ျမန္မာ အေရး အာဆီယံ မတတ္နိုင္ေတာ့ဟု ဆို

ထိုင္း နိုင္ငံ တြင္ ေရာက္ရွိေနေသာ မေလးရွား ဝန္ႀကီးခ်ဳပ္ အစၥေမး သည္ ထိုင္း ဝန္ႀကီးခ်ဳပ္ ႏွင့္ ေဆြးေႏြးအၿပီး ယခုလို ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ျမန္မာတို႔ ၿငိမ္းခ်မ္းေရး လိုလားပါက မိမိတို႔ ျပႆနာကို မိမိတို႔သာ ေျဖရွင္းရန္ က်န္ေတာ့ေၾကာင္း၊ ထို႔အတြက္ အာဆီယံ၏ မူငါးခ်က္ကိုသာ ခ်က္ျခင္းလက္ငင္း အေကာင္အထည္ ေဖၚဖို႔ လိုအပ္လာေၾကာင္း၊ အာဆီယံသည္ အျခားနိူင္ငံမ်ား၏ ျပည္တြင္းေရးကို ဝင္ေရာက္ မစြက္ဖက္ေရး မူဝါဒက်င့္သုံး သည့္ အတြက္ ျမန္မာျပည္သူမ်ား၏ အက်ိဳး အတြက္ မိမိတို႔ အခ်င္းခ်င္း ခ်စ္ၾကည္စြာ ေျဖရွင္းရမည္ ဟု ဆိုသည္။

သို႔ေသာ္ မေလးရွားဝန္ႀကီးခ်ဳပ္က ရိုဟင္ဂ်ာ အေရး သည္ ေဒသတြင္း ႏွင့္ နိုင္ငံတကာ ျပႆနာ ျဖစ္သည္ဟု ေျပာဆိုသြားျပန္သည္။

ျမန္မာျပည္တြင္း တြင္ေတာ့ စစ္အာဏာရွင္မ်ားအား ဆန႔္က်င္တြန္းလွန္ တိုက္ခိုက္ေနမႈမ်ားက ႏွစ္ေပါင္း ၆၀ အတြင္း တခါမၽွ မၾကဳံဖူးေအာင္ ျပင္းထန္လာလ်က္ ရွိေနၿပီ ျဖစ္သည္။ စစ္ေကာင္စီ ဖက္မွ တပ္ရင္းမႈး အဆင့္ရွိသူ ဒုတိယ ဗိုလ္မႈးႀကီး တဦး ျပည္သူ႔ ေတာ္လွန္ေရး အင္အားစုမ်ားထံ ခိုလႈံလာခဲ့ၿပီ ျဖစ္သည္။

ယခု အေရးသည္ တိုင္းရင္းသား လူမ်ိဳးစု မ်ား ႏွင့္ ျဖစ္ပြားေနသည့္ အဆင့္မွ စစ္တပ္အား ျပည္မရွိ ဗမာ တိုင္းရင္းသားမ်ားကပါ ဝိုင္းဝန္းတိုက္ခိုက္လာေနၿပီ ျဖစ္သည့္ တကယ့္ျပည္တြင္းစစ္ႀကီး အသြင္ ကူးေျပာင္းေရာက္ရွိေနၿပီ ျဖစ္သည္။

ေတာ္လွန္ေရး ကို ဆင္ႏႊဲေနေသာ ျပည့္သူ ကာကြယ္ေရး တပ္မ်ားအဖို႔ ေတာ္လွန္ေရး ေအာင္ျမင္ရန္ အခ်က္ ႏွစ္ခ်က္ အေပၚ အမွီျပဳကာ တိုက္ပြဲဝင္ေနၾကသည္ဟု Asia Times စာေစာင္တြင္ ေရးသားထားသည္။

ပထမ အခ်က္သည္ မိမိတို႔ အခ်င္းခ်င္း စည္းလုံးညီညြတ္စြာျဖင့္ တပ္ဦး အသြင္ ဖြဲ႕စည္းထြက္ေပၚလာေရး၊ ဒုတိယ အေနျဖင့္ အေနာက္နိုင္ငံမ်ား၊ အထူးသျဖင့္ အေမရိကန္ မွ စစ္ေရး အကူအညီမ်ား ရရွိေရး တို႔ပင္ ျဖစ္သည္ဟု ဆိုသည္။

