ဒိုင်သုံးဦးအဆုံးအဖြတ်ဖြင့် ရှုံးနှိမ့်ခဲ့တဲ့ အောင်လအင်ဆန်

မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအင်ဆန်သည် ရုရှားဖိုက်တာ ဗစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြစ်ရှုံးနှိမ့်သွားသည်။

ငါးမိနစ်သုံးချီထိုးသတ်ရာ ဒိုင်သုံးဦးလုံးက ဘစ်ဒက်ရှ်ကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ပထမအချီတွင် အောင်လအင်ဆန်က ခေါင်းနောက်ပိုင်းတွင် ထိုးခံရသဖြင့် ဒိုင်က ပွဲကို ခေတ္တရပ်နားခဲ့ရသည်။ ဒုတိယအချီနှင့် တတိယအချီတွင် အောင်လအင်ဆန်ကို ဘစ်ဒက်ရှ်၏ လှဲချနိုင်ခဲ့ပြီး ပွဲ၏အချိန်အများစုကို ထိန်းချုပ်ထားခဲ့သည်။

မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်း နှစ်ဦးဖြစ်သည့် အောင်လအင်ဆန် နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် ၂၀၁၇ ခုနစ်က နှစ်ကြိမ်ထိုးသတ်ခဲ့ပြီး တစ်ကြိမ်စီ အနိုင်ရရှိထားကြသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် အောင်လအင်ဆန်သည် ယနေ့ည ပွဲစဉ်အပါအဝင် MMA ပွဲပေါင်း (၄၁) ယှဉ်ပြိုင်ခဲ့ရာ (၂၇)ပွဲ နိုင်ထားပြီး (၁၃) ပွဲရှုံးထားသည်။

တစ်ဆက်တည်း ယနေ့ည၏ One Championship ၏ Full Circle ပြိုင်ပွဲတွင် အဓိကထိုးသတ်မည့် နောက်ဆုံး တွဲဆိုင်းမှာ နယ်သာလန်ဖိုက်တာနှင့် ကာဇက်စတန်ဖိုက်တာတို့နှစ်ဦး၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်စိန်ခေါ်ပွဲဖြစ်ပြီး အနိုင်ရရှိသူကို ဗစ်တာလီဘစ်ဒက်ရှ်က စိန်ခေါ်ထိုးသတ်ခွင့်ရရှိမည်ဖြစ်သည်။

The 74 Media

ဒိုင္သုံးဦးအဆုံးအျဖတ္ျဖင့္ ရႈံးႏွိမ့္ခဲ့တဲ့ ေအာင္လအင္ဆန္

ျမန္မာ့ဂုဏ္ေဆာင္ MMA ကစားသမား ေအာင္လအင္ဆန္သည္ ႐ုရွားဖိုက္တာ ဗစ္တာလီ ဘစ္ဒက္ရွ္ကို ဒိုင္အဆုံးအျဖစ္ရႈံးႏွိမ့္သြားသည္။

ငါးမိနစ္သုံးခ်ီထိုးသတ္ရာ ဒိုင္သုံးဦးလုံးက ဘစ္ဒက္ရွ္ကို အနိုင္ေပးခဲ့ျခင္းျဖစ္သည္။

ပထမအခ်ီတြင္ ေအာင္လအင္ဆန္က ေခါင္းေနာက္ပိုင္းတြင္ ထိုးခံရသျဖင့္ ဒိုင္က ပြဲကို ေခတၱရပ္နားခဲ့ရသည္။ ဒုတိယအခ်ီႏွင့္ တတိယအခ်ီတြင္ ေအာင္လအင္ဆန္ကို ဘစ္ဒက္ရွ္၏ လွဲခ်နိုင္ခဲ့ၿပီး ပြဲ၏အခ်ိန္အမ်ားစုကို ထိန္းခ်ဳပ္ထားခဲ့သည္။

မစ္ဒယ္ဝိတ္တန္းခ်န္ပီယံေဟာင္း ႏွစ္ဦးျဖစ္သည့္ ေအာင္လအင္ဆန္ ႏွင့္ ဗစ္တာလီဘစ္ဒက္ရွ္တို႔သည္ ၂၀၁၇ ခုနစ္က ႏွစ္ႀကိမ္ထိုးသတ္ခဲ့ၿပီး တစ္ႀကိမ္စီ အနိုင္ရရွိထားၾကသည္။

အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္သည့္ ေအာင္လအင္ဆန္သည္ ယေန႔ည ပြဲစဥ္အပါအဝင္ MMA ပြဲေပါင္း (၄၁) ယွဥ္ၿပိဳင္ခဲ့ရာ (၂၇)ပြဲ နိုင္ထားၿပီး (၁၃) ပြဲရႈံးထားသည္။

တစ္ဆက္တည္း ယေန႔ည၏ One Championship ၏ Full Circle ၿပိဳင္ပြဲတြင္ အဓိကထိုးသတ္မည့္ ေနာက္ဆုံး တြဲဆိုင္းမွာ နယ္သာလန္ဖိုက္တာႏွင့္ ကာဇက္စတန္ဖိုက္တာတို႔ႏွစ္ဦး၏ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္စိန္ေခၚပြဲျဖစ္ၿပီး အနိုင္ရရွိသူကို ဗစ္တာလီဘစ္ဒက္ရွ္က စိန္ေခၚထိုးသတ္ခြင့္ရရွိမည္ျဖစ္သည္။

The 74 Media

 

Leave a Reply

Your email address will not be published.