ထူးျခားတဲ့ ကိုယ္ပိုင္စတိုင္နဲ႔ သီခ်င္းေတြကို ျမဴးျမဴးႂကြႂကြ သီဆိုတတ္တဲ့ အဆိုေတာ္မေလး အ မြန္းကေတာ့

လူငယ္ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရွိထားသူတစ္ေယာက္ ျဖစ္ပါ တယ္။

အမြန္းကေတာ့ သူမရဲ့ ဂီတလမ္းေၾကာင္းေလၽွာက္လွမ္းမႈကို သာမက သူမရဲ့ အခ်စ္ေရးနဲ႔ ပက္သတ္ၿပီးလည္း

ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပထားတာပဲ ျဖစ္ပါတယ္။

အန္းရဲ့ ခ်စ္ သူကေတာ့ တိုင္းတစ္ပါးသားျဖစ္ေပမယ့္ အမြန္းကို အရမ္းခ်စ္ၿပီး မိသားစုရဲ့ ဓေလ့ရိုးရာ

အစဥ္ အလာကို ေလးစားစြာ လိုက္နာတတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ အမြန္းက သူမရဲ့ ခင္ပြန္းျဖစ္သူျပင္သစ္လူမ်ိဳးဆီက ျမန္မာလို စိတ္ပ်က္ၿငီးတြားသံကိုၾကားရတာေၾကာင့္

သေဘာက်မဆုံးျဖစ္ေနပုံကို “အိမ္ေရွ႕မွာ ပြစိပြစိထြက္ေျပာေနလို႔ ဘာမ်ားလဲမွတ္တယ္ ..

အမွိုက္ကားကိုထြက္ေအာ္ေနတာ “ သြားလိုက္ေတာ့ “ ဆိုပဲ သူအ

လုပ္လုပ္ေနတာ နားညီးလို႔တဲ့ .. စြာ့တာဆိုတာ 😆” ဆိုၿပီး ဗီဒီယိုေလးနဲ႔တကြ ေျပာလာ တာပဲျဖစ္ပါတယ္။

အမြန္းကေတာ့ ခင္ပြန္းျဖစ္သူဆီက ျမန္မာလို စိတ္ပ်က္ညီးတြားပုံကို ၾကားရတာေၾကာင့္ ေတာ္ေတာ္ေလး သေဘာက်ခဲ့ရ တာပဲျဖစ္ပါတယ္။

အမြန္းတို႔ ဇနီးေမာင္ႏွံကေတာ့ တကယ့္ကိုလိုက္လည္းလိုက္ဖက္ပါတယ္ေနာ္။

Source: Ah Moon’s fb

Credit ; Myanmar Celebrities

ထူးခြားတဲ့ ကိုယ်ပိုင်စတိုင်နဲ့ သီချင်းတွေကို မြူးမြူးကြွကြွ သီဆိုတတ်တဲ့ အဆိုတော်မလေး အ မွန်းကတော့

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါ တယ်။

အမွန်းကတော့ သူမရဲ့ ဂီတလမ်းကြောင်းလျှောက်လှမ်းမှုကို သာမက သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း

ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတာပဲ ဖြစ်ပါတယ်။

အန်းရဲ့ ချစ် သူကတော့ တိုင်းတစ်ပါးသားဖြစ်ပေမယ့် အမွန်းကို အရမ်းချစ်ပြီး မိသားစုရဲ့ ဓလေ့ရိုးရာ

အစဉ် အလာကို လေးစားစွာ လိုက်နာတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အမွန်းက သူမရဲ့ ခင်ပွန်းဖြစ်သူပြင်သစ်လူမျိုးဆီက မြန်မာလို စိတ်ပျက်ငြီးတွားသံကိုကြားရတာကြောင့်

သဘောကျမဆုံးဖြစ်နေပုံကို “အိမ်ရှေ့မှာ ပွစိပွစိထွက်ပြောနေလို့ ဘာများလဲမှတ်တယ် ..

အမှိုက်ကားကိုထွက်အော်နေတာ “ သွားလိုက်တော့ “ ဆိုပဲ သူအ

လုပ်လုပ်နေတာ နားညီးလို့တဲ့ .. စွာ့တာဆိုတာ 😆” ဆိုပြီး ဗီဒီယိုလေးနဲ့တကွ ပြောလာ တာပဲဖြစ်ပါတယ်။

အမွန်းကတော့ ခင်ပွန်းဖြစ်သူဆီက မြန်မာလို စိတ်ပျက်ညီးတွားပုံကို ကြားရတာကြောင့် တော်တော်လေး သဘောကျခဲ့ရ တာပဲဖြစ်ပါတယ်။

အမွန်းတို့ ဇနီးမောင်နှံကတော့ တကယ့်ကိုလိုက်လည်းလိုက်ဖက်ပါတယ်နော်။

Source: Ah Moon’s fb

Credit ; Myanmar Celebrities

 

Leave a Reply

Your email address will not be published.