မင္းေအာင္လွိုင္ ၏ အာဏာသိမ္းမႈ အား လိင္စိတ္ေျပာင္းလဲ‌သူမ်ားပါမက်န္ တနိုင္ငံလုံးရွိ လူထုလူတန္းစြာ ေပါင္းစုံက ၿငိမ္းခ်မ္းစြာ ကန႔္ကြက္ ဆႏၵျပခဲ့ၾကၿပီးလည္း ျဖစ္သည္။

သို႔ေသာ္ မင္းေအာင္လွိုင္၏ လက္ပါးေစတပ္မ်ားက လူမဆန္စြာ ရက္ရက္စက္စက္ သတ္ျဖတ္ ေခ်မႉန္းခဲ့ၾကသည္။ ဒုတိယ ကမၻာစစ္အတြင္း ဖက္ဆစ္ ဂ်ပန္တို႔ထက္ပင္ အပုံႀကီး ဆိုးဝါးလာခဲ့သည္။

ဤသို႔ျဖင့္ မင္းေအာင္လွိုင္သည္ တနိုင္ငံလုံးမွ နာမည္ မၾကားခ်င္ေလာက္ေအာင္ ရြံရွာ မုန္းတီးျခင္း ခံခဲ့ရၿပီး နာမည္ အတိုေကာက္စာလုံးကို အခြင့္ေကာင္းယူကာ ဆဲဆိုခံေနရသည္ဟု စာေစာင္က ဆက္လက္ေရးသားထားသည္။

ယခုအခ်ိန္အထိ ႐ုရွား၊ တ႐ုတ္၊ အီရန္တို႔မွ လက္နက္မ်ား ေထာက္ပံ့ေနေသာ္လည္း ျပည္သူ႔ ေတာ္လွန္ေရး အင္အားစုမ်ား အဖို႔ အေနာက္အုပ္စုမွ ပါးစပ္ႏွင့္ ေထာက္ခံေနသည့္ အဆင့္သာ ရွိသည္၊ ၎တို႔က လက္နက္ကိုင္ ေတာ္လွန္ေရး ကို အားမေပးလို၊ ၿငိမ္းခ်မ္းစြာ ျဖင့္ အသြင္ကူးေျပာင္းသြားနိုင္ေရးသာ လိုလားၾကေသာ္လည္း ျမန္မာျပည္သူမ်ားအဖို႔က ထိုသို႔ ျဖစ္လာသည့္အထိ မည္သို႔မၽွ ေစာင့္ဆိုင္း၍ မရေတာ့သည့္ အေျခအေနမ်ိဳး ဆိုက္လာခဲ့သည္။

လက္နက္မ်ားကို အိမ္နီးခ်င္း နိုင္ငံမ်ားမွ တင္သြင္းဖို႔လည္း မျဖစ္နိူင္၍ ေမွာင္ခိုေဈးမွ ေဈးႀကီးေပး ဝယ္ယူေနရေသာ္လည္း အလြယ္တကူ ရနိုင္ဖို႔ ခက္ခဲေနျပန္သည္။ PDF အမ်ားစုသည္ တူမီးမ်ား၊ အေဝးထိန္း မိုင္းမ်ား၊ အရပ္သုံး ဒ႐ုံးမ်ား ျဖင့္ စစ္တပ္ကို ရင္ဆိုင္ေနရသည္က မ်ားသည္၊ ၎တို႔၏ အားသာခ်က္က နယ္ေၿမ ကၽြမ္းက်င္မႈ သာ ရွိေပသည္။

သို႔ေသာ္ စစ္တပ္ကိုအနိုင္တိုက္နိုင္မွ ျဖစ္မည္ဟူေသာ ခံယူခ်က္မ်ား က မိုးထိေအာင္ ျမင့္မားေနၾကသည္။ ၂၀၂၁ ေဖေဖၚဝါရီ ၁ ရက္ ေန႔ အာ႐ုံမက်င္းမီကပင္ ၎တို႔၏ အနာဂတ္ အစိတ္စိတ္ အမႊာမႊာ ပ်က္ဆီးသြားခဲ့ၿပီး ျဖစ္၍ မိမိတို႔ ရရွိခဲ့ၿပီးေသာ လြတ္လပ္ခြင့္ ႏွင့္ ေမၽွာ္လင့္ခ်က္မ်ားကို မိမိတို႔ဖာသာ တိုက္ယူမွ ျပန္လည္ရရွိ နိုင္မည္ကို သိရွိ နားလည္လာၾက၍ လည္း ျဖစ္သည္။

