သက်ကြီးရွယ်အို အဖိုးအဖွားတွေရဲ့ ဘဝက တကယ်ကိုသနားစရာ ကောင်းလွန်းပါတယ် ။ အသက်အရွယ်ကြီးလာတာနဲ့ အမျှ ရောဂါတွေလည်း မျိုးစုံခံစားကြရသလို သိမ်ငယ်အားငယ်မှုတွေလည်း အနည်းနဲ့ အများတော့ ရှိကြမှာပါ ။ မိသားစုရှိတဲ့ အဖိုးအဖွားတွေအနေနဲ့လည်း သူတို့တို့ ဂရုတစိုက်နဲ့ စောင့်ရှောက် ဖေးမ နေဖို့ အရမ်းကို လိုအပ်ပါတယ် ။

တစ်ချို့ အဖိုး အဖွားတွေဆိုရင် မိသားစု မဆုံလင်တော့တာတွေ ရှိသလို ပစ်ပယ်ခံရတဲ့ သူတွေတောင် ရှိပါတယ် ။ ဒီလို ပစ်ပယ်ခံရတဲ့ အဖိုးအဖွားတွေဆို ပတ်ဝန်းကျင်အနီး အနားက အလှူရှင်သူတွေ ၊ ပရဟိတအသင်းတွေ လာရောက်လှူဒါန်းမှ စားရသောက်ရသူတွေတောင် ရှိနေခဲ့ပါတယ် ။

ဒီနေ့မှာတော့ မှူးသခင်က သက်ကြီးရွယ်အို အဖွား နှစ်ယောက်အတွက် မွန်မြတ်တဲ့ အလှူလေးတစ်ခုကို ကိုယ်တိုင်သွားရောက်ကာ ပြုလုပ်ခဲ့ပါတယ် ။ဒီအလှူလေးကတော့ အဖွားတွေ လိုရာ သုံးဖို့ အလှူငွေများကို အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ ဒီလို လှူဒါန်းရာမှာ တစ်ချို့ အဖွားတွေဆိုရင် ဝမ်းသာပီတိ ဖြစ်လွန်းလို့ သူမကို ဖက်နမ်း သည်အထိပျော်ရွှင်နေကြတာပါ ။ ပရိသတ်ကြီးအတွက် မှူးသခင်ရဲ့ အလှူဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Leave a Reply

Your email address will not be published.