








ပရိတ်သတ်ကြီးရေ မြန်မာ့အားကစားနယ်ပဘ်က ကစားသမားတော်တော်များများဟာ သူတို့အနားယူချိန်မှာ အခက်အခဲဒုက္ခတွေကြုံတွေ့နေကြရပါတယ်

လုံလောက်တဲ့ထောက်ပံ့မှု မပေးနိုင်တာက သူတို့ဘဝတွေကို ခက်ခဲစေပါတယ်

အခုလည်း တချိန်က မြန်မာနိုင်ငံကိုယ်စားပြု ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပါဝင်ကစားခဲ့တဲ့ ဘောလုံးသမား ဇော်လင်းကို တွေ့ဆုံမေးမြန်းထားပါတယ်

မိသားစု စားဝတ်နေရေး နဲ့ အိမ်ငှားခ အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဝင်လုပ်နေပါတယ်

ကိုယ်လုပ်နေကြ အလုပ်မဟုတ်တော့ မလုပ်နိုင်ဘူး လုပ်လည်း မလုပ်တတ်ဘူး

ကိုယ်လုပ်နေကြ အလုပ် မဟုတ်တော့ ပိုပင်ပန်းတာပေါ့ တစ်​ခြား လုပ်စရာ အလုပ်မရှိတော့

ဒီ တစ်နေ့ လုပ်အားခ ၈,၀၀၀ ကျပ် နဲ့ပဲ မိသားစု အဆင်ပြေအောင် နေရပါတယ်

စုဆောင်းထားတာ မရှိတဲ့ အတွက် အခုလို ဘဝမျိုး ရောက်ခဲ့တာပါ လို့ ပြောလာတဲ့

နိုင်ငံကိုယ်စားပြု ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားဖူးခဲ့သူ၊ မြန်မာ့ လက်ရွေးစင် ဘောလုံးသမား ဇော်လင်း နှင့် ခဏတာ Credit- Myanmar Celebrity TV

Leave a Reply

Your email address will not be published.