႐ုရွား ႏွင့္ အီရန္ မွ ေထာက္ပံ့ေနေသာ ဒုံးက်ည္မ်ား၊ ေခတ္မီ လက္နက္မ်ားေၾကာင့္ ျပည္သူမ်ား အသက္လု ေျပးလႊားေနရခ်ိန္တြင္ အေမရိကန္ ႏွင့္ အေနာက္နိုင္ငံမ်ားက ဒီမိုကေရစီ တရားမ်ား ေဟာၾကားေနၿပီး စစ္ေကာင္စီအား ထုံးစံ အတိုင္း စီးပြားေရး ဒဏ္ခတ္သည့္ အဆင့္က တက္မလာၾကေသးေပ၊ အေနာက္နိုင္ငံမ်ား၏ ကိုယ္က်ိဳးသာ ၾကည့္တတ္သည့္ ေလာဘစိတ္ကို မွန္ကန္စြာ သုံးသပ္ ခန႔္မွန္းနိုင္ခဲ့သူမ်ားက စစ္ဗိုလ္ခ်ဳပ္မ်ားပင္ ျဖစ္သည္ဟု ဆိုရမလို ျဖစ္‌လာေနသည္။

၎တို႔ကဲ့သို႔ တရားဥပေဒ စိုးမိုးၿပီး ေအးခ်မ္းလုံျခဳံစြာ ေနရသူမ်ား အဖို႔က ေရႊျပည္ေအး တရား ေဟာရသည္မွာ လြယ္ကူလွေသာ္လည္း တရားလက္လြတ္ ထင္တိုင္းၾကဲေနသည့္ စစ္ေကာင္စီ ႏွင့္၎တို႔၏ လက္ပါးေစမ်ား ေအာက္ ေနၾကရသူမ်ား အဖို႔က အသက္တေခ်ာင္းကို ရွာႀကံ ေမြးေနၾကရသည္၊ ထိုသို ေရႊျပည္ေအးတရား ေဟာေနသူမ်ား၏ အျဖစ္က ဆာေလာင္မြတ္သိပ္ေနေသာ ေျမေခြးအား ၎ ပါးစပ္ထဲ ကိုက္ခ်ီထားေသာ သားေကာင္၏ အသက္ကို ခ်မ္းသာေပးရန္ ေျပာဆိုေနသည့္ အျဖစ္ႏွင့္ အလား သ႑န္တူေနသည္ဟု Asia Times က ဆက္လက္ေရးသားထားသည္။

ဒီမိုကေရစီ အေရး၊ လြတ္လပ္ခြင့္၊ တရားမၽွတမႈ တို႔ အတြက္ တိုက္ပြဲဝင္ေနၾကေသာ ျမန္မာျပည္သူမ်ားအား ဒီမိုကေရစီ နိုင္ငံႀကီးမ်ားက လက္ပိုက္ၾကည့္ေနၾကသည့္အျဖစ္သည္ ျမန္မာကဲ့သို႔ ဒီမိုကေရစီ လိုလားေသာ အျခားနိုင္ငံရွိ ျပည္သူမ်ား အတြက္ စံနမူနာ ျဖစ္လာေန၍ အာဏာရွင္ စနစ္ သက္‌ဆိုးရွည္ေအာင္ ေျမေတာင္ ေျမႇာက္ေပးေနသည္ႏွင့္ မျခား ျဖစ္လာေနရသည္။

မည္သို႔ပင္ ဆိုေစ ျမန္မာတို႔၏ ေတာ္လွန္ေရးကာ မလႊဲမေသြ ေအာင္ပြဲခံၾကမည္သာ ျဖစ္သည္၊ မည္သည့္ အခ်ိန္ဆိုသည္ကား NUG, PDF ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္မ်ား တေပါင္းတစည္းတည္း ဆန႔္က်င္လာနိုင္မႈ ႏွင့္ အေနာက္နိုင္ငံမ်ား၏ ပံ့ပိုးလာမႈ အေပၚတည္မွီေနေပသည္။

