မင်းအောင်လှိုင်နှင့် စစ်တပ်လုပ်ရပ်ကို လက်မခံနိုင်တော့၍ CDM လုပ် စွန့်ခွာ လာသော ပြည်ဘက်တော်သား ပထမဆုံးသော လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

နေပြည်တော်၊အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်း ဆောင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀) မှ

ဗိုလ်ကြီးဇေသူအောင်သည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO – Local PDF) ထံ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် မိသားစုနှင့်အတူ CDM ပြုလုပ်ခဲ့သည်။

မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ ပြည်သူအပေါ် မတရားပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်လိုက်သော ဗိုလ်ကြီးဇေသူအောင်နှင့် မိသားစုကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Locla PDF)တပ်ဖွဲ့က ကောင်းမွန်စွာကြိုဆိုလက်ခံပြီး

လုံခြုံ သည့် နေရာ စီစဉ်ပေးခဲ့ကြောင်း၊ CDM ပြုလုပ်လာသူ လေတပ် ဗိုလ်ကြီးဇေသူအောင်သည် လေတပ်၏ ပထမဦးဆုံးသော CDM အရာရှိတစ်ဦးဖြစ်သည်။

လေတပ်၏ ပထမဦးဆုံးသော CDM အရာရှိ ဗိုလ်ကြီးဇေသူအောင်နှင့် ရန်ကုန်ခေတ်သစ် တွေ့ဆုံ မေးမြန်းခန်းကို မကြာမီတင်ဆက်သွားမည်ဖြစ်ပါသည်။

မင္းေအာင္လွိုင္ႏွင့္ စစ္တပ္လုပ္ရပ္ကို လက္မခံနိုင္ေတာ့၍ CDM လုပ္ စြန႔္ခြာ လာေသာ ျပည္ဘက္ေတာ္သား ပထမဆုံးေသာ ေလတပ္အရာရွိ ဗိုလ္ႀကီးေဇသူေအာင္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၈

ေနျပည္ေတာ္၊အမွတ္(၄၅)ကင္းေထာက္ေလယာဥ္စခန္းတြင္ လုပ္သက္ ၁၇ ႏွစ္ေက်ာ္ တာဝန္ထမ္း ေဆာင္ၿပီး မႏၲေလးတိုင္း၊ ျပင္ဦးလြင္တြင္ သင္တန္းတက္ေရာက္ေနေသာ ေလတပ္အရာရွိ DSA အပတ္စဥ္(၅၀) မွ

ဗိုလ္ႀကီးေဇသူေအာင္သည္ ျပည္သူ႔ကာကြယ္ေရးတပ္-ဒီးေမာ့ဆို(DMO – Local PDF) ထံ ၂၀၂၂ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁၅)ရက္ေန႔တြင္ မိသားစုႏွင့္အတူ CDM ျပဳလုပ္ခဲ့သည္။

မင္းေအာင္လွိုင္ႏွင့္ စစ္ေကာင္စီ၏ ျပည္သူအေပၚ မတရားျပဳလုပ္ေနမႈမ်ားကို လက္မခံနိုင္၍ ျပည္သူ႔ဘက္ေတာ္သားအျဖစ္ ရပ္တည္လိုက္ေသာ ဗိုလ္ႀကီးေဇသူေအာင္ႏွင့္ မိသားစုကို ျပည္သူ႔ကာကြယ္ေရးတပ္-ဒီးေမာ့ဆို(DMO-Locla PDF)တပ္ဖြဲ႕က ေကာင္းမြန္စြာႀကိဳဆိုလက္ခံၿပီး

လုံျခဳံ သည့္ ေနရာ စီစဥ္ေပးခဲ့ေၾကာင္း၊ CDM ျပဳလုပ္လာသူ ေလတပ္ ဗိုလ္ႀကီးေဇသူေအာင္သည္ ေလတပ္၏ ပထမဦးဆုံးေသာ CDM အရာရွိတစ္ဦးျဖစ္သည္။

ေလတပ္၏ ပထမဦးဆုံးေသာ CDM အရာရွိ ဗိုလ္ႀကီးေဇသူေအာင္ႏွင့္ ရန္ကုန္ေခတ္သစ္ ေတြ႕ဆုံ ေမးျမန္းခန္းကို မၾကာမီတင္ဆက္သြားမည္ျဖစ္ပါသည္။

 

Leave a Reply

Your email address will not be published.