ငါတို့က ကောက်ရိုးမီးမဟုတ်ဘူး အရှိန်ငြီးငြီး အမြဲတောက်လောင်နေမယ့် ငရဲမီးပဲလို့ဆိုတဲ့ပန်ဆယ်လို

ဒီကာလတွေမှာ စိတ်ဓါတ်တွေက တက်လိုက် ကျလိုက်ပဲ။ စိတ်ဓါတ်ကျလာတဲ့အခါတိုင်း ငါတို့ဘယ်ကစခဲ့လဲလို့ ပြန်တွေးဖြစ်တယ်

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်ချိန်မှာ ပြည်သူတွေမှာ စိတ်ဓါတ်ကလွဲရင် အရာရာ Zero ပဲ။ လက်နက်လည်း Zero ပဲ။ လက်နက်မပြောနဲ့ လေးခွကိုင်ရင်တောင် ဒလန်ဆိုပြီး သတ်မှတ်တာ။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ လက်ခံလာတဲ့အထိကို အတော်ကြိုးစားခဲ့ကြရတာ။

အဲ့ဒီ့အချိန်မှာ ဒီကောင်တွေမှာ လက်နက်က 100% ပဲ။ လက်နက်ကိုင်တော်လှန်ရေးမှာ သူတို့ဘက်က 100% ကိုယ်တွေဘက်က 0% နဲ့ စခဲ့ကြရတာ။

အခု လက်နက်ကိုင်တော်လှန်ရေး တစ်နှစ်မပြည့်ခင်ကာလမှာ ကိုယ်တွေဘက်မှာလည်း လက်နက်တွေရှိလာပြီ။ PDF အင်အားက များတဲ့အတွက် လက်နက်အပြည့်အစုံဖြစ်နိုင်ဖို့က အတော်လိုသေးပေမယ့် အရင်လို Zero မဟုတ်တော့ဘူး။

သူတို့သတ်သမျှ ပစ်ခတ်သမျှ လည်စင်းအသေခံနေရတဲ့ ဘဝကနေ ပြန်ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့ပြီ။

အပြစ်ပြတ် မတိုက်ထုတ်နိုင်သေးပေမယ့် သူတို့ဘက်ကလည်း သေကြ၊ ကြေကြ၊ တိုကြ၊ ပြတ်ကြ၊ ပြေးကြ၊ လွှားကြနဲ့ အင်အားလျော့ကျလာပြီ။

တခါတရံတော့ ဒီအခြေအနေကြီးက အမြနလွတ်မြောက်ချင်ဇောနဲ့၊ အရေးတော်ပုံ အမြန်အောင်ချင်ဇောနဲ့၊ အားမလိုအားမရဇောတွေနဲ့ စိတ်အင်အားကျလာတဲ့ အချိန်တွေ ရှိတယ်။ အဲ့လို အချိန်တွေရောက်တိုင်း ငါတို့ ဘယ်ကစခဲ့လဲလို့ အစကို ပြန်တွေးလိုက်တယ်

အားငယ်စရာမရှိဘူး။ စိတ်ဓါတ်ကျစရာမရှိဘူး။ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံအဆက်ဆက်မှာ အတိုးတက်ဆုံး၊ အမြန်ဆန်ဆုံး၊ အတုံ့ပြန်နိုင်ဆုံး တော်လှန်ရေးပဲ။

ဘယ်နေ့အောင်မလဲ၊ ဘယ်နေ့နိုင်မလဲ ဆိုတာ တွေးရင်း မောနေမယ့်အစား အမြန်အောင်အောင်၊ အမြန်နိုင်အောင် ဘာလုပ်ကြမလဲ ဘယ်လိုပါဝင်မလဲ ပြောင်းတွေးလိုက်ကြရအောင်။

သုညက စခဲ့တယ်။
ဒီအချိန်အတွင်း ဒီအခြေအနေထိ ရောက်ခဲ့တယ်။
တစ်နေ့ တစ်လံ၊ ဂျပုကို ကောင်းကောင်းနှံမယ်။

ငါတို့က ကောက်ရိုးမီးမဟုတ်ဘူး။
အာဏာရှင်ကို ပြာချမယ့် အရှိန်ငြီးငြီး အမြဲတောက်လောင်နေမယ့် ငရဲမီးပဲ။

ငါတို႔က ေကာက္ရိုးမီးမဟုတ္ဘူး အရွိန္ၿငီးၿငီး အျမဲေတာက္ေလာင္ေနမယ့္ ငရဲမီးပဲလို႔ဆိုတဲ့ပန္ဆယ္လို