(ထိုသို႔ အေနာက္နိုင္ငံမ်ား၏ တုံဏွိဘာေဝ နိုင္မႈ ဖက္မွ ဆင္ေၿခ ေပးလိုသည့္ apologists မ်ားက ဒလန္၊ ပ်ဳေစာထီးမ်ား အေပၚ တိုက္ခိုက္ေနျခင္းကို ေရွာင္ရွားမွသာ ျဖစ္မည္ဟု ေျပာဆိုလာၾကျပန္သည္)

လက္ရွိ ဆင္ႏႊဲေနေသာ ေတာ္လွန္ေရးႀကီးသည္ NUG အတြက္လည္း မဟုတ္၊ မည္သည့္နိုင္ငံေရး လႈပ္ရွားမႈ မ်ိဳး ႏွင့္လည္း မဆိုင္၊ လြတ္လပ္ေသာ နိုင္ငံသားမ်ား အျဖစ္ လူခ်င္းတူတူ သူခ်င္းမၽွမၽွ ေနထိုင္ခြင့္ ရေရး အတြက္သာ ျဖစ္သည္ကို သတိမူၾကရမည္ ျဖစ္သည္ဟု ဆိုသည္။

‌ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!

Image credit – Spring Revolution by Thu Ra Kyaw via

မြန်မာ အရေး အာဆီယံ မတတ်နိုင်တော့ဟု ဆို

ထိုင်း နိုင်ငံ တွင် ရောက်ရှိနေသော မလေးရှား ဝန်ကြီးချုပ် အစ္စမေး သည် ထိုင်း ဝန်ကြီးချုပ် နှင့် ဆွေးနွေးအပြီး ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာတို့ ငြိမ်းချမ်းရေး လိုလားပါက မိမိတို့ ပြဿနာကို မိမိတို့သာ ဖြေရှင်းရန် ကျန်တော့ကြောင်း၊ ထို့အတွက် အာဆီယံ၏ မူငါးချက်ကိုသာ ချက်ခြင်းလက်ငင်း အကောင်အထည် ဖေါ်ဖို့ လိုအပ်လာကြောင်း၊ အာဆီယံသည် အခြားနိူင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကျင့်သုံး သည့် အတွက် မြန်မာပြည်သူများ၏ အကျိုး အတွက် မိမိတို့ အချင်းချင်း ချစ်ကြည်စွာ ဖြေရှင်းရမည် ဟု ဆိုသည်။

သို့သော် မလေးရှားဝန်ကြီးချုပ်က ရိုဟင်ဂျာ အရေး သည် ဒေသတွင်း နှင့် နိုင်ငံတကာ ပြဿနာ ဖြစ်သည်ဟု ပြောဆိုသွားပြန်သည်။

မြန်မာပြည်တွင်း တွင်တော့ စစ်အာဏာရှင်များအား ဆန့်ကျင်တွန်းလှန် တိုက်ခိုက်နေမှုများက နှစ်ပေါင်း ၆၀ အတွင်း တခါမျှ မကြုံဖူးအောင် ပြင်းထန်လာလျက် ရှိနေပြီ ဖြစ်သည်။ စစ်ကောင်စီ ဖက်မှ တပ်ရင်းမှုး အဆင့်ရှိသူ ဒုတိယ ဗိုလ်မှုးကြီး တဦး ပြည်သူ့ တော်လှန်ရေး အင်အားစုများထံ ခိုလှုံလာခဲ့ပြီ ဖြစ်သည်။

ယခု အရေးသည် တိုင်းရင်းသား လူမျိုးစု များ နှင့် ဖြစ်ပွားနေသည့် အဆင့်မှ စစ်တပ်အား ပြည်မရှိ ဗမာ တိုင်းရင်းသားများကပါ ဝိုင်းဝန်းတိုက်ခိုက်လာနေပြီ ဖြစ်သည့် တကယ့်ပြည်တွင်းစစ်ကြီး အသွင် ကူးပြောင်းရောက်ရှိနေပြီ ဖြစ်သည်။

တော်လှန်ရေး ကို ဆင်နွှဲနေသော ပြည့်သူ ကာကွယ်ရေး တပ်များအဖို့ တော်လှန်ရေး အောင်မြင်ရန် အချက် နှစ်ချက် အပေါ် အမှီပြုကာ တိုက်ပွဲဝင်နေကြသည်ဟု Asia Times စာစောင်တွင် ရေးသားထားသည်။

