


ပရိသတ်တွေရှေ့ကနေ လပေါင်းများစွာပျောက်ကွယ်သွားခဲ့တဲ့ G ဟာ ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျကို ပြန်လည်အသုံးပြုပြီး “ပျောက်တာကြာလို့ ပြန်ပေါ်လာတာပါ။




Source:G Vocals’s fb

အဆိုတော် G ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အဆိုတော်ထွန်းအိန္ဒြာဗိုလ်ရဲ့တူမ၊ PPP ပါတီရဲ့ဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့တူမအဖြစ် လူသိများလာခဲ့သူဖြစ်ပါတယ်။

အဆိုတော်အဖြစ် မအောင်မြင်ပေမယ့် G က ပရဟိတအလုပ်တွေကိုလုပ်ကိုင်ပြီး ပရိသတ်အာရုံစိုက်မှုကိုရရှိထားခဲ့သူပါ။

ယခင်နှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် G ဟာလည်း ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရပြီး သူမရဲ့မိခင် ဒေါ်သက်သက်ခိုင်ဟာလည်း စကစပေးတဲ့ ရာထူးကိုလက်ခံယူခဲ့တာကြောင့် အချိန်အတော်ကြာ ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်\

ပရိသတ်တွေရှေ့ကနေ လပေါင်းများစွာပျောက်ကွယ်သွားခဲ့တဲ့ G ဟာ ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ်ပေ့ချ်ကို ပြန်လည်အသုံးပြုပြီး “ပျောက်တာကြာလို့ ပြန်ပေါ်လာတာပါ။

အခုဆိုရင် နေပြည်တော်စည်ပင်ရိပ်သာ(၂)Quarantine Centre မှာ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေရဲ့ကိုယ်စား သောက်သုံးရေအလှူအတွက် တာဝန်ယူဖြန့်ဝေပေးနေပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။ 🙏🏼” ဆိုပြီး သူမရဲ့ ပရဟိတအလုပ်အကြောင်းကို ပြောလာပါတယ်။

အဆိုတော် ထွန်းအိန္ဒြာဗိုလ်ကတော့ တူမဖြစ်သူ G ရဲ့ ပိုစ့်အောက်မှာ “Take care သမီး သာဓု သာဓု သာဓု 👍👍👍🥰🥰🥰” ဆိုပြီး ကောမန့်ပေးခဲ့တာကို တွေ့ရပါတယ်။

စကစအသိုင်းအဝိုင်းက လူတွေကတော့ ပရဟိတအလုပ်ကို ဗန်းပြပြီး ပြန်ပေါ်လာခဲ့ပေမယ့် ပရိသတ်တွေရဲ့ သွေးကတော့ အခုချိန်ထိ မအေးသေးဘူးဆိုတာ သေချာပါတယ်။

Source:G Vocals’s fb

 

Leave a Reply

Your email address will not be published.