြီးကို ဆုံးရှုံးလိုက်ရတဲ့ သီရတီအတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦးနော်…။
Credit ; CeleZone
Source – Thi Ra Tee

Leave a Reply

Your email address will not be published.