28.2.2022 မမြင်ချင်တော့တဲ့ မြင်ကွင်းစီသို့… သူ့အိမ်လေး ဖျက်သွားတာကို သားသားကတော့ လက်ခံသွားပါပြီ ကြွေပြားလေး မလာပြီး မေမေဒါလေး သယ်ဦးမလားတဲ့…

ကျွန်တော်ငိုရပြန်ပြီလေ သားသားကိုတော့ နှစ်သိမ့်ထား တယ် သားအိမ်လေးက သိပ်မကောင်းလို့ ဖျက်လိုက်တာ မေမေ အိမ်သစ်လေး ဝယ်ပေးမယ် ပြောထားတော့

အိမ်ငှား လိုက်ရှာတဲ့ တစ်ချိန်လုံး မေမေအိမ် သစ်ဝယ်ပေးတော့မှာ လားပဲ မေးနေတော့ အကျိုးအကြောင်း သိတဲ့ တစ်ချို့ အိမ်ရှင်တွေဆို သားလေး ကြည့်ပြီး

မျက်ရည်တောင် ဝဲတယ် ကျွန်တော့် မျက်ဝန်းတွေကတော့ သိပ်အသား မကျသေးဘူ းထင်ရဲ့ မိသားစု အိပ်ခန်းလေး ထဲက အိပ်ယာလေးကို မြင်ရနိုးနဲ့ ရှာနေမိရဲ့

နေ့စဉ် ရုံးတတ် လှုပ်ရှားသွားလာနိုင်ဖို့ ချက်ပြုတ်ခဲ့တဲ့ မီးဖိုးဆောင်လေး ကြည့်လိုက် ရုံးမသွားခင် ဆွဲပိတ်ခဲ့ရတဲ့ တံခါးလေးကို ရှာလိုက်နဲ့ လက်ရှိတော့

ကျွန်တော့်စိတ်တွေ အဆင်ပြေအောင် အဆင်သင့် ဖြစ်အောင် ကြိုးစားနေပါတယ် တစ်ရပ်ကွက်လုံးနဲ့ ကျွန်တော်တို့ မိသားစုလေးကို စိတ်ပူပေး သတင်းမေး တတ်နိုင်တာလေး ကူညီပေးနေတဲ့ သူအားလုံး ကျေးဇူးတင်ပါတယ် ကျွန်တော့် မျက်ဝန်းကတစ်ဆင့် အိုးအိမ်မဲ့ ဖြစ်သွားတဲ့ မိသားစုတိုင်းရဲ့ ခံစားချက်တွေ ခဗျားတို့မြင်ပါစေဗျာ Credit- ရီရီဝင်း







 

Leave a Reply

Your email address will not be published.