ပထမ အချက်သည် မိမိတို့ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တပ်ဦး အသွင် ဖွဲ့စည်းထွက်ပေါ်လာရေး၊ ဒုတိယ အနေဖြင့် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန် မှ စစ်ရေး အကူအညီများ ရရှိရေး တို့ပင် ဖြစ်သည်ဟု ဆိုသည်။

မင်းအောင်လှိုင် ၏ အာဏာသိမ်းမှု အား လိင်စိတ်ပြောင်းလဲ‌သူများပါမကျန် တနိုင်ငံလုံးရှိ လူထုလူတန်းစွာ ပေါင်းစုံက ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးလည်း ဖြစ်သည်။

သို့သော် မင်းအောင်လှိုင်၏ လက်ပါးစေတပ်များက လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ် ချေမှူန်းခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ် ဂျပန်တို့ထက်ပင် အပုံကြီး ဆိုးဝါးလာခဲ့သည်။

ဤသို့ဖြင့် မင်းအောင်လှိုင်သည် တနိုင်ငံလုံးမှ နာမည် မကြားချင်လောက်အောင် ရွံရှာ မုန်းတီးခြင်း ခံခဲ့ရပြီး နာမည် အတိုကောက်စာလုံးကို အခွင့်ကောင်းယူကာ ဆဲဆိုခံနေရသည်ဟု စာစောင်က ဆက်လက်ရေးသားထားသည်။

ယခုအချိန်အထိ ရုရှား၊ တရုတ်၊ အီရန်တို့မှ လက်နက်များ ထောက်ပံ့နေသော်လည်း ပြည်သူ့ တော်လှန်ရေး အင်အားစုများ အဖို့ အနောက်အုပ်စုမှ ပါးစပ်နှင့် ထောက်ခံနေသည့် အဆင့်သာ ရှိသည်၊ ၎င်းတို့က လက်နက်ကိုင် တော်လှန်ရေး ကို အားမပေးလို၊ ငြိမ်းချမ်းစွာ ဖြင့် အသွင်ကူးပြောင်းသွားနိုင်ရေးသာ လိုလားကြသော်လည်း မြန်မာပြည်သူများအဖို့က ထိုသို့ ဖြစ်လာသည့်အထိ မည်သို့မျှ စောင့်ဆိုင်း၍ မရတော့သည့် အခြေအနေမျိုး ဆိုက်လာခဲ့သည်။

လက်နက်များကို အိမ်နီးချင်း နိုင်ငံများမှ တင်သွင်းဖို့လည်း မဖြစ်နိူင်၍ မှောင်ခိုဈေးမှ ဈေးကြီးပေး ဝယ်ယူနေရသော်လည်း အလွယ်တကူ ရနိုင်ဖို့ ခက်ခဲနေပြန်သည်။ PDF အများစုသည် တူမီးများ၊ အဝေးထိန်း မိုင်းများ၊ အရပ်သုံး ဒရုံးများ ဖြင့် စစ်တပ်ကို ရင်ဆိုင်နေရသည်က များသည်၊ ၎င်းတို့၏ အားသာချက်က နယ်မြေ ကျွမ်းကျင်မှု သာ ရှိပေသည်။

သို့သော် စစ်တပ်ကိုအနိုင်တိုက်နိုင်မှ ဖြစ်မည်ဟူသော ခံယူချက်များ က မိုးထိအောင် မြင့်မားနေကြသည်။ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် နေ့ အာရုံမကျင်းမီကပင် ၎င်းတို့၏ အနာဂတ် အစိတ်စိတ် အမွှာမွှာ ပျက်ဆီးသွားခဲ့ပြီး ဖြစ်၍ မိမိတို့ ရရှိခဲ့ပြီးသော လွတ်လပ်ခွင့် နှင့် မျှော်လင့်ချက်များကို မိမိတို့ဖာသာ တိုက်ယူမှ ပြန်လည်ရရှိ နိုင်မည်ကို သိရှိ နားလည်လာကြ၍ လည်း ဖြစ်သည်။

