ရုရှားဘဏ်များအပေါ် SWIFT code အသဲုးပြုခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ဘဏ်တွေ တပါတ်အတွင်း ပြိုကျလာနိုင်သလား… ( အခုတောင် မြန်မာဘဏ်တွေလိုမျိုး အတိုးကို ၉.၅% ကနေ၂၀ ရာခိုင်နှုန်းထိ တိုးပေးနေရပြီ…)
ဒါကြောင့် reserve currency တွေ၊ ရုရှားအစိုးရ၏ funds တွေရှိနေ၍ ရုရှားဗဟိုဘဏ်ဟာ ရူဘယ်ငွေကြေးတန်ဖိုးမကျအောင် အတတ်နိုင်ဆုံးထိန်းထားနိုင်မယ်ဆိုပါတယ်။ ထို့ကြောင့် ယနေ့တန်ဖိုးထိုးကျနေတဲ့ ရုရှားရူဘယ်ငွေကြေးကို ထပ်မံတန်ဖိုးထိုးကျအောင် ၊ ရုရှားအနေဖြင့် မထိန်းနိုင်အောင် အမေရိကန်ပြည်ထောင်စုမှာထားတဲ့ ရုရှား၏ အရံငွေ ၆၃၀ဘီလီယံဒေါ်လာ နှင့် ရုရှားအစိုးရ
crd- ဆြာမြတ်မော်
ရုရှားဘဏ်များအပေါ် SWIFT code အသုဲးပြုခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ဘဏ်တွေ တပါတ်အတွင်း ပြိုကျလာနိုင်သလား… ( အခုတောင် မြန်မာဘဏ်တွေလိုမျိုး အတိုးကို ၉.၅% ကနေ၂၀ ရာခိုင်နှုန်းထိ တိုးပေးနေရပြီ…)
အမေရိကန်နှင့်အနောက်နိင်ငံများ၏ ရုရှားဘဏ်များအပေါ် SWIFT code အသုဲးပြုခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ရုရှားနိုငိငံသုံး ရူဘယ်ငွေကြေးဟာ တန်ဖိုးထိုးကျသွားပါတယ်။ ထိုတန်ဖိုးထိုးကျမှုကြောင့် ရုရှားနိုင်ငံသားတွေဟာ ရုရှားငွေတွေကို အများအပြားပြန်ထုတ်ကြတာကြောင့် ATM စက်တွေမှာလူတန်းရှည်ကြိးများဖြစ်ပေါ်နေပါတယ်။ ထို့ပြဿနာကိုဖြေရှင်းရန် ရုရှားဗဟိုဘဏ်ဟာ အတိုးနှုန်းကို ၉.၅% ကနေ၂၀ ရာခိုင်နှုန်းကို
တိုးမြှင့်ပေးခဲ့ပါတယ်။ ထိုအပြင် ရုရှား exporters များထံမှ ဒေါ်လာများကို အတင်းရောင်းခိုင်းခြင်း၊ ရွှေပြန်ဝယ်ခြင်း စသည်တို့ဖြင့် ရုရှားငွေကြေးကို ပြန်တည်ငြိမ်အောင်ကြိုးစားနေတယ်ဟုဆိုပါတယ်။ ဒါပေမယ့် ရုရှားက ရုရှား၏သုံးငွေ ရူဘယ်ကို တန်ဖိုး တည်ငြိမ်အောင်ထိန်းဖို့ဆိုရင် ရုရှား၏ပြည်ပနိုင်ငံကြီးများမှာ စုထားတဲ့ funds တွေနှင့် reserves တွေဖြင့်ပြည်တွင်းသူံးငွေကြေးကို ကျားကန်ပေးဖို့လိုပါတယ်။
ဒါကြောင့် reserve currency တွေ၊ ရုရှားအစိုးရ၏ funds တွေရှိနေ၍ ရုရှားဗဟိုဘဏ်ဟာ ရူဘယ်ငွေကြေးတန်ဖိုးမကျအောင် အတတ်နိူင်ဆုံးထိန်းထားနိုင်မယ်ဆိုပါတယ်။ ထို့ကြောင့် ယနေ့တန်ဖိုးထိုးကျနေတဲ့ ရုရှားရူဘယ်ငွေကြေးကို ထပ်မံတန်ဖိုးထိုးကျအောင် ၊ ရုရှားအနေဖြင့် မထိန်းနိူင်အောင် အမေရိကန်ပြည်ထောင်စုမှာထားတဲ့ ရုရှား၏ အရံငွေ ၆၃၀ဘီလီယံဒေါ်လာ နှင့် ရုရှားအစိုးရ
အဖွဲ့အစည်းများနှင့် development fund accounts များရှိ ဘီလီယံချီသော ဒေါ်လာများကို ရုရှားအစိုးရ လုံးဝသုံးမရအောင် freeze လုပ်လိုက်ပြီဆိုပါတယ်။ ထို့အတွက် မနက်ဖြန်မှာ ရုရှားရူဘယ်ငွေကြေးဟာ အဆင်းဘီးတပ် တန်ဖိုးထပ်ကျမည်ဟု အမေရိကန်ဘဏ္ဍာရေး ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
နိုင်ငံတကာ ပညာရှင်အပေါင်းကတော့ ရုရှားဘဏ်တချို့ဟာ ယခုသီတင်းပတ်အတွင်း Bank Run ဖြစ်လိမ့်မယ်ဟု ဟောကိန်းထုတ်နေကြပါတယ်။
crd- ဆြာမြတ်မော်
Leave a Reply
Your email address will not be published.