အရပ်သားများကိုကယ်ဆယ်ရေးလုပ်နေစဉ်Free Burma Ranger အဖွဲ့ဝင်တစ်ဦးကျဆုံး

BVJ-ဖေဖော်ဝါရီ ၂၈၊၂၀၂၂

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အနောက်ဘက်လွင်ပြင်ဒေသမှာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ(၂၄)ရက်က Free Burma Ranger (FBR)အဖွဲ့ဝင် စောရီဘိုးအသက်(၂၅) ကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီက ဆက်တိုက်လေကြောင်းပစ်ထိုးစစ်ဆင်နေတာကြောင့် အရပ်သားပြည်သူတွေကို အန္တရာယ်ကင်းရာသို့ ကယ်ထုတ်နေစဉ်မှာ လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်

စောရီဘိုးရဲ့ ရုပ်အလောင်းကို အခြားရဲဘော်များမှ ခက်ခက်ခဲခဲသယ်ထုတ်ခဲ့ရပြီး သယ်ထုတ်နေစဉ်မှာ လေကြောင်းတိုက်ခိုက်မှု ခံရတာကြောင့်ရဲဘော်နှစ်ဦး(မစိုးရိမ်ရ) ထိခိုက်ဒါဏ်ရာရရှိခဲ့ကြပါတယ်။

စောရီဘိုးသည် ကရင်နီပြည်နယ်မှာမွေးဖွားခဲ့သော်လည်း ထိုင်းနိုင်ငံမယ်ဟောင်ခရိုင်ဒုက္ခသည်စခန်း အမှတ်(၂)မှာကြီးပြင်းခဲ့သူဖြစ်ပါတယ်။ သူဟာ (FBR)အဖွဲ့မှာ ရဲဘော်များအကြားလူချစ်လူခင်ပေါများသူ ဖြစ်ပြီး သေဆုံးချိန်မှာအသက်(၂၅)နှစ်ရှိပြီဖြစ်ပါတယ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပါတီထပ်ပိုင်းခေါင်းဆောင်တွေရဲ့ လက်ထောက်အနေအဖြစ်လည်း ပါတီတာဝန်တွေကို ထမ်းဆောင်နေသူ တစ်ဦးဖြစ်တယ်လို့ (FBR)မှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Bruce Woodall ရဲ့လူမှုကွန်ယက်အကောင့်မှာရေးသားထားပါတယ်။

Free Burma Ranger အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူများအား ကယ်ဆယ်ခြင်း၊ ဆေးကုသမှုပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် အခြားသော လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့်အဖွဲ့ဖြစ်သည်

ဓာတ်ပုံ- Bruce Woodall

အရပ္သားမ်ားကိုကယ္ဆယ္ေရးလုပ္ေနစဥ္Free Burma Ranger အဖြဲ႕ဝင္တစ္ဦးက်ဆုံး

BVJ-ေဖေဖာ္ဝါရီ ၂၈၊၂၀၂၂

ကရင္နီျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ အေနာက္ဘက္လြင္ျပင္ေဒသမွာ စစ္ေကာင္စီရဲ့လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ေဖေဖာ္ဝါရီ(၂၄)ရက္က Free Burma Ranger (FBR)အဖြဲ႕ဝင္ ေစာရီဘိုးအသက္(၂၅) က်ဆုံးခဲ့ပါတယ္။ စစ္ေကာင္စီက ဆက္တိုက္ေလေၾကာင္းပစ္ထိုးစစ္ဆင္ေနတာေၾကာင့္ အရပ္သားျပည္သူေတြကို အႏၲရာယ္ကင္းရာသို႔ ကယ္ထုတ္ေနစဥ္မွာ လက္နက္ႀကီးထိမွန္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္

ေစာရီဘိုးရဲ့ ႐ုပ္အေလာင္းကို အျခားရဲေဘာ္မ်ားမွ ခက္ခက္ခဲခဲသယ္ထုတ္ခဲ့ရၿပီး သယ္ထုတ္ေနစဥ္မွာ ေလေၾကာင္းတိုက္ခိုက္မႈ ခံရတာေၾကာင့္ရဲေဘာ္ႏွစ္ဦး(မစိုးရိမ္ရ) ထိခိုက္ဒါဏ္ရာရရွိခဲ့ၾကပါတယ္။

ေစာရီဘိုးသည္ ကရင္နီျပည္နယ္မွာေမြးဖြားခဲ့ေသာ္လည္း ထိုင္းနိုင္ငံမယ္ေဟာင္ခရိုင္ဒုကၡသည္စခန္း အမွတ္(၂)မွာႀကီးျပင္းခဲ့သူျဖစ္ပါတယ္။ သူဟာ (FBR)အဖြဲ႕မွာ ရဲေဘာ္မ်ားအၾကားလူခ်စ္လူခင္ေပါမ်ားသူ ျဖစ္ၿပီး ေသဆုံးခ်ိန္မွာအသက္(၂၅)ႏွစ္ရွိၿပီျဖစ္ပါတယ္\

ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)ရဲ့ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ပါတီထပ္ပိုင္းေခါင္းေဆာင္ေတြရဲ့ လက္ေထာက္အေနအျဖစ္လည္း ပါတီတာဝန္ေတြကို ထမ္းေဆာင္ေနသူ တစ္ဦးျဖစ္တယ္လို႔ (FBR)မွတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Bruce Woodall ရဲ့လူမႈကြန္ယက္အေကာင့္မွာေရးသားထားပါတယ္

Free Burma Ranger အဖြဲ႕သည္ စစ္ပြဲျဖစ္ပြားရာေဒသမ်ားရွိ ေဒသခံျပည္သူမ်ားအား ကယ္ဆယ္ျခင္း၊ ေဆးကုသမႈေပးျခင္း၊ စိတ္ခြန္အားေပးျခင္းႏွင့္ အျခားေသာ လူသားျခင္းစာနာမႈဆိုင္ရာ အကူအညီမ်ား ေပးေနသည့္အဖြဲ႕ျဖစ္သည္။

ဓာတ္ပုံ- Bruce Woodall

 

Leave a Reply

Your email address will not be published.