မန္တလေးမြို့ ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ သာသနာ ၂၅၀၀ အထိမ်းအမှတ် ဗိမာန် ကို ခန်းမအနေနဲ့ ဌားရမ်း ဖို့ ဂေါပကအဖွဲ့က စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်
ဗိမာန်ခန်းမကို အလှူပွဲ ၊ မင်္ဂလာပွဲ ၊ ကုမ္ပဏီပြပွဲတွေ ၊ အခမ်းအနားတွေအတွက် ဌားရမ်း နိုင်တယ်လို့ ဂေါပက အဖွဲ့ ရဲ့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာတာပါဒီခန်းမဟာ အရင်က မဟာမြတ်မုနိဘုရာကြီးကို လာရောက်ဖူးမြှော်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ တည်းခိုရာနေရာဖြစ်သလို တရားပွဲတွေ ပြုလုပ်ရာနေရာလည်းဖြစ်ပါတယ်
NLD အစိုးရ လက်ထက်မှာတော့ ခန်းမကို ပြုပြင်ပေးခဲ့ပါတယ် ဒါပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာတော့ခန်းမကို ဌားရမ်းဖို့ ဂေါပက အဖွဲ့က စီစဉ်လာတာပါမြို့ခံအချို့ကတော့ အထင်ကရ နေရာကို ဝင်ငွေရဖို့အတွက် ဂေါပက အဖွဲ့အနေနဲ့ မလုပ်သင့်တဲ့အကြောင်း လူမှုကွန်ရက်မှာရေးသားတာတွေရှိနေပါတယ် People’s Spring
Leave a Reply
Your email address will not be published.