ရုရှား နှင့် အီရန် မှ ထောက်ပံ့နေသော ဒုံးကျည်များ၊ ခေတ်မီ လက်နက်များကြောင့် ပြည်သူများ အသက်လု ပြေးလွှားနေရချိန်တွင် အမေရိကန် နှင့် အနောက်နိုင်ငံများက ဒီမိုကရေစီ တရားများ ဟောကြားနေပြီး စစ်ကောင်စီအား ထုံးစံ အတိုင်း စီးပွားရေး ဒဏ်ခတ်သည့် အဆင့်က တက်မလာကြသေးပေ၊ အနောက်နိုင်ငံများ၏ ကိုယ်ကျိုးသာ ကြည့်တတ်သည့် လောဘစိတ်ကို မှန်ကန်စွာ သုံးသပ် ခန့်မှန်းနိုင်ခဲ့သူများက စစ်ဗိုလ်ချုပ်များပင် ဖြစ်သည်ဟု ဆိုရမလို ဖြစ်‌လာနေသည်။

၎င်းတို့ကဲ့သို့ တရားဥပဒေ စိုးမိုးပြီး အေးချမ်းလုံခြုံစွာ နေရသူများ အဖို့က ရွှေပြည်အေး တရား ဟောရသည်မှာ လွယ်ကူလှသော်လည်း တရားလက်လွတ် ထင်တိုင်းကြဲနေသည့် စစ်ကောင်စီ နှင့်၎င်းတို့၏ လက်ပါးစေများ အောက် နေကြရသူများ အဖို့က အသက်တချောင်းကို ရှာကြံ မွေးနေကြရသည်၊ ထိုသို ရွှေပြည်အေးတရား ဟောနေသူများ၏ အဖြစ်က ဆာလောင်မွတ်သိပ်နေသော မြေခွေးအား ၎င်း ပါးစပ်ထဲ ကိုက်ချီထားသော သားကောင်၏ အသက်ကို ချမ်းသာပေးရန် ပြောဆိုနေသည့် အဖြစ်နှင့် အလား သဏ္ဍန်တူနေသည်ဟု Asia Times က ဆက်လက်ရေးသားထားသည်။

ဒီမိုကရေစီ အရေး၊ လွတ်လပ်ခွင့်၊ တရားမျှတမှု တို့ အတွက် တိုက်ပွဲဝင်နေကြသော မြန်မာပြည်သူများအား ဒီမိုကရေစီ နိုင်ငံကြီးများက လက်ပိုက်ကြည့်နေကြသည့်အဖြစ်သည် မြန်မာကဲ့သို့ ဒီမိုကရေစီ လိုလားသော အခြားနိုင်ငံရှိ ပြည်သူများ အတွက် စံနမူနာ ဖြစ်လာနေ၍ အာဏာရှင် စနစ် သက်‌ဆိုးရှည်အောင် မြေတောင် မြှောက်ပေးနေသည်နှင့် မခြား ဖြစ်လာနေရသည်။

မည်သို့ပင် ဆိုစေ မြန်မာတို့၏ တော်လှန်ရေးကာ မလွှဲမသွေ အောင်ပွဲခံကြမည်သာ ဖြစ်သည်၊ မည်သည့် အချိန်ဆိုသည်ကား NUG, PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တပေါင်းတစည်းတည်း ဆန့်ကျင်လာနိုင်မှု နှင့် အနောက်နိုင်ငံများ၏ ပံ့ပိုးလာမှု အပေါ်တည်မှီနေပေသည်။

(ထိုသို့ အနောက်နိုင်ငံများ၏ တုံဏှိဘာဝေ နိုင်မှု ဖက်မှ ဆင်ခြေ ပေးလိုသည့် apologists များက ဒလန်၊ ပျုစောထီးများ အပေါ် တိုက်ခိုက်နေခြင်းကို ရှောင်ရှားမှသာ ဖြစ်မည်ဟု ပြောဆိုလာကြပြန်သည်)

လက်ရှိ ဆင်နွှဲနေသော တော်လှန်ရေးကြီးသည် NUG အတွက်လည်း မဟုတ်၊ မည်သည့်နိုင်ငံရေး လှုပ်ရှားမှု မျိုး နှင့်လည်း မဆိုင်၊ လွတ်လပ်သော နိုင်ငံသားများ အဖြစ် လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ခွင့် ရရေး အတွက်သာ ဖြစ်သည်ကို သတိမူကြရမည် ဖြစ်သည်ဟု ဆိုသည်။

‌ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

Image credit – Spring Revolution by Thu Ra Kyaw via

Leave a Reply

Your email address will not be published.