လက္ရွိမွာၾကဳံေတြ႕ေနၾကရတဲ့အေျခအေနေတြအမ်ိဳးမ်ိဳးေၾကာင့္ျပည္သူေတြမွာစားဝတ္ေနေရးအျပင္အသက္ရွင္သန္ဖို႔အတြက္ေတာင္ အေတာ္ေလး ႐ုန္းကန္ေနၾကရတာ ျဖစ္ပါတယ္

ကိုဗစ္ကပ္ေရာဂါဆိုးေၾကာင့္ အမ်ားျပည္သူေတြမွာ ကူးစက္ေရာဂါရင္ဆိုင္ခံစားေနၾကရတဲ့အခ်ိန္ မိသားစုစားဝတ္ေနေရးအတြက္ မျဖစ္မေန စီးပြားရွာလုပ္ကိုင္စားေသာက္ေနၾကရတာေတြလည္း ရွိပါတယ္

အခုတစ္ခါမွာလည္း ကပ္ေရာဂါအႏၲရာယ္ေတြၾကားက (၁၁)ႏွစ္အရြယ္ ကေလးငယ္ေလးဟာ မိခင္ျဖစ္သူမေကာင္းတဲ့အတြက္ အရြယ္ေလးနဲ႔ မလိုက္ေအာင္ မုန႔္ဖက္ထုပ္ေရာင္းကာ ႐ုန္းကန္ႀကိဳးစားေနရတာ ေတြ႕ရပါတယ္

(၁၁)ႏွစ္အရြယ္ အဆိုပါ ကေလးငယ္ေလးဟာ ေျမာက္ဒဂုံ၊ ပင္လုံလမ္းမႀကီးဘက္မွာ ညေနပိုင္းအျမဲ စက္ဘီးေလးနင္းကာ မုန႔္ဖက္ထုပ္ေရာင္းေနတာ ျဖစ္ပါတယ္


(၁၁)ႏွစ္ျပည့္မယ့္ မနက္ျဖန္ေမြးေန႔ေလးမွာ ကိတ္မုန႔္ေလးခြဲ ၾကာဇံေၾကာ္ေလးစားခ်င္ေပမယ့္ အေမကဖ်ားေနတာေၾကာင့္ ဒီႏွစ္မွာေတာ့ ကိတ္မခြဲပါနဲ႔ေတာ့သားရယ္ ဆိုလို႔ ကိုယ္တိုင္ စက္ဘီးစီး ေဈးထြက္ေရာင္းေနရတာ ျဖစ္ပါတယ္

သူ႔အရြယ္ေလးနဲ႔ စက္ဘီးကႀကီးၿပီး လမ္းကေရခ်ိဳင့္ကလည္းျမင့္တာေၾကာင့္ ကိုယ္လုံးေသးေသးနဲ႔ ေမွာက္ေတာ့မလိုျဖစ္ေနတာေၾကာင့္

ကိတ္ေလးခြဲပါေစေတာ့ဆိုၿပီး ပိုက္ဆံေလးနဲ႔ Mask တစ္ထုပ္ေပးခဲ့တာကို ေဈးဦးေပါက္လို႔ ေပ်ာ္ေနရွာတယ္လို႔ ေစတနာရွင္ျပည္သူတစ္ဦးက က႐ုဏာသက္စြာ ေျပာျပထားပါေသးတယ္

Unicode

လက်ရှိမှာကြုံတွေ့နေကြရတဲ့အခြေအနေတွေအမျိုးမျိုးကြောင့်ပြည်သူတွေမှာစားဝတ်နေရေးအပြင်အသက်ရှင်သန်ဖို့အတွက်တောင် အတော်လေး ရုန်းကန်နေကြရတာ ဖြစ်ပါတယ်

ကိုဗစ်ကပ်ရောဂါဆိုးကြောင့်အများပြည်သူတွေမှာကူးစက်ရောဂါရင်ဆိုင်ခံစားနေကြရတဲ့အချိန်မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာလုပ်ကိုင်စားသောက်နေကြရတာတွေလည်း ရှိပါတယ်


အခုတစ်ခါမှာလည်း ကပ်ရောဂါအန္တရာယ်တွေကြားက (၁၁)နှစ်အရွယ် ကလေးငယ်လေးဟာ မိခင်ဖြစ်သူမကောင်းတဲ့အတွက် အရွယ်လေးနဲ့ မလိုက်အောင် မုန့်ဖက်ထုပ်ရောင်းကာ ရုန်းကန်ကြိုးစားနေရတာ တွေ့ရပါတယ်

(၁၁)နှစ်အရွယ် အဆိုပါ ကလေးငယ်လေးဟာ မြောက်ဒဂုံ၊ ပင်လုံလမ်းမကြီးဘက်မှာ ညနေပိုင်းအမြဲ စက်ဘီးလေးနင်းကာ မုန့်ဖက်ထုပ်ရောင်းနေတာ ဖြစ်ပါတယ်

(၁၁)နှစ်ပြည့်မယ့် မနက်ဖြန်မွေးနေ့လေးမှာ ကိတ်မုန့်လေးခွဲ ကြာဇံကြော်လေးစားချင်ပေမယ့် အမေကဖျားနေတာကြောင့် ဒီနှစ်မှာတော့ ကိတ်မခွဲပါနဲ့တော့သားရယ် ဆိုလို့ ကိုယ်တိုင် စက်ဘီးစီး ဈေးထွက်ရောင်းနေရတာ ဖြစ်ပါတယ်

သူ့အရွယ်လေးနဲ့စက်ဘီးကကြီးပြီးလမ်းကရေချိုင့်ကလည်းမြင့်တာကြောင့်ကိုယ်လုံးသေးသေးနဲ့မှောက်တော့မလိုဖြစ်နေတာကြောင့် ကိတ်လေးခွဲပါစေတော့ဆိုပြီး ပိုက်ဆံလေးနဲ့ Mask တစ်ထုပ်ပေးခဲ့တာကို ဈေးဦးပေါက်လို့ ပျော်နေရှာတယ်လို့ စေတနာရှင်ပြည်သူတစ်ဦးက ကရုဏာသက်စွာ ပြောပြထားပါသေးတယ်..။

Leave a Reply

Your email address will not be published.