ဒီကာလေတြမွာ စိတ္ဓါတ္ေတြက တက္လိုက္ က်လိုက္ပဲ။ စိတ္ဓါတ္က်လာတဲ့အခါတိုင္း ငါတို႔ဘယ္ကစခဲ့လဲလို႔ ျပန္ေတြးျဖစ္တယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာသိမ္းလိုက္ခ်ိန္မွာ ျပည္သူေတြမွာ စိတ္ဓါတ္ကလြဲရင္ အရာရာ Zero ပဲ။ လက္နက္လည္း Zero ပဲ။ လက္နက္မေျပာနဲ႔ ေလးခြကိုင္ရင္ေတာင္ ဒလန္ဆိုၿပီး သတ္မွတ္တာ။ လက္နက္ကိုင္ ေတာ္လွန္ေရးဆိုတာ လက္ခံလာတဲ့အထိကို အေတာ္ႀကိဳးစားခဲ့ၾကရတာ။

အဲ့ဒီ့အခ်ိန္မွာ ဒီေကာင္ေတြမွာ လက္နက္က 100% ပဲ။ လက္နက္ကိုင္ေတာ္လွန္ေရးမွာ သူတို႔ဘက္က 100% ကိုယ္ေတြဘက္က 0% နဲ႔ စခဲ့ၾကရတာ။

အခု လက္နက္ကိုင္ေတာ္လွန္ေရး တစ္ႏွစ္မျပည့္ခင္ကာလမွာ ကိုယ္ေတြဘက္မွာလည္း လက္နက္ေတြရွိလာၿပီ။ PDF အင္အားက မ်ားတဲ့အတြက္ လက္နက္အျပည့္အစုံျဖစ္နိုင္ဖို႔က အေတာ္လိုေသးေပမယ့္ အရင္လို Zero မဟုတ္ေတာ့ဘူး။

သူတို႔သတ္သမၽွ ပစ္ခတ္သမၽွ လည္စင္းအေသခံေနရတဲ့ ဘဝကေန ျပန္ၿခိမ္းေျခာက္နိုင္တဲ့ အေျခအေနတစ္ခုကို ေရာက္လာခဲ့ၿပီ။

အျပစ္ျပတ္ မတိုက္ထုတ္နိုင္ေသးေပမယ့္ သူတို႔ဘက္ကလည္း ေသၾက၊ ေၾကၾက၊ တိုၾက၊ ျပတ္ၾက၊ ေျပးၾက၊ လႊားၾကနဲ႔ အင္အားေလ်ာ့က်လာၿပီ။

တခါတရံေတာ့ ဒီအေျခအေနႀကီးက အျမနလြတ္ေျမာက္ခ်င္ေဇာနဲ႔၊ အေရးေတာ္ပုံ အျမန္ေအာင္ခ်င္ေဇာနဲ႔၊ အားမလိုအားမရေဇာေတြနဲ႔ စိတ္အင္အားက်လာတဲ့ အခ်ိန္ေတြ ရွိတယ္။ အဲ့လို အခ်ိန္ေတြေရာက္တိုင္း ငါတို႔ ဘယ္ကစခဲ့လဲလို႔ အစကို ျပန္ေတြးလိုက္တယ္။

 

အားငယ္စရာမရွိဘူး။ စိတ္ဓါတ္က်စရာမရွိဘူး။ ျမန္မာ့ဒီမိုကေရစီအေရးေတာ္ပုံအဆက္ဆက္မွာ အတိုးတက္ဆုံး၊ အျမန္ဆန္ဆုံး၊ အတုံ႔ျပန္နိုင္ဆုံး ေတာ္လွန္ေရးပဲ။

ဘယ္ေန႔ေအာင္မလဲ၊ ဘယ္ေန႔နိုင္မလဲ ဆိုတာ ေတြးရင္း ေမာေနမယ့္အစား အျမန္ေအာင္ေအာင္၊ အျမန္နိုင္ေအာင္ ဘာလုပ္ၾကမလဲ ဘယ္လိုပါဝင္မလဲ ေျပာင္းေတြးလိုက္ၾကရေအာင္။

သုညက စခဲ့တယ္။
ဒီအခ်ိန္အတြင္း ဒီအေျခအေနထိ ေရာက္ခဲ့တယ္။
တစ္ေန႔ တစ္လံ၊ ဂ်ပုကို ေကာင္းေကာင္းႏွံမယ္။

ငါတို႔က ေကာက္ရိုးမီးမဟုတ္ဘူး။
အာဏာရွင္ကို ျပာခ်မယ့္ အရွိန္ၿငီးၿငီး အျမဲေတာက္ေလာင္ေနမယ့္ ငရဲမီးပဲ။

 

Leave a Reply

Your email address will not be published.