ရုရှားတပ်တွေ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို သိမ်းပိုက်ဖို့ကြိုးစားနေပြီး မြို့ထဲကို လေယာဉ်နဲ့ ဗုံးကျဲ မစ်ဆိုင်းဒုံးကျည်တွေနဲ့ပါပစ်နေပါတယ် ကိယက်ဗ်မြို့ရဲ့ တော်ဝန်က စနေညနေပိုင်းကနေ တနင်္လာနေ့ မနက်အထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်

ကာဖျုးထုတ်ထားတဲ့အချိန် အိမ်ပြင်မှာတွေ့တဲ့သူကို အဖျက်မှောင့်လုပ်တဲ့သူ ရန်သူဘက်ကလူလို့ သတ်မှတ်မှာဖြစ်တဲ့ အကြောင်းလည်း ပြောထားပါတယ်

ကိယက်ဗ်မြို့တော်ဝင် ဗီတာလီကလစ်ခ်ျကိုဟာ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံဟောင်းတယောက်ပါ မီလျံနာတစ်ယောက်ဖြစ်တဲ့အတွက် သူပိုင် တဲ့ဂျက်လေယာဉ်နဲ့ ယူကရိန်းနိုင်ငံပကနေ အချိန်မရွေးထွက်သွားနိုင်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်

ဒါပေမယ့် တကိုယ်တော်ထွက်ပြေးလွတ်မြောက်တဲ့ လမ်းကြောင်းကိုမရွေးဘဲ သူ့အသက်ကိုစွန့်ပြီး ကျုးကျော်သူ ရုရှားတွေလက်ထဲ သူအုပ်ချုပ်နေတဲ့ ကိယက်ဗ်မြို့ကျမသွားအောင် ကာကွယ်တိုက်ခိုက် နေပါတယ်

ကလစ်ခ်ျကိုတင်မက သူ့ညီကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဝေါဒီမာ ကလစ်ခ်ျကိုလည်း သူနဲ့ အတူ ရုရှားတပ်တွေကို တွန်းလှန်တိုက်ခိုက်နေပါတယ်
ရုရှားက ယူကရိန်းကို

ကြည်းတပ်တင်မက လေတပ်နဲ့ ရေတပ်ကိုပါသုံးပြီး တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ လက်ရှိအချိန်မှာ လူသိန်းနဲ့ချီ ယူကရိန်းနိုင်ငံထဲက ထွက်ပြေးနေရပါတယ်

၂၀၁၄ခုနှစ်ကတည်းကကိယက်ဗ်မြို့တော်ဝန် တာဝန်ယူခဲ့တဲ့ ကလစ်ခ်ျကိုက သူတို့အနေနဲ့ တိုက်ဖို့ကလွဲလို့ အခြားရွေးစရာလမ်းမရှိတော့ ဘူးလို့ ပြောပါတယ်

ကျွန်တော့်မှာ တိုက်ဖို့ကလွဲလို့ အခြားရွေးစရာလမ်း မရှိဘူး တိုက်ရမှာပဲလို့ အသက်၅ ၀ရှိပြီဖြစ်တဲ့ ကလစ်ခ်ျကိုက ITV သတင်းဌာနကိုပြောပါတယ်
သူ့ရဲ့ညီ

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဝေါ်ဒီမာကလစ်ခ်ျကိုကလည်း ဒီလ အစောပိုင်းတုန်းက ယူကရိန်း အရန်တပ်ထဲဝင်ဖို့ စာရင်းသွင်းခဲ့ ပြီး တိုက်ပွဲဝင်နေပါပြီ ယူကရိန်းနိုင်ငံကို နိုင်ငံတကာက အချိန်မီ အကူအညီပေးဖို့ သူကလည်း တိုက်တွန်းနေပါတယ် Credit- Burma Vjကိယက်ဗ်မြို့မကျအောင် ဦးဆောင်ကာကွယ်နေတဲ့ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ညီအကို

Leave a Reply

Your email address